အခန်း (၁၇၃+၁၇၄)
Vol. 11 Ch. 173+174
လျိုဖိန်သည် ဝိညာဉ်ရိုးနှင့်စတင်ပေါင်းစပ်တော့သည်။ ကျီဟုန်ဘင်းကဘေးမှနေကာကာကွယ်ပေးနေလေသည်။
“အာရုံစိုက်ပါ၊ မင်းရဲ့ သိုင်းဝိညာဉ်ကို လွှတ်လိုက်ပါ။ မင်းရဲ့ ဝိညာဉ်စွမ်းအား ကို ဝိညာဥ်ရိုးနဲ့ချိတ်ဆက်ပါ.... ပေါင်းစပ်မှုဖြစ်စဉ်မှာ နာကျင်မှုအချို့ရှိနိုင်ပြီးတော့ မင်းသည်းခံရမယ်။”
“ဟုတ်”
လျိုဖိန် သည် ကျီဟုန်ဘင်း ၏ ညွှန်ကြားချက်အတိုင်း ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။
ညာဘက်လက်တစ်ခုလုံး နာကျင်လာသည်။
နဖူးမှ ချွေးစက်များ စတင်ထွက်လာသည်။
နှစ် 2,000 ဝိညာဉ်ရိုးကို အမှန်တကယ် ပေါင်းစပ်ရန်မှာ မလွယ်ကူလှပေ.... လူလုပ်ဝိညာဥ်ရိုး ပင်လျှင် အမှန်တကယ် စွမ်းအားကြီးလွန်းလှသည်။
နာရီဝက်အကြာ.........
“မင်းရဲ့ ဝိညာဉ်စွမ်းအားက အခု အဆင့် ၃၀ နီးပါးရောက်သွားပြီ။”
ကျီဟုန်ဘင်းကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ရိုး ပေါင်းစပ်မှုကြောင့် လျိုဖိန်၏ဝိညာဥ်စွမ်းအားသည် အဆင့် 29 သို့ တိုက်ရိုက်တက်သွားခဲ့သည်။ အဆင့် 30 နှင့် မဝေးတော့ပေ။
နောက်ရက်တွင် ချန်းလိန်သည် ဝိညာဥ်စေတီတော်သို့သွားကာသူ၏ဝိညာဥ်ကွင်းများကိုသက်တမ်းတိုးမြှင့်ခဲ့လေသည်။ လန်ရွမ်းယုကတော့ တရားပဲထိုင်နေလေသည်။ လျိူဖိန်ကတော့ ဝိညာဥ်ရိုးအသစ်၏စွမ်းအားကိုလေ့ကျင့်နေခဲ့သည်။
နှစ်ရက်အကြာ......
အထူးတန်းမှာ ကျောင်းသားအဖွဲ့ငါးသင်းသည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ဝင်သွားကြသည်။
အဖွဲ့ငါးဖွဲ့တန်းစီးနေလေသည်။ သဘာဝအတိုင်း.....ပထမရသော လန်ရွမ်းယုတို့အဖွဲ့ကရှေ့ဆုံးမှရပ်နေကာကျန်အဖွဲ့များက နောက်တွင်ရပ်နေလေသည်။ နောက်ဆုံးအသင်းမှာ ကျင်းရှန်တို့အသင်းဖြစ်သည်။
ကျင်းရှန်းသည် ကျောင်းတက်စက လန်ရွမ်းယုတို့နှင့်မပေါင်းသင်းမိခဲ့ခြင်းကိုအနည်းငယ်နောင်တရနေမိသည်။ သူသည် ငတုံးမဟုတ်ပေ။ စာမေးပွဲ နေ့က ဖြစ်ပျက်ခဲ့သမျှကို ခွဲခြမ်းစိတ်ဖြာပြီးနောက် လန်ရွမ်းယု၏တကယ််စွမ်းအားကိုသူနားလည်သွားခဲ့သည်။
ထို့ကြောင့်လည်း လုချန်းရွိမ်ကိုယ်တိုင်ပင် လန်ရွမ်းယုအားနောက်ပွဲများတွင် သူတို့အဖွဲ့ကိုပင်ဦးဆောင်ပေးရန်တောင်းဆိုခဲ့သည်။
“စားမေးပွဲက နောက်တစ်ဆင့် မကြာခင် စတင်တော့မယ်။ ပြောနေဖို့ မလိုပါဘူး၊ မင်းတို့ လုပ်ရမှာက မင်းတို့ရဲ့ အားသာချက်တွေကို အတတ်နိုင်ဆုံး ပြသဖို့ပဲ။ ဒီစားမေးပွဲမှာ မင်းတို့ အားလုံးအတူတူဖြေခဲ့ကြမယ်ဆိုရင် လန်ရွမ်းယုကိုခေါင်းဆောင်ခိုင်းပါ....နားလည်လား “
ကျီဟုန်ဘင်းက ပွဲမစမီပြောကြားနေလေသည်။
“အချိန်နီးပြီ။ အထဲဝင်တော့ ”
………….
