← Chapters

အခန်း (၁၆၃)

Vol. 11 Ch. 163

အခန်း (၁၆၃)

Vol. 11 Ch. 163

လန်ရွမ်းယု နှင့် လျိုဖိန် နှစ်ယောက်စလုံး လန့်သွားသည်။ ချန်းလိန် စောစီးစွာအကယ်ဒမီသို့ ဝင်ခွင့်သည် သူတို့ကို ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရစေလိမ့်မည်ဟု မထင်ခဲ့ပေ။

လျိုဖိန်က “ဘာလို့ ငါတို့နှစ်ယောက်က နောက်ပိုင်းစမ်းသပ်မှုတွေမှာ ဆက်မပါဝင်နိုင်ရတာလဲ။ ငါတို့ အထုတ်ခံရတယ်လို့ပြောသွားတာလား”

လန်ရွမ်းယု လည်း မျက်မှောင်ကြုတ်သွားသည်။

“အမလင်၊ ငါတို့နှစ်ယောက် ပုံမှန်အတိုင်း စာမေးပွဲတွေမှာ ပါဝင်ပါမယ်၊ ငါတို့နှစ်ယောက်ထဲနဲ့ ပြိုင်ဘက်သုံးယောက်ကိုတိုက်ရရင်တောင် အရေးမကြီးဘူး။ အဲ့လို အဆင်ပြေလား?”

သူတို့နှစ်ဦးတင်မကပေ ချန်းလိန်ပင် တုန်လှုပ်သွားခဲ့သည်။ သူ့ရင်တွင်းရှိ စိတ်လှုပ်ရှားမှုများ ရုတ်ခြည်း လျော့ကျသွားသည်။ သူထွက်ခွာသွားခြင်းက လန်ရွမ်းယုနှင့် လျိူဖိန်တို့ကို လမ်းပျောက်စေလိမ့်မည်ဟုမထင်ခဲ့ပေ။

လင်းရီရီက “တောင်းပန်ပါတယ် ဒါပေမယ့် ဒါက စည်းကမ်းပါ။ တကယ်တော့ မင်းတို့အဖွဲ့ သုံးယောက်ထဲက တစ်ယောက်ယောက် ရွေးချယ်ခံလိုက်ရတာကိုက ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်လို့ရသားပါ။ စဉ်းစားကြည့်ပါ၊ အဖွဲ့ချုပ်တစ်ခုလုံးမှာ စာမေးပွဲဖြေဆိုဖို့ လူဘယ်လောက်ရှိလဲ.... လူသုံးဆယ်ထဲက တစ်ယောက်ဖြစ်တာကိုက မင်းတို့ကောင်းကင်ဝိညာဥ်အကယ်ဒမီအတွက် ကြီးကျယ်တဲ့ စွမ်းဆောင်မှုတစ်ခုလို့ ယူဆလို့ရတယ်။ မည်သို့ပင်ဆိုစေကာမူ မင်းတို့နှစ်ဦး နောက်စာမေးပွဲတွေကို မပါဝင်နိုင်တော့ကြောင်းကို ရိုးသားစွာတောင်းပန်အပ်ပါတယ်”

ထိုသို့ပြောနေစဉ်တွင် လင်းရီရီသည် သူမ၏လက်ကို ဝှေ့ယမ်းကာ လန်ရွမ်းယု နှင့် လျိုဖိန် တို့ကို ချော်ရည်ကန်နားသိူ့ပြန်ပို့လိုက်လေသည်။ ချန်းလိန်မှာ ယခင်နေရာတွင်ကြောင်တောင်တောင်ဖြင့်ကျန်နေခဲ့သည်။

လျိုဖိန်က “ဒါ မတရားဘူး။ လုံးဝမတရားဘူး “

လန်ရွမ်းယု သက်ပြင်းချလိုက်ကာ

“ဒါက ကံတရားပဲပေါ့”

“ဘာလို့ ဒီလိုဖြစ်လာရတာလဲ” လျိုဖိန်ရဲ့မျက်နှာပေါ် မျက်ရည်များ စီးကျလာလာသည်။

“ငါထင်တယ်က ....ငါတို့မှာ အခွင့်အရေးရှိမယ် လို့ထင်တယ်။ ငါ…”

လန်ရွမ်းယုကလည်း “ဟုတ်တယ်! ငါတို့ဒီလိုအဆုံးသတ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

“ဖြစ်ခဲ့တဲ့အရာတွေကို ငါတို့ မပြောင်းလဲနိုင်ဘူး။”

“ငါတို့ တကယ်ကို အခွင့်အရေး မရှိဘူးလား” လျိုဖိန်လက်မခံနိုင်သေးပေ။

သို့သော် ထိုအချိန်တွင် လန်ရွမ်းယုသည် ခေါင်းမော့ကာ ရယ်မောသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ဟုတ်ပါတယ်၊ သူ ရယ်နေခဲ့သည်။

