အခန်း (၁၄၈)
Vol. 10 Ch. 148
“ကောင်းတယ်, အရမ်းကောင်းတယ်။ မင်းကို ငါရွေးတာ မမှားခဲ့ဘူး ။ နောက်ဆုံးတော့ မင်းငါ့ကို အံ့အားသင့်စေခဲ့တယ်။”
ကျီဟုန်ဘင်း ရယ်လိုက်သည်။
“အရမ်းကောင်းတယ်။ ဤကာလအတွင်းမှာ ရင်ထျန်းဖန်စီ မင်းမသွားနဲ့.... မီးဒြပ်စင်အပေါ်မှာ မင်းရဲ့ထိန်းချုပ်မှုကို တိုးမြှင့်ဖို့ ငါအာရုံစိုက်ချင်တယ်၊ ပြီးတော့ ဒီဒြပ်စင်နှစ်ခုကို တစ်ခုနဲ့တစ်ခု အပြန်အလှန်အားဖြည့်ပြီး... မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်စေချင်တယ်။”
ထိုအချိန်တွင် အသံတစ်ခုကြားလိုက်ရသည်။
“ဘာလဲ? သူ အခုမှ ပြန်လာတာ...အဲ့တာကို... မင်း သူ့ကို လုယူနေပြီလား ? အရှက်မရှိတဲ့အဘိုးကြီး “
လန်ရွမ်းယု ကမန်းကတန်း လှည့်ပြီး ဦးညွှတ်လိုက်သည်။ “ဆရာရင်”
“မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ရွမ်းယု က အခုမှပြန်လာတာ... မင်းက သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားနေပြီ။ မင်းဘယ်လိုလုပ်တာလဲ? ငါတို့ သဘောတူညီချက်ထားထားတာကိုမမေ့နဲ့”
ကျီဟုန်ဘင်းဒေါသထွက်လာသည်။
“လူမိုက်ကောင်.....မင်း မတွေ့ဘူးလား။ ရွမ်းယုရဲ့ ၏ ဒုတိယဝိညာဥ်စွမ်းရည်က မီးဒြပ်စင်ကို ထိန်းချုပ်နိုင်ခြင်းပဲ..... အဲဒါ ဘာကိုဆိုလိုလဲ မင်းမသိဘူး? မင်းက တကယ်ရူးနေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ!”
တကယ်တော့ ရင်ထျန်းဖန်သည် ထိုအရာများကိုအဝေးကတည်းကမြင်ပြီးသားဖြစ်သည်။ သိူ့သော် သူ့တွင်လည်းအကြံတစ်ခုရှိနေလေရာ အလျော့မပေးနိုင်ပဲရှိနေလေသည်။
“တိုက်ပွဲမစခင် မင်းရဲ့ လှံကို ချွန်ဖို့ နောက်ကျသွားပြီ။ သူက အဆင့် 20 ပဲရှိသေးတယ်၊ အဆင့် 30 အုပ်စုနဲ့ ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။ ပဏာမစမ်းသပ်မှုကလည်း ရက်အနည်းငယ်အတွင်းမှာ စတင်တော့မှာ....ပီးရင် အခြားဂြိုလ်က လူငယလအားလုံးနဲ့ယှဉ်ပြိုင်ရမှာ....ဒီလိုအချိန်တိုလေးအတွင်းမှာ သူ့ကို မင်း ဘာသင်ပေးနိုင်မှာလဲ” ရင်ထျန်းဖန်က ဖြစ်နိုင်သည်များကိုပြောလေသည်။
သို့သော် ကျီဟုန်ဘင်းကလည်းမလျော့ပေ
“တိုက်ပွဲမစခင် ငါလှံကို မချွန်နိုင်ရင်တောင် ပိုတောက်ပလာအောင်အရောင်တင်ပေးနိုင်မှာ သေချာတယ်။ “