“ရှီလိုင်ခဲ့အကယ်ဒမီ......ကောင်းကင်ဝိညာဥ်ဂြိုလ်စာမေးပွဲမှ ကြိုဆိုပါတယ်။ ခုစာမေးပွဲရဲ့ စည်းမျဉ်းများကတော့ ဖော်ပြပါအတိုင်းဖြစ်ပါတယ်..... ပထမဆုံးအနေနဲ့ အသင်းတစ်သင်းအနေနဲ့ဖြတ်ကျော်ရပါမယ်....လူခွဲလို့မရပါ.... အလုပ်လုပ်ပါ။ အထဲကို ဝင်ရောက်ပြီးတာနဲ့ အဖွဲ့တစ်ဖွဲ့စီကို ဝိညာဥ်သားရဲသစ်တောကြီးရဲ့ ကြုံရာနေရာကိုပို့လိုက်ပါမယ်.....ထိုသစ်တော့က ဝိညာဥ်ကုန်းမြေဂြိုလ်က ကြယ်တာယာသစ်တောကြီးကိုပုံတူလုပ်ထားတဲ့သစ်တောပဲဖစ်ပါတယ်.... မင်းတို့ အားလုံးလုပ်ရမှာက ကြယ်တာယာသစ်တောထဲကိုအတွင်းပိူင်းထဲထိဝင်ပြီး အဆင့်အတန်းမြင့်တဲ့ ဝိညာဉ်သားရဲတွေကိုလိုက်ရှာပြီးသတ်ရမယ်..... အကောင်းဆုံးကြိုးစားပါ.... နောက်ဆုံးရမှတ်ကို ဝိညာဉ်သားရဲများကိုသတ်ထားတဲ့အပေါ်မူတည်ပြီးပေးမယ်.... ဒုတိယအနေနဲ့ကတော့ အသင်းတွေအချင်းချင်းလည်း သတ်ဖြတ်ခွင့်ရှိပါတယ်။ အဖွဲ့တစ်ဖွဲ့ကို သတ်နိုင် ထိုအသင်းရဲ့အမှတ်တစ်ဝက်ကိုရပါမယ်...... တတိယအနေနဲ့ စာမေးပွဲက ခုနစ်ရက်ကြာပါမယ်........ ဝင်ဖို့ အသင့်ပြင်ထားပါ။ !”
“တစ်ဆယ်၊ ကိုး၊ ရှစ်…”
“သုံး၊ နှစ်၊ တစ်! စ”
လန်ရွမ်းယုတို့ တောထဲတစ်နေရာတွင်ပေါ်လာခဲ့သည်။ သစ်တောကြီးမှာအလွန်ကြီးမားလေသည်။
“ဘယ်လမ်းကြောင်းကိုစသွားမလဲ”
ချန်းလိန်က စိတ်အားထက်သန်စွာမေးလိုက်သည်။
လန်ရွမ်းယု ခေါင်းခါပြီး
“စိတ်မလောပါနဲ့...အခြေအနေကို အရင်ကြည့်ရအောင်”
“ကောင်းပြီ။”
လန်ရွမ်းယု သည် ပတ်ပတ်လည်ကိုကြည့်ကာ သစ်ပင်ကြီးတစ်ပင်ဆီသို့သွားလိုက်သည်။
“ စည်းကမ်းတွေအရ ငါတို့ကခုနှစ်ရက်အသက်ရှင်ရမယ်.....ကြယ်တာယာသစ်တောအတွင်းထဲကိုဝင်ကိုဝင်ရမယ်.....ဝိညာဥ်သားရဲတွေကိုသတ်ပြီးအမှတ်တွေကိုယူရမယ်.....ဒီသုံးချက်ကငါတို့လုပ်ရမဲ့အရာပဲ.....ပီးတော့ ငါတို့အသတ်ခံရရင်....ငါတို့ရဲ့အမှတ်တွေကတစ်ဝက်လျော့သွားမယ်.......ပြီးတော့ အခြားအဖွဲ့တွေစီကိုအမှတ်တွေလုလို့လည်းရတယ်.....ပြောရရင် ငါတို့လည်းအန္တရာယ်ကင်းအောင် အခြားအဖွဲ့ကိုရှင်းပစ်တာကပိုကောင်းတယ်......ဒါမှမဟုတ်ရင် ငါတို့အခြားအဖွဲ့တွေနဲ့မတွေ့အောင်ရှောင်ရမယ်...အဲ့တာမှငါတို့အသတ်မခံရမှာ ”
ချန်းလိန် နှင့် လျိုဖိန်တို့ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ” လျိုဖိန် က မေးသည်။
လန်ရွမ်းယုက “ငါတို့ ဒီနေရာကို အရင်ရင်းနီးအောင်လုပ်ရမယ်....... ဆရာကျီသင်ပေးတာတွေအရ မူလကြယ်တာယာသစ်တောမှာအပိုင်းတွေရှိတယ်....အပြင်ဆုံးအပိုင်းမှာ ဆယ်နှစ်သားရဲတွေအများဆုံးနေပြီးတော့အတွင်းထပ်သွားရင် နှစ်၁၀၀သါးရဲတွေနေတယ်....အဲ့လိုပဲအတွင်းရောက်တော့ဝိညာဥ်သားရဲတွေက ပိုကြမ်းလေပဲ..... အခုငါတို့က ဘယ်နေရာလောက်မှာရောက်နေလဲအရင်သိအောင်လုပ်ရမယ်..... မှားလို့မရဘူး.... ငါတို့မှ ဒုတိယအခွင့်အရေးမရှိဘူး....”
“ဒါဆို လုပ်ကြရအောင်။ ငါသွားကြည့်လိုက်မယ်”
လျိုဖိန်သည် အလွန်လျင်မြန်သောကြောင့်
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရာတွင်အသင့်တော်ဆုံးဖြစ်သည်။
လန်ရွမ်းယု ခေါင်းညိတ်လိုက်ပြီး
“ငါတို့ မင်းကို ဒီမှာစောင့်နေမယ်.... မီတာ 300ပတ်လည်ကိုပဲကြည့်ပါ .....ချန်းလိန်.... ဆင့်ခေါ်ခြင်းဒင်္ဂါးပြားကို ပြင်ဆင်ထား။ လျိုဖိန် ဝိညာဉ်သားရဲနဲ့တွေ့ရင် ငါတို့တိုက်ခိုက်ဖို့ အသင့်ပြင်ထားရမယ်။”