အခန်း (၁၇၅+၁၇၆)
Vol. 11 Ch. 175+176
လျိုဖိန် ခုန်ထွက်သွားလေသည်။
လန်ရွမ်းယုနဲ့ ချန်းလိန်ကလည်း သူတိူ့ရဲ့ဝိညာဥ်ရေးရာစွမ်းအားဖြင့်ပတ်လည်ကိုကြည့်နေကြလေသည်။
“လောလောဆယ်တော့ အန္တရာယ်ရှိတဲ့ အရိပ်အယောင်ကို ငါ မမြင်မိဘူး”
လန်ရွမ်းယုရေရွတ်လိုက်မိသည်။
“ဟုတ်တယ် ” ချန်လိန်လည်းထောက်ခံလိုက်သည်။
သူတို့နှစ်ဦးသည် အထူးတန်းတွင် ဝိညာဉ်ရေးရာ စွမ်းအားအမြင့်ဆုံးရှိသော လူနှစ်ဦးဖြစ်သောကြောင့် သူတို့နှစ်ဦးစလုံးသည် ပတ်လည်ကိုအခြားလူများထက်ပိုရှင်းလင်းစွာကြည့်နိုင်လေသည်။
လျိုဖိန် ပြန်ရောက်လာပြီး မီတာ ၃၀၀ ဧရိယာတစ်ဝိုက်တွင် ဝိညာဉ်သားရဲမရှိကြောင်းပြောပြခဲ့သည်။
“ရွမ်းယု ငါတို့မှာ မြေပုံမရှိဘူး၊ ငါတို့ဘယ်ရောက်နေမှန်းလည်း မသိတော့ဘူး။ ကြယ်တာယာသစ်တောအတွင်းပိုင်းထဲကိုဘယ်လိုသွားမလဲ....” လျိုဖိန် မေးလိုက်သည်။
လန်ရွမ်းယု ပြုံးပြီး
“စိတ်မပူပါနဲ့၊ ဝိညာဉ်သားရဲတွေရဲ့ စွမ်းအားကို ကြည့်ပြီး ငါတို့ဆုံးဖြတ်နိုင်ပါတယ်။ သစ်တောအ ပြင်ပိုင်းက ဝိညာဉ်သားရဲတွေက အားနည်းတယ်.......အတွင်းပိုင်းရောက်လေကြမ်းလေပဲ...... ”
ချန်းလိန် က “ကောင်းပြီ.... ဘာပဲဖြစ်ဖြစ် ငါတို့ မင်းပြောသမျှကို နားထောင်မယ်၊ မင်းသွားချင်တဲ့နေရာကို ငါတို့သွားမယ်။”
လန်ရွမ်း မျက်လုံးကို မှိတ်ထားပြီး
“ဝိညာဉ်သားရဲတစ်ကောင်ကို ခေါ်ပြီး လမ်းကြောင်းရှာဖို့ သုံးမယ်..... “
ချန်းလိန် က အံ့သြတကြီးနဲ့
“အခုချက်ချင်းပဲ ငါဆင့်ခေါ်ဏမှာလား” ပထမအကြိမ် ခေါ်ယူပြီးနောက် နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုနိုင်ရန် အနည်းဆုံး 15 မိနစ်မှ 20 မိနစ်အထိ အချိန်လိုအပ်သည်။
လန်ရွမ်းယု က
“မင်းမှာ ပုံတူပွားတဲ့ ဒုတိယဝိညာဉ်စွမ်းရည် ရှိတာပဲ..... အဲဒါကို အရေးပေါ်အနေနဲ့ သုံးနိုင်ပါတယ်....ပြီးတော့........”
“ကောင်းပါပြီ....မင်းရှင်းပြစရာ မလိုပါဘူး၊ မင်းပြောသမျှ ငါလုပ်ပါ့မယ်။ ငါ့ဦးနှောက်ကို အသုံးမချတာပဲ ကောင်းတယ်...ဟားဟား.........”
ချန်းလိန်ဆင့်ခေါ်ခြင်းတံခါးကိုထုတ်လိုက်သည်။ လန်ရွမ်းယုက ရွှေရောင်ငွေပြာမြက်ဖြင့် တံခါးကိုရစ်ပတ်လိုက်သည်။ တုံချင်းရုံကိုသူတို့ဆင့်ခေါ်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တုံချင်းရုံသည်လည်းယခုအခါ ရှီလိုင်ခဲ့စာမေးပွဲဖြေနေနိုင်သောကြောင့်ဖြစ်သည်။ သို့သော်အရေးပေါ်အခြေအနေဆိုပါက ခေါ်မည်ဖြစ်သည်။
မီးနဂါးအိမ်မြှောင်..........
