အခန်း (၁၄၆)
Vol. 10 Ch. 146
အမှန်တော့ ယွမ်ယန်သည် နာ့နာ့ကို လူသားအဆင့်ကျော်လွန်နေပြီဖြစ်ကြောင်းသံသယဝင်နေမိသည်။
ဆိုလိုသည်မှာ သူမသည် နတ်ဘုရားအဆင့်ဟုဆိုလိုခြင်းဖြစ်သည်။
နတ်ဘုရားအဆင့်ဝိညာဥ်မာစတာ....
ဝိညာဉ်ကုန်းမြေဂြိုလ်တွင် အသက်စွမ်းအားများမြှင့်တက်ပြီးနောက် နတ်ဘုရားအဆင့်ဝိညာဥ်မာစတာများပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် ယွမ်ယန်သည် နာ့နာ့အား နတ်ဘုရားအဆင့်ဝိညာဥ်မာစတာများနေထိုင်သော ဝိညာဉ်ကုန်းမြေဂြိုလ် ရှိ ရှီလိုင်ခဲ့အကယ်ဒမီသို့ခေါ်သွားလို့ခြင်းဖြစ်သည်။
နာ့နာ့သည် အကယ်ဒမီသို့ပြန်လာခဲ့သည်။
ရုံးသို့ပြန်ရောက်သောအခါ တုံချင်းရုံ သည် သူမကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
“သူက သွားပြီ။ မင်းဘာလို့စိတ်ဆိုးနေသေးတာလဲ”
တုံချင်းရုံက “သူ့ကို စိတ်မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် သူက လူကောင်းမဟုတ်ဘူး။ ဆရာမ သူ့ကို ဘာလို့ ဒီလောက်တောင် သဘောကျနေတာလဲ ငါ နားမလည်နိုင်ဘူး”
နာ့နာ့ ရယ်မောလိုက်သည်။
“မင်း စိတ်မဆိုးဘူးလည်း ပြောသေးတယ်..သူ့ကိုမကောင်းကမြင်နေတုန်း... ဒါပေမယ့် အခုကစိတ်ဆိုးရမယ့်အချိန်မဟုတ်ဘူး။ လာမဲ့စာမေးပွဲအတွက် မင်းပြင်ဆင်ရမယ်။ ရှီလိုင်ခဲ့အကယ်ဒမီကို ဝင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး”
“ဟုတ်”
နာ့နာ့က “မင်း သိချင်တာရှိရင် အချိန်မရွေးမေးလို့ရတယ်။ မင်းရှီလိုင်ခဲ့အကယ်ဒမီကိုရောက်သွားရင်တောင် အခုက ဆက်သွယ်ရေးနည်းပညာတွေ အရမ်းတိုးတက်လာတော့ ဒါက ပြဿနာဖြစ်မှာမဟုတ်ဘူး။”
တုံချင်းရုံ က နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး
“ဒါပေမယ့် ဆရာမ ငါ့အနားမှာ မရှိတော့ဘူး ဆိုရင် သူတို့ ငါ့ကို ဆင့်ခေါ်လို့မရတော့ဘူး လို့ ဆိုလိုတာလား”
နာ့နာ့ ၏ မျက်လုံးများတွင် အံ့အားသွားသည့်အရိပ်အမြွက် ပေါ်လာပြီး သူမ ရယ်မောလိုက်သည်။
“ချင်းရုံ... မင်း ရွမ်းယုကိုတကယ်သဘောကျသွားပြီလား..ဟားဟား”
“ ဒီကောင်ကို ဘယ်သူက ကြိုက်မှာလဲ။ ငါ သူ့ကို မုန်းတယ်.... ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူး…”
နာ့နာ့ ပြုံးပြီး ခေါင်းခါလိုက်သည်။
“ကောင်းပါပြီ၊ ငါ အဲ့ပြဿနာကိုဖြေရှင်းဖို့ အကြံတစ်ခုရှိတယ်”
ငွေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး တုံချင်းရုံ ဆီသို့ ပျံသန်းသွားသည်။
ဘဲဥပုံသဏ္ဍာန်ရှိသော ငွေရောင်နဂါးကြေးခွံတစ်ခုဖြစ်သည်။
“ဆရာမ ဒါက ဘာလဲ”
“အဲ့ဒါက ကြေးခွံတစ်ခုပဲ...မင်းအဲ့တာကိုသိမ်းထားပါ။ မင်းအဲ့တာကိုဆောင်ထားရင် မင်းဘေးမှာငါရှိနေတာနဲ့အတူတူပဲ....ရွမ်းယုတို့မင်းကိုဆင့်ခေါ်လို့ရလိမ့်မယ်....”