လန်ရွမ်းယု သည် ဘေးနားတွင် ရပ်နေသည်။ သူသည် ဤနှစ်ယောက်၏ ရန်ပွဲများကိုမြင်ရသည်မှာ ရိုးအီနေပြီဖြစ်သည်။
ရင်ထျန်းဖန် က
“ဒါတွေအားလုံးက မင်းရဲ့စိတ်ကူးယဉ်စိတ်ကူးတွေချည်းပဲ။ အခု ရွမ်းယု ငါ့စီက သင်ယူခဲ့တဲ့အရာကို လက်တွေ့အကောင်အထည်ဖော်နိုင်နေပြီ... သူ့ကို အာကာသကွပ်ကွဲရေးဋ္ဌာနမှာ စာရင်းသွင်းနိုင်မှာကို ငါအာမခံနိုင်တယ်။ မင်းကရော သူ တိုက်ပွဲသံချပ်ကာမာစတာဋ္ဌာန ထဲကို ဝင်နိုင်မယ်လို့ အာမခံနိုင်လား။
ကျီဟုန်ဘင်း က ဒေါသတကြီးနဲ့
“ ယုတ်မာမနေနဲ့ မင်းက ဘယ်လို အာမခံနိုင်မှာလဲ “
ရင်ထျန်းဖန် ရယ်မောလိုက်သည်။
“ငါ မင်းကို အရာတစ်ခုပြပါရစေ။”
ရင်ထျန်းဖန်လက်ထဲတွင် ဝိညာဥ်ဖန်သားပြင်တစ်ခုပေါ်လာပြီး အာကာသကြီးကိုပြသထားသည်။ ထို့နောက် အာကာသတိုက်လေယာဥ်တစ်စီးသည် စက်ရုပ်လေးခုနှင့်အာကာသထဲတွင်တိုက်ခိုက်နေသည်ကိုပြသထားသည်။
အာကာသ စစ်သင်္ဘောကို ပထမဆုံးအကြိမ် မောင်းနှင်ပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် လန်ရွမ်းယု၏ မှတ်တမ်းဖြစ်သည်။
စက်ရုပ် နှစ်ခုကိုလည်း လျင်မြန်စွာ ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက်မှတ်တမ်း ပြီးဆုံးသွားသည်။
ကျီဟုန်ဘင်းသည် ထိုအခါ လန်ရွမ်းယုဘက်သို့လှည့်ကာ
“အဲဒါ မင်းလား?”
ရွမ်းယု ခေါင်းညိတ်လိုက်သည် ။
“ဒီမှတ်တမ်းက ဋ္ဌာနချုပ်ကပို့ပေးထားတာ....ဒိလိုထိန်းချုပ်ရေးကျွမ်းကျင်မှုကိုပြထားတာ...အာကာသယာဉ်ကွပ်ကဲရေးဋ္ဌာနက ရွမ်းယုကိုစိတ်ဝင်စားနေတယ် ...မင်းသိလား..”
ကျီဟုန်ဘင်း ငြိမ်သွားသည်။ ရင်ထျန်းဖန်သည်လိမ်ပြောမည့်လူမဟုတ်ပေ။
အစတွင်... မျှော်လင့်ချက်ပျောက်ဆုံးနေသော ကျီဟုန်ဘင်းသည် ရင်ထျန်းဖန်နှင့်ငြင်းခုံရန် အစီအစဉ်မရှိပေ။ လန်ရွမ်းယု၏ ဝိညာဉ်စွမ်းအားသည် အလွန်ဆိုးရွားသော်လည်း၊ သူ၏ ဝိညာဉ်ရေးရာစွမ်းအားသည် အလွန်ပြင်းထန်သည်။ အာကာသယာဉ်ကွပ်ကဲရေးသည် သူ့အတွက် ပိုသင့်တော်သည်
ဒါပေမယ့် အခုတော့ မတူတော့ပေ
!
သူ၏ဒုတိယ ဝိညာဥ်ကွင်း ရလာပြီး မီးဒြပ်စင်များကို ထိန်းချုပ်နိုင်ခဲ့သည်။
ဒြပ်စင်နှစ်မျိုး... ရေခဲနှင့်မီး...
