အခန်း (၁၆၁+၁၆၂)
Vol. 11 Ch. 161+162
၎င်းတို့ သုံးဦးသာ ဆယ်မိနစ်ကျော်နေပြီဖြစ်သည်။ အပေါ်သို့တစ်ခေါက်ပြန်တက်ခဲ့ကြပြီး လေအဝရူကာပြန်ဆင်းခဲဲ့ကြခြင်းဖြစ်သည်။ နဂါးနှစ်ကောင်မှာတိုက်ခိုက်နေဆဲ ဖြစ်သည်။
နဂါးနှစ်ကောင်သည် အပြင်းအထန် တိုက်ခိုက်နေ ကြပြီး၊ အကြေးခွံကြီးများပင် ပြုတ်ကျလာကာ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တိုးလာခဲ့သည်။
10 မိနစ်အကြာတွင် နဂါးနှစ်ကောင်စလုံးသည်ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားပြီးအသက်ရှုသံများနှေးလာလေသည်။
“ချန်းလိန် အဆင်သင့်ပြင်ထား”
လန်ရွမ်းယု သည် ချန်းလိန် ၏ ကျောကို ပုတ်လိုက်ကာ
“သူတို့ဦးနှောက်တွေကိုအပေါက်ဖောက်ဖို့ မင်းရဲ့ ဒုတိယ ဝိညာဥ်စွမ်းရည်ကိုသုံးလိုက်”
ချန်းလိန် သည် ရွမ်းယု ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သည်။
“ခေါင်းဆောင် ..မင်း.. အရမ်းတော်တာပဲ! “
ချန်းလိန်၏ ဒုတိယ ဝိညာဥ်ကွင်းတောက်ပလာကာ.....
“ချန်းလိန် ခေါ်လိုက်တော့ !”
လန်ရွမ်းယု အော်လိုက်သည်။
သုံးယောက်သာကမ်းပေါ်သို့ပြန်ရောက်လာပြီ..
ချန်းလိန် ၏ ခေါင်းထက်တွင် ဆင်းခေါ်ခြင်းတံခါးတစ်ခု ပေါ်လာခဲ့သည်။ လန်ရွမ်းယု၏ ပံ့ပိုးကူညီမှုမရှိဘဲ....အစိမ်းရောင်ငှက်တစ်ကောင်သည် ထိုတံခါးထဲမှထွက်လာခဲ့သည်။
မြနတ်ဆိုးငှက်......
ချန်းလိန် ၏ ဒုတိယဝိညာဉ်စွမ်းရည်သည်
သူ့အား သူ၏ပထမ ဝိညာဥ်စွမ်းရည် မှ ဆင့်ခေါ်ထားဖူးသော ဝိညာဉ်သားရဲကို ပြန်လည်ဖန်တီးကာ ပုံတူပွားပြီး ဆင့်ခေါ်အသုံးပြုနိုင်သည်။
ထိုဒုတိယ ဝိညာဥ်စွမ်းရည်ကိုရပြီးနောက် ချန်းလိန် ဟာ ပိုပင်အားကိုးလာခဲ့သည်။ လန်ရွမ်းယု၏ အကူအညီမပါဘဲပင်၊ ယခုသူသည် သူခေါ်ဖူးသောအကြမ်းဆုံးအကောင်များကိုပုံတူပွားကာဆင့်ခေါ်နိုင်လေသည်။
သို့သော် ပုံတူသားရဲသည် စက္ကန့် 30 မျှသာ တိုက်ပွဲဝင်နိုင်သည်။
လက်ရှိအချိန်တွင် မြနတ်ဆိုးငှက်သည်
ချန်းလိန် ခေါ်နိုင်သည့်အကြမ်းဆုံး ဝိညာဉ်သားရဲဖြစ်သည်။
မြနတ်ဆိုးငှက်သည် ချော်ရည်မီးနဂါး နှစ်ကောင်ရှိကြောင်း ချက်ခြင်းသိလိုက်သည်။ မြနတ်ဆိုးငှက်သည် ချက်ချင်ပင် ထိုနဂါးများရှိရာကိုပျံသန်းသွားလေသည်။
ထို့နောက် ဦးနောက်နှစ်လုံးမြနတ်ဆိုးပါးစပ်ထဲတွင်ရှိနေလေသည်။.....
ဘယ်လောက်ရက်စက်လဲ.....