ချင်းရုံ အနည်းငယ်အံ့သြသွားသည်။ ဒီအကြောင်းကို သူမ အရင်က မကြားခဲ့ဖူးပေ။
နာ့နာ့ ပြုံးလိုက်သည်။ “မင်း သိပ်စဉ်းစားနေဖို့ မလိုဘူး၊ အဲ့တာကို မင်းအနားမှာပဲ ထားပါ။ လည်ဆွဲလိုလည်း ဝတ်ဆင်နိုင်တယ်။ ဒါ မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ။”
“ကျေးဇူးတင်ပါတယ် ဆရာမ။”
ထို့နောက် သူမသည် နာ့နာ့ ၏ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။
သူမထွက်သွားပြီးနောက် နာ့နာ့သည် သူ့ရင်ဘတ်မှ ရွှေနဂါးကြေးခွံဆွဲကြိုးကို ဆွဲထုတ်လိုက်သည်။
ဤလည်ဆွဲသည် သူမအတွက် အလွန်ထူးခြားပြီး အလွန်အရေးကြီးသည်ဟု သူမအမြဲတမ်းခံစားမိသည်။ သို့သော် ငွေရောင်ကြေးခွံသည် သူမ ပိုင်ဆိုင်သောကြေးခွံဖြစ်သော်လည်း...
ဤရွှေရောင်နဂါးကြေးခွံ ဘယ်သူ့ဟာလဲ....
…
စင်မြို့....
“ဘာ? မအောင်မြင်ဘူး ဟုတ်လား? သူတို့ ဘယ်လို ကျသွားတာလဲ။ အာကာသယာဥ်ငါးစီးနဲ့ကိုယ်ပျောက်ယာဥ်တစ်စီးတောင်သုံးထားတာလေ.... အခုက ဘာဖြစ်သွားတာလဲ?”
စင်မြို့တော်၏ အလယ်ဗဟိုတွင် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ မသိပါဘူး။ နောက်ဆုံး ပေးပို့လိုက်တဲ့ စာကတော့ တစ်လုံးထဲပါ..... နဂါးတဲ့.... တစ်ဖက်က ရွှေနဂါးကြီးဆိုပြီး ကြောက်လန့်တကြား အော်ဟစ်နေပုံတော့ ရပါတယ်...အခြား သတင်းအချက်အလက်ကတော့ မရှိတော့ဘူး။ အာကာသယာဉ်အားလုံး ဖျက်စီးခံလိုက်ရပါတယ် လုံးလုံးလျားလျား ဖြတ်တောက်ပစ်ခဲ့ပြီး စစ်တပ်”
“ချီးပဲ..... ဘာဖြစ်ခဲ့ကျတာလဲ။ မင်းတို့ငါ့ကို အဖြေမပေးနိုင်ရင် ပြန်လာဖို့ စိတ်မကူးပါနဲ့။ အဲဒီလူငယ်အဆိူတောင် ထန်လီ ကိုသတ်ဖို့ သူတို့ဆီက ပိုက်ဆံဘယ်လောက် ငါ လက်ခံထားတယ်ဆိုတာမင်းတို့သိလား။ ကောင်းရော.... အခုတော့ ငါတို့ ဘာမှ မရသလို ဆုံးရှုံးမှုတောင် ကြုံခဲ့ရတယ်။ အဲဒီ အာကာသယာဉ်တွေ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ မင်းသိလား။ အသုံးမကျဘူး၊ မင်းတို့အားလုံး အသုံးကိုမကျဘူး!”
…………..
အာကာသယာဉ်သည် ချောမွေ့စွာ ပျံသန်းခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ သူတို့သည် ကောင်းကင်ဝိညာဥ်ဂြိုလ် အာကာသစခန်းသို့ ဆင်းသက်ခဲ့ကြသည်။
“အိမ်မှာတစ်ရက် အနားယူပြီးမှ ကျောင်းပြန်တက်ရမယ်။ မင်းရဲ့ကျောင်းစာတွေက အရမ်းပင်ပန်းလွန်းတယ်။ သူတို့က မင်းကို အနားယူဖို့ အချိန်ပိုပေးသင့်တယ်”
နန်ချိန်က မိခင်ပီပီ သားဖြစ်သူကိုမပင်ပန်းစေချင်ပေ။
လန်ရှောင်းက သူ့ဇနီး၏ပခုံးကို ဖက်ထားကာ
“ငါတို့သားက အမြင့်ကို တက်တော့မယ်။ အထူးတန်းဆိုကလည်းက ပုံမှန်လိုတော့ဘယ်လွယ်လိမ့်မလဲ ဒီ အချိန်မှာ သူ့ကို ငါတို့ ပံ့ပိုးပေးရမယ်။ ဒါပေမယ့် ရွမ်းယု! ဖေဖေ မင်းကိုသတိပေးစရာတစ်ခုရှိတယ်။”
“ဘာဖြစ်လို့လဲ ဖေဖေ”
Endemdm……