သူ၏ပြင်းထန်သောဝိညာဉ်ရေးရာစွမ်းအား...
၎င်းသည် လုံးဝပြောင်းလဲမှုတစ်ခုဖြစ်သည်။
လန်ရွမ်းယု၏ လက်ရှိ ဝိညာဉ်ရေးရာ စွမ်းအားသည် ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် နီးကပ်နေပြီဖြစ်ပြီး၊ သူသည် ဝိညာဉ်ပင်လယ်နယ်ပယ်ကို ဖြတ်ကျော်ပြီးသည်နှင့် သူသည် ဒြပ်စင်ထိန်းချုပ်မှုတွင်နောက်တစ်ဆင့်တက်သွားမည်ဖြစ်သည်။ အမျိုးမျိုးသောဒြပ်စင်များအပေါ် ထိန်းချုပ်မှုသည် များပြားသောဝိညာဉ်ရေးရာစွမ်းအားရှိသည့် ရွမ်းယုကဲ့သို့လူတစ်ဦးအတွက်သာ အသင့်တော်ဆုံးဖြစ်သည်။
ထိုအချိန်တွင် လန်ရွမ်းယု ရုတ်တရက် စကားထွက်လာသည်။
“ဆရာရင် နဲ့ ဆရာကျီတို့နှစ်ယောက်ကို မေးခွန်းတစ်ခုမေးလို့ရမလား”
“ပြော”
“ယနေ့ခေတ် အဖွဲ့ချုပ်မှာ လူတစ်ယောက်ရဲ့ ခွန်အားဟာ အာကာသယာဉ်နဲ့ အမှန်တကယ် ယှဉ်နိုင်လား။ တစ်နည်းဆိုရရင် စွမ်းအားအကြီးဆုံးက တိုက်ပွဲသံချပ်ကာမာစတာလား အာကာသယာဉ်တစ်စင်းလား “
ရင်ထျန်းဖန်က မဆိုင်းမတွ
“သေချာတာပေါ့ အာကာသယာဉ်ပဲ။ ဂြိုဟ်တစ်လုံးကို ဖျက်စီးဖို့ လုံလောက်တဲ့ စွမ်းအားရှိတာ အာကာသယာဥ်ပဲရှိတယ်”
ထိုအခါ လန်ရွမ်းယု က
“လူသားတစ်ယောက်ရဲ့ အမြင့်ဆုံး ခွန်အားကကော ဂြိုလ်တစ်ခုကို ဖျက်ဆီးနိုင်ပါ့မလား”
ရင်ထျန်းဖန် က
“ဒါက မဖြစ်နိုင်ဘူး။ လူတစ်ယောက် ဘယ်လောက်ပဲ သန်မာနေပါစေ ကန့်သတ်ချက်ရှိတယ်။”
“ ဗဟုသုတနည်းလိုက်တာ ဖက်တီးရာ...မင်းက ရေတွင်းထဲက ဖားသူငယ်ပဲ ..... မသိရင် သေချာမပြောနဲ့။ သီအိုရီအရ၊ လူ့စွမ်းအား၏ အထွတ်အထိပ်က ဘာလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ လူတစ်ယောက်ဟာ အသန်မာဆုံးလူဖြစ်ခဲ့ရင်၊ သူ ဒါမှမဟုတ် သူမဟာ အာကာသယာဉ်တစ်စီးကိုတော့ ဖျက်ဆီးပစ်ဖို့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေရှိလိမ့်မယ်”
“ ဘယ်လိုဖြစ်နိုင်မှာလဲ” ရင်ထျန်းဖန် က ကဲ့ရဲ့လိုက်သည်။
“စကားလုံးခြောက်လုံး တိုက်ပွဲသံချပ်ကာမာစတာဆိုရင်တော့ မင်းဘာပြောမလဲဖက်တီး.... ကောင်းကင်ဘုံကို ဖျက်ဆီးပြီး မြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်တယ် မင်းမသိဘူးလား?”
ရင်ထျန်းဖန် မျက်ခုံးပင့်လိုက်သည်။
Endend…..