အခန်း (၁၄၇)
Vol. 10 Ch. 147
“မင်း... ဘယ်အခြေအနေမျိုးမှာမဆို စိတ်မြန်လက်မြန်မလုပ်ရဘူးဆိုတာကို သတိရပါ။ မင်း အရင်တစ်ခေါ်က အာကာသစစ်သင်္ဘောကို မောင်းခဲ့တာ ဘယ်လောက်အန္တရာယ်ကြီးလဲ သိလား။ မင်းတစ်ခုခုဖြစ်သွားရင် ဘာလိုလုပ်မလဲ။ အဲဒီအခါ ငါတို့ ဘာလုပ်မလဲ။ ဒါကြောင့် မင်းဘယ်တော့မှ မဆင်မခြင် ထပ်မလုပ်ရဘူး။ မလုပ်ခင်မှာ သေချာစဉ်းစားပြီး ကိုယ့်လုံခြုံရေးကို အရင်ဦးစားပေးရမယ်။ ဖေဖေနဲ့မေမေက မင်းအိမ်ပြန်လာတာကို စောင့်နေတုန်းဆိုတာ သတိရပါ။ နားလည်လား?”
“နားလည်ပါတယ် ဖေဖေ။ စိတ်မပူပါနဲ့ နောက်တစ်ခါ အဲ့လိုလုပ်မှာ မဟုတ်တော့ ပါဘူး။ သား ကိုယ့်ကိုကိုယ် ပိုသန်မာအောင် မြန်မြန်လုပ်မယ် ဒါမှ သား ဖေဖေတို့နှစ်ယောက်လုံးကိုကာကွယ်ပေးနိုင်မှာ “
လန်ရှောင်း ပြုံးပြီး
“သား ဖေဖေတို့ကို ကာကွယ်ဖို့အတွက် ဒီလိုမျိုး လုပ်ခဲ့တာကို ဖေဖေ သိပါတယ်။ ဒါပေမဲ့ ဖေဖေတို့ကိုဘယ်တော့မှ မလိမ်နဲ့.... ”
အိမ်တွင်တစ်ရက်အနားယူပြီးနောက် လန်ရွမ်းယုသည် အကယ်ဒမီသို့ ချက်ချင်းပြန်လာခဲ့သည်။
“ဆရာကျီ... ဆရာနဲ့ ဆရာရင် တို့နှစ်ယောက်ကို တစ်ချိန်တည်း စကားပြောလို့ရမလား”
လန်ရွမ်းယုက ကျီဟုန်ဘင်းစီသို့ချက်ချင်းသွားလေသည်။
“ရတယ် ဒါပေမဲ့ ဘာလို့လဲ?” ကျီဟုန်ဘင်း သံသယစိတ်ဖြင့် မေးလိုက်သည်။
“စကားမစပ်၊ မင်းရဲ့ ဝိညာဥ်စွမ်းအားက အဆင့်တက်တော့မယ် လက္ခဏာပေါ်လာသေးလား”
လန်ရွမ်းယု ပြုံးလိုက်သည်။
“ဆရာကျီ..အခုကျနော်က ဒုတိယဝိညာဥ်ကွင်းရသွားပြီ... ဘာကြောင့်လဲတော့မသိပေမယ့် ငါ့ရဲ့ ဝိညာဉ်ကွင်းတွေကလည်း နှစ် 100 သက်တမ်း ဝိညာဉ်ကွင်းတွေ ဖြစ်သွားတယ်”
“ဟမ်?” ကျီဟုန်ဘင်း က လန်ရွမ်းယု ကို အံ့ဩစွာ ကြည့်နေသည် ။
“နှစ် ၁၀၀ ဝိညာဉ်ကွင်း? မင်းရဲ့ စိတ်ဝိညာဉ်က ဘာလဲဆိုတာတောင် မင်းသိပ်သေချာမသိဘူးလို့ မင်းပြောခဲ့တာကို ငါမှတ်မိပါတယ်”
ဆရာတစ်ယောက်အနေနှင့် ကျီဟုန်ဘင်းသည် ရွမ်းယု၏ စိတ်ဝိဥာဉ်အကြောင်းမေးခဲ့ဖူးသည်။ ထို့ကြောင့် သူ့ရဲ့ စိတ်ဝိဉာဉ်မှာ အပင်အမျိုးအစားဖြစ်ကြောင်းကိုသာ ပြောခဲ့သည်။
လန်ရွမ်းယုသည် စကားလမ်းကြောင်းလွှဲရန် သူ့ရဲ့ဝိညာဥ်ကွင်းများကိုထုတ်လိုက်သည်။ အဝါရောင်ဝိညာဥ်ကွင်းနှစ်ကွင်းသည် လန်ရွမ်းယုခြေရင်းမှတက်လာလေသည်။
ဆရာ ကျီ အံ့ဩသွားသည်။
ငွေရောင်ငွေပြာမြက်၏ အသွင်အပြင်မှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်ကို ကျီဟုန်ဘင်းသတိပြုမိသည်။
“မင်းရဲ့ ဝိညာဥ်စွမ်းရည် ကဘာလဲ။ ငါ့ရှေ့မှာထုတ်”
လန်ရွမ်းယု၏ဒုတိယဝိညာဥ်ကွင်း တောက်ပလာပြီး မီးတောက်များ တောက်လောင်လာလေ သည်။ သူ့ထိန်းချုပ်မှုအောက်တွင် သေးငယ်သော မီးလုံးငယ်တစ်ခုသည် ကျီဟုန်ဘင်း ရှေ့တွင် ပေါ်လာသည်။
မီးတောက်များကိုမြင်သောအခါ ကျီဟုန်ဘင်း အံ့အားသင့်သွားသည်။
မီးဒြပ်စင်..... ဘာလိုဖြစ်သွားတာလဲ?
ဒါက ဘာကို ဆိုလိုတာလဲ။
“ကောင်းတယ်၊ ရေနဲ့မီး.... ဒီပြောင်းလဲမှုက အံ့သြစရာကောင်းလွန်းတယ်။”
“ဆရာ မီးနဲ့ရေက အဆင်မပြေဘူးမလား.... ဒီ နှစ်ခုကို ပေါင်းရတာ တော်တော်ဆိုးတယ်မလား”
လန်ရွမ်းယု စုံစမ်းရန် ကြိုးစားသည်။ ဒီအကြောင်းကို ဆရာကျီ ဘယ်လိုပြောမလဲ သူသိချင်သည်။
ကျီဟုန်ဘင်း က ဒေါသတကြီးနဲ့
“မိုက်လိုက်တဲ့ကောင်....မီးနဲ့ရေက လိုက်ဖက်မှုမရှိဘူးလို့ ဘယ်သူပြောတာလဲ။ တခါတရံ လိုက်ဖက်မှုမရှိခြင်းက သဟဇာတဖြစ်ခြင်းထက် ပိုကောင်းတယ်။ သဟဇာတ မဖြစ်တဲ့အရာနှစ်ခုကိုပေါင်းရင်ထွက်လာတဲ့စွမ်းအားက အရမ်းအားပြင်းတယ်..... မင်းမှာ ဒြပ်စင်စွမ်းအင်နှစ်ခုရပြီ....ကိုယ်ပိုင်ဝိညာဥ်ပေါင်းစပ်စွမ်းရည်လည်းရှိတယ်.....မင်းရဲ့ တိုက်ခိုက်မှုကို ဘယ်သူခံနိုင်မှာလဲ......ဟားဟားးးးးး!”
ကျီဟုန်ဘင်း ရွှင်မြူးကာ ကခုန်လုနီးပါးဖြစ်သွားသည်။
Endend…..