ထိုနဂါးသည် ချော်ရည်အိမ်မြှောင်မက ချော်ရည်မီးနဂါးမကျ ကြားထဲမှသားရဲဖြစ်သည်။
မီးလုံးများကိုလည်းထုတ်နိုင်လေသည်။သို့သော်မပျံနိုင်ပေ။
ကိုယ်ပေါ်တွင်နဂါးအကြေးခွံများရှိလေသည်။
ချန်းလိန်မှာ ထိုနဂါးပေါ်တက်လိုက်လေသည်။ ထို့နောက်ဘေးတစ်ဖက်စီမှလန်ရွမ်းယုနှင်လျိုဖိန်တို့လိုက်ကြလေသည်။ ထို့နောက်တောနက်ထဲသို့စတင်သွားတော့သည်။
လမ်းတွင် နွယ်ပင်ဝိညာဥ်သားရဲတစ်ကောင်နှင့်တွေ့ခဲ့သော်လည်း မီးနဂါးအိမ်မြှောင်က အသာအယာပင်အနိုင်ယူသွားခဲ့သည်။ မီးသည်သစ်သားကိုနိုင်သောကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် ရွမ်းယုတို့သည်ဦးတည်းရာတစ်ခုတည်းကိုဆက်တိုက်သွားခဲ့လေသည်။ ဝိညာဉ်သားရဲမျိုးစုံကိုလည်းဆင့်ခေါ်ခဲ့လေသည်။
“ငါ ဝိညာဥ်တက်ပလက်ဖောင်းကို သွားချင်တယ်၊ အား! ငါ့ရဲ့ဝိညာဥ်ကွင်းတွေကို နှစ် 1,000 အဆင့်တိုးချင်ပြီ...... အဲ့တာဆို ငါဝိညာဥ်သားရဲတွေကို မရပ်မနား ဆင့်ခေါ်နိုင်မလားမသိဘူး”
ချန်းလိန်ကစိတ်ကူးယဥ်စွာပြောလိုက်သည်။
အကယ်၍ သူသည် နဂါးအမျိူးအစားဝိညာဉ်သားရဲများကို စဉ်ဆက်မပြတ် ဆင့်ခေါ်နိုင်ခဲ့ပါက၊ သူသည် အထူးတန်း တွင်အကြမ်းဆုံးဖြစ်မည်မှာ သေချာသည်။
လျိုဖိန် က “ အဲလိုသာလွယ်နေရင်......ငါတို့ဒီလောက်ကြိုးစားနေစရာကိုမလိုဘူး....”
ရွမ်းယုက “ငါတို့အားလုံး ကြိုးစားရမယ်။ အဲ့တာမှ ငါတို့ရှီလိုင်ခဲ့ကိုရောက်တဲအခါ အခြားလူတွေကိုအမှီလိုက်နိုင်မှာ..... ပြီးတော့ ငါတို့ ဒီထက်ပိုပြီး ပိုကြိုးစား လိုတယ်။”
“ငါတို့ ဆက်သွားအောင်”
ချန်းလိန်သည် ဆင့်ခေါ်တံခါးဖြင့်သားရဲတစ်ကောင်ကို ဆင့်ခေါ်ပြီး သုံးယောက်သား ဆက်လျှောက်သွားကြသည်။ ၎င်းတို့သည် လမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲအချို့ကို ကြုံတွေ့ခဲ့ရသော်လည်းအားလုံးမှာ အလွန်စွမ်းအားပြင်းထန်ခြင်းမရှိပေ။
မတူညီသော ဝိညာဉ်သားရဲများကို တွေ့ဆုံမှုအပြီးတွင် လန်ရွမ်းယုသည်လမ်းကြောင်းပြောင်းလိုက်လေသည်။ ထိုအခါမှ သူတို့သည် ကြယ်တာယာသစ်တောအတွင်းပိုင်းသ်ို့သွားသောလမ်းမှန်ပေါ်သို့ရောက်သွားကြသည်။
ညမိုးချုပ်သော သူတို့သုံးဦးသည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် နားလိုက်ကြသည်။
ချန်းလိန် သည် အဆက်မပြတ် ဆင့်ခေါ်နေသောကြောင့် သူ၏ စွမ်းအားများ ကုန်ဆုံးသွားသည်။ ထို့နောက် ချန်းလိန် တရားထိုင်ရာ
ရွမ်းယုနဲ့လျိုဖိန်တို့က အလှည့်ကျ စောင့်ကြသည်။ ပုံရိပ်ယောင်ကမ္ဘာထဲတွင်ရှိနေသောကြောင့် သူတို့သည်အစားစားရန်မလိုပေ။ ထိုအရာမှ ပုံရိပ်ယောင်ကမ္ဘာထဲတွင်ရှိနေသည့်အကျိုးကျေးဇူးဖြစ်သည်။ ပထမနေ့သည် ထိုကဲ့သို့ပင် ကုန်ဆုံးသွားခဲ့သည်။
ဒုတိယနေ့နံနက်........
သုံးယောက်သား စွမ်းအင်များပြန်လည်ပြည့်သွားခဲ့ကြသည်။
ချန်းလိန်ဆင့်ခေါ်တော့မည့်အချိန်တွင် ရွမ်းယုတားလိုက်လေသည်။
“ငါတို့ မခေါ်တော့ဘူးလား”
ချန်းလိန်မေးလိုက်ရာ ရွမ်းယုက
“မနေ့ကတည်းက ငါတို့လမ်းကြောင်းမှန်နေပြီ. ငါတို့အင်အားကိုချွေတာကြစို့ “
“ကောင်းပြီ၊ အဲ့ဆိုသွားကြရအောင် “
လျိုဖိန်ကရှေ့မှဦးဆောင်လေသည်။
“ ဒီနေ့ငါတို့သွားတာကို အရှိန်မြှင့်မယ်။ ချန်းလိန်.... မင်း အချိန်မရွေးဆင့်ခေါ်နိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့လိုတယ်။ မနေ့ကလောက်တော့ ဒီနေ့လွယ်မှာမဟုတ်ဘူး......…”