မီးနဂါးနှစ်ကောင်ပျောက်ကွယ်သွားခဲ့သည်။
“ငါတို့ မီးနဂါးနှစ်ကောင်ကို သတ်လိုက်တာလား။”
လျိုဖိန် အံသြသွားသည်။
တုန်တုန်ယင်ယင်ဖြင့် ချန်းလိန် က
“ဟုတ်တယ်၊ ငါတို့ မီးနဂါးနှစ်ကောင်ကို တကယ်သတ်ပစ်လိုက်တာပဲ!”
“ သွားကြရအောင်!” လန်ရွမ်းယုသည် အဖော်နှစ်ယောက်ကိုခေါ်ကာ ချော်ရည်ကန်နားမှထွက်သွားလေသည်။ မြနတ်ဆိုးငှက်သည်လည်း ဆင့်ခေါ်ခြင်းတံခါးထဲသ်ို့ဝင်ကာပြန်ပျောက်သွားခဲ့သည်။
ပြန်ပျောက်မသွားခင် လန်ရွမ်းယုတို့အားတစ်ချက်စိုက်ကြည့်သွားလေသည်။
မြနတ်ဆိုးငှက်သည် မြနတ်ဆိုးငှက်သာဖြစ်သည်။
ထိုအချိန် လေထုထဲတွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
တံခါးတစ်ခုလား?
ဘာလဲ.....
စာမေးပွဲပြီးသွားလို့ပြန်ထွက်ခိုင်းတာလား...
ဒါမှမဟုတ် နောက်တစ်ဆင့်ဆက်သွားရမှာလား......
“ဝင်ကြမယ်!”
လန်ရွမ်းယုပြောလိုက်ရာ ချန်းလိန်တို့လည်း
သူ့စကားကို နားထောင်ပြီး သုံးယောက်သား အလင်းတံခါးထဲသို့ ဝင်သွားကြသည်။
ထို့နောက် အလင်းတံခါး ပျောက်သွားခဲ့သည်။
လန်ရွမ်းယုတို့သည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ချိုင့်ဝှမ်းတစ်ခုဖြစ်သော်လည်း ယခင် ချိုင့်ဝှမ်းနှင့် မတူ....
ဤချိုင့်ဝှမ်းတွင် စိမ်းလန်းစိုပြေသော အပင်များပြည့်နေသည်။
သုံးယောက်သား ခြေပစ်လက်ပစ်လှဲလိုက်ကြသည်။
ထို့နောက်
“ဘာတွေဖြစ်နေတာလဲ? ဘာလို့ ငါတို့ကိုပြန်မထုတ်သေးတာလဲ။ စာမေးပွဲကမပြီးသေးဘူးလို့တော့ မပြောနဲ့နော်....အခု ငါတို့ပဲ အသက်ရှင်တော့တာမလား....ငါတို့ထက်ထူးချွန်ထက်မြက်တဲ့ တခြားသူတွေရှိမယ်လို့ ငါမယုံဘူး”
ချန်းလိန်က စိတ်တိုတိုနဲ့ ပြောနေလေသည်။
“သူတို့မှာ ငါတို့ကို ဒီပို့ရတဲ့ အကြောင်းပြချက် ရှိမှာပါ”
ထိုအချိန်တွင် တောအုပ်ထဲမှ ခြေသံများထွက်လာသည်။
သုံးယောက်သား တုန်လှုပ်သွားကြသည်။ လျိုဖိန် လှုပ်သွားပြီး သူ့အပေါင်းအဖော်များရှေ့တွင် ရပ်လိုက်သည်။ လန်ရွမ်းယုကလည်း သူ့လက်နှစ်ဘက်တွင် ရွှေရောင်နှင့်ငွေရောင်ငွေပြာမြက်များကိုရစ်ပတ်လိုက်သည်။ ချန်းလိန်ကလည်း သူ့ရဲ့ဆင့်ခေါ်ဒင်္ဂါးပြားကိုထုတ်ထားလေသည်။
တောအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသော သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု....
လင်းရီရီ......
