အခန်း (၁၇၈)
Vol. 11 Ch. 178
နှစ် ၁၀၀၀ အပင်စားဝက်ဝံသည် ထိုအပင်ကိုအရင်ရှာတွေ့ခဲ့ပုံရသည်။ ထို့နောက်စားရန်ပြင်ဆင်နေစဥ် ရွှေပိုးမျောက်ဝံနှင့် တွေ့ကာတိုက်လိုက်ကျခြင်းဖြစ်နိုင်သည်။
လန်ရွမ်းယုသည် အခြေအနေကို နားလည်ပြီးနောက် သူ့အတွေးများကို ချန်းလိန်နှင့် လျိုဖိန်အား တိုးတိုးပြောလိုက်သည်။
ချန်းလိန်တွင် အထူးစွမ်းရည်တစ်ခုရှိလေသည်။ ထိုအရာကတော့ဝိညာဥ်သားရဲများနှင့်ဆက်သွယ်နိုင်ခြင်းပင်ဖြစ်သည်။
အဆင့်အနိမ့်မရွေး သားရဲတိုင်းနှင့်စကားပြောနိုင်လေသည်။ လန်ရွမ်းယု၏အတွေးများကိုကြားပြီးနောကိ ချန်းလိန်တို့မျက်လုံးပြူးသွားခဲ့သည်။
လန်ရွမ်းယု က
“ငါပြောတဲ့အတိုင်းလုပ်ပါ။ အောင်မြင်မှုနှုန်း အလွန်မြင့်ပါတယ်။”
“မင်းဦးနှောက်က ဘယ်လိုကို ကြီးထွားလာတာရလဲ။ ဒါက အလုပ်ဖြစ်နိုင်ပါ့မလား? အခွင့်အရေးတော့ ရှိမယ်ထင်တယ်!”
ချန်းလိန်လည်း စိတ်လှုပ်ရှားနေပုံရသည်။
လန်ရွမ်းယု ပြုံးလိုက်ပြီး
“ငါတို့သာ ဒီလိုထူးဆန်းတဲ့နည်းတွေမသုံးခဲ့ရင် ထိပ်ဆုံးဆယ်ယောက်ထဲပါမှမဟုတ်ဘူး... “
“ကောင်းပြီ”
ချန်းလိန်စတင်ထွက်ခွာသွားသည်။
လျိုဖိန်ကတော့ တစ်ခုခုဖြစ်ပါက ချန်းလိန်ကိုကယ်ရန်အသင့်ပြင်ထားလေသည်။
ချန်းလိန် သည် ရွမ်းယုကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ချန်းလိန်သည် သူ့ရဲ့ဒင်္ဂါးပြားကိုထုတ်ကာ ဝိညာဉ်သားရဲနှစ်ကောင်ရှိရာသို့ ဖြည်းညှင်းစွာ သွားလေသည်။ ရွှေပိုးမျောက်ဝံနှင့်အပင်စားဝက်ဝံတို့သည် သူတို့ထံလာနေသော ချန်းလိန်ကိုသတိထားမိသွားသည်။ ထို့နောက် လန်ရွမ်းယုပေါ်လာကာ ချန်းလိန် ရှေ့တွင် ရပ်လိုက်လေသည်။ ရွမ်းယုခန္ဓာကိုယ်မှ ရွှေရောင်သွေးသားစွမ်းအားများ ထွက်လာကာ နဂါးဟိန်းသံကြီးထွက်လာလေသည်။ ရွှေပိုးမျောက်ဝံနှင့်အပင်စားဝက်ဝံတို့သည် ထိုနဂါးဟိန်းသံကြောင့် တုန်လှုပ်သွားကြသည်။ မျက်လုံးထဲများတွင်လည်း ထိတ်လန့်မှုတွေ ပေါ်လာခဲ့သည်။ ထိုအခါ ချန်းလိန်သည် သူ့အတွေးများကို ဆက်လက် ထုတ်လွှင့်လိုကိသည်။
ရွှေပိုးမျောက်ဝံသည် ချန်းလိန်၏စကားသံများကိုကြားနေရလေသည်။ ထို့ကြောင့် ကျယ်လောင်သော ဟောက်သံကိုအော်လိုက်လေသည်။ အချိန်အတော်ကြာပြီးနောက်
ရွှေပိုးမျောက်ဝံ အလွန်ငြိမ်သက်သွားခဲ့သည်။
အပင်စားဝက်ဝံကတော့ ချန်းလိန်နှင့် ရွှေပိုးမျောက်ဝံကိုသာကြည့်နေခဲ့သည်။ အချိန်ခဏကြာတော့ ရွှေပိုးမျောက်ဝံသည် အပင်စားဝက်ဝံကိုထပ်မံတိုက်ခိုက်လေသည်။ သူ့အရှိန်က ပိုမြန်လာခဲ့သည်။ သေချာကြည့်ပါ ရွှေရောင်ငွေပြာမြက်ပင်တစ်ပင်သည် ရွှေပိုးမျောက်ဝံကိုရစ်ပတ်ထားကြောင်းတွေ့နိုင်လေသည်။
“ဗွမ်း!” နှစ် ၁,၀၀၀ အပင်စားဝက်ဝံသည် ရွှေပိုးမျောက်ဝံ၏ လက်သီးချက်ကြောင့် နောက်ပြန်လဲကျသွားခဲ့သည်။ ထို့အခိုက်တန့်တွင် အဖြူရောင်အရုပ်တစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားလာပြီး နှစ် ၁,၀၀၀ သက်တမ်းတိုးဆေးပင်ကို နှုတ်ယူကာ အဝေးကို ပြေးသွားခဲ့လေသည်။ နှစ် 1000 ရွှေပိုးမျောက်ဝံသည် ထိုလူကို လိုက်ဖမ်းရန် ပြင်ဆင်ထားသော်လည်း သူ့အားအစွမ်းမြှင့်တင်ရန်ရစ်ပတ်ထားသော ရွှေရောင်ငွေပြာမြက်သည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ၎င်းမှထွက်လာသော စွမ်းအားသည် သူ့ကိုစွမ်းအားမမြှင့်ပေးတော့ပဲ သူ့အားဖိနှိပ်နေလေသည်။ ထို့ကြောင့် ထိူလူရိပ်နောက်သို့မလိုက်နိုင်တော့ပေ။