သူမ ဖြစ်ကြောင်းကိုတွေ့လိုက်ရတော့ သူတို့သုံးယောက် သက်ပြင်းချကာ ချန်းလိန်ကလည်းဆင့် ခေါ်ခြင်းတံခါးကို အမြန်ရပ်လိုက်သည်။
“မင်းတို့အားလုံးတကယ်တော်တာပဲ။ ငါ မင်းတို့ကိုပြောစရာရှိလို့ ငါ့ကိုဒီကိုပို့လိုက်တာ”
“အမလင်....ငါတို့ရဲ့စာမေးပွဲကမပြီးသေးဘူးလား” လန်ရွမ်းယု မေးလိုက်သည်။
“ ပြီးသွားပါပြီ”
“အခု အရေးကြီးတဲ့အကြောင်းကို အရင်ပြောရအောင်။ ချန်းလိန်”
လင်းရီရီ ထိုကောင်လေးကို လှည့်ကြည့်လိုက်သည်။
“ဟမ်?” “ဘာဖြစ်လို့လဲ ညီမ လင်း”
လင်းရီရီ ပြုံးလိုက်သည်။
“သတင်းကောင်းတစ်ခုပြောပြမယ်။ မင်းက ရှီလိုင်ခဲ့အကယ်ဒမီကို စောစောစီးစီးဝင်ခွင့်ရသွားပါပြီ။”
“ဘယ်လို? စောပြီး ဝင်ခွင့်ရတာလား?”
ချန်းလိန် အံ့အားသင့်သွားသည်။
“မင်းရဲ့ သိုင်းဝိညာဥ်ကြောင့်ပဲ.....မင်းရဲ့သိုင်းဝိညာဉ်ကသမိုင်းမှာတစ်ခါမှပေါ်မလာဖူးတဲ့သိုင်းဝိညာဥ်ပဲ.....အဲ့တာကြောင့်အကယ်ဒမီက မင်းကိုဝင်ခိုင်းလိုက်တာ.....ဆိုလိုတာကတော့ မင်းသာအခုလိုက်ခဲ့ရင် အခုပဲမင်းက ရှီလိုင်ခဲ့အကယ်ဒမီ ကျောင်းသားသစ်ဖြစ်သွားပြီး....အခုခေါ်မဲ့ ကျောင်းသားအယောက်သုံးဆယ်ထဲက တစ်ဦးဖြစ်သွားပြီ....တစ်ခုတော့ရှိတယ်...မင်းအခုငါနဲ့လိုက်ခဲ့ရမယ်”
ချန်းလိန် အံ့သြသွားသည်။
“အမလင်၊ မင်း ငါ့ကိုစနေတာလား”
“မင်း ငါ့ကို ယုံလား မယုံဘူးလား”
လင်းရီရီ ပြုံးလိုက်သည်။
“ဒါ့အပြင် မင်းရဲ့ ဆုံးဖြတ်ချက်ကို မင်းငါ့ကို ချက်ချင်းပြောရမယ်။”
ချန်းလိန်တံတွေး မျိုချလိုက်သည်။ တခြားဘာတွေ ချီတုံချတုံ ဖြစ်နေရဦးမလဲ။
“ငါ လက်ခံတယ်၊ ငါလက်ခံတယ်! ကျေးဇူးတင်ပါတယ်...ကျေးဇူးပါတယ်!”
ချန်းလိန်းအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။
ရှီလိုင်ခဲ့အကယ်ဒမီသည် ဝိညာဥ်မာစတာတိုင်း၏အိမ်မက်ဖြစ်သည်။
လန်ရွမ်းယု နှင့် လျိုဖိန်တို့လည်း အံ့သြသွားပြီး ချန်းလိန်ကို မနာလိုသွားသည်။
“ကောင်းပြီ၊ ဒါဆို မင်းစာရင်းသွင်းဖို့ ငါ့နောက်လိုက်ခဲ့”
“ဟုတ် ကျေးဇူးတင်ပါတယ် အစ်မလင်း”
ထို့နောက်တံခါးတစ်ခုပေါ်လာလေသည်။ ထို့နောက်လင်းရီရီတို့လျှောက်သွားကာ တံခါးဝအနားအရောက်တွင် လန်ရွမ်းယုတို့ဘက်လှည့်ကာ
“မင်းတို့အားလုံးကို အခုပြန်ပို့ပေးမယ်.... အကယ်ဒမီက ဒီဇိုင်းထုတ်ထားတဲ့ နောက်ဆက်တွဲ စာမေးပွဲတွေက သုံးယောက်တစ်ဖွဲ့ဖြေရတာဆိုတော့.. နောက်ပွဲတွေမှာ မင်းတို့နှစ်ယောက်ဖြေလို့ရတော့မယ်မထင်ဘူး...စိတ်မကောင်းပါဘူး ......”