လျိုဖိန်က “မင်း ဘာရယ်တာလဲ”

လန်ရွမ်းယု သက်ပြင်းချလိုက်သည်။

“တကယ်တော့ အခုချန်းလိန်ဖြစ်နေတာက ငါတို့ထက်တောင် ပိုဆိုးနိုင်တယ်။ ငါတို့ သူ့ကိုချော့ဖို့ပြင်ထားရမယ်”

“ဟမ်း?” လျိုဖိန် သည် လန်ရွမ်းယုရဲ့နဖူးကို ထိလိုက်သည်။

“မင်း ရူးသွားတာလား။ မင်းဘာစကားတွေပြောနေတာလဲ”

“ဘာမှမဟုတ်ပါဘူး။ ရှီလိုင်ခဲ့အကယ်ဒမီ က ငါတို့ကို ဒီလိုနည်းနဲ့ စမ်းသပ်လိမ့်မယ်လို့ ငါတကယ် မျှော်လင့်မထားဘူး။”

“စမ်းသပ်တာ?” လျိူဖိန် အံ့ဩသွားသည်။

“မင်းဘာတွေလျှောက်ပြောနေတာလဲ”

လန်ရွမ်းယုက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

“ရှီလိုင်ခဲ့အကယ်ဒမီက နှစ်ပေါင်း 30,000ဆိုတဲ့ ရှည်လျားသောသမိုင်းကြောင်းရှိပြီးတော့ အခုဝိညာဥ်မမာစတာကမ္ဘာတစ်ခုလုံးမှာလည်း နံပါတ်တစ်အကယ်ဒမီဖြစ်လာခဲ့တယ်။ ဒီလို နံပါတ်တစ် အကယ်ဒမီကျောင်းက တရားမျှတမှု မရှိတာကိုလုပ်ပါ့မလား.... ငါပြောချင်တာက အခုငါတို့တွေ့ကြုံနေရတဲ့အရာအားလုံးဟာ အမှန်မဟုတ်ဘူး”

“ဒါပေမယ့် အမလင်းက ချန်းလိန် ကို လက်ခံလိုက်ပြီလို့ ပြောထားပြီးသားလေ !”

လန်ရွမ်းယု ပခုံးတွန့်လိုက်သည်။

“အဲဒီအချိန်ထိ ငါ သူ့ကို ယုံကြည်လိုက်သေး တယ်။ ဒါပေမယ့် သိပ်မထူးဆန်းဘူးလား? ဒီစာမေးပွဲမှာငါတို့ပြသခဲ့တဲ့စွမ်းရည်တွေကိုငါယုံတယ်...... အခုလည်း ငါတို့ နှင်ထုတ်ခံရမယ့်အစား ဒီနေရာကို ပြန်ပို့ခံလိုက်ရတယ်။ ဘာလို့ ငါတို့ကို အပြင်ပြန်မထုတ်လဲ။ အဲဒါက တကယ့်မေးခွန်းပဲ။ အဲဒီအခါမှာ အမလင်း ဟာ ချန်းလိန်ကို စမ်းသပ်နေတယ်ဆိုတာကို ရုတ်တရက် စဉ်းစားမိလိုက်တယ်။ သူ့အကျင့်စရိုက်ကို စမ်းသပ်နေတာဖြစ်နိုင်တယ်”

လျိုဖိန် နောက်ဆုံးတွင် အရာအားလူံးကို နားလည်လာသည်။

“မင်းပြောချင်တာက ချန်းလိန်က ငါတို့ကိုစွန့်လွှတ်ပြီး ရှီလိုင်းခဲ့ကိုဝင်သွားမလားဆိုတာကို အမလင်းကစမ်းသပ်တာအဲ့လို”

လန်ရွမ်းယု က ခေါင်းညိတ်လိုက်သည်။

“မှန်တယ်! ဒီအတိုင်းပဲဖြစ်လိမ့်မယ်။ ပြီးတော့ ချန်းလိန်ကို ငါတို့ဘယ်လိုသဘောထားသွားလဲဆိုတာသိချင်လို့ ငါတို့ကို ဒီပြန်ပို့လိုက်တာပဲ.... ငါတို့ရဲ့ တုံ့ပြန်မှုတွေကို သိချင်လို့ထင်တယ်။...ငါတို့ချန်းလိန်အတွက်ပဲ ဆုတောင်းပေးကြတာပေါ့”

“မင်းပြောတာမှန်တယ်၊ ငါတို့ ချန်းလိန် အတွက်ပဲ ဆုတောင်းရတော့မယ်”

ထိုအချိန်မလှမ်းမကမ်းတွင် အလင်းတန်းတစ်ခု လင်းထိန်သွားကာ လူတစ်ဦး သူတို့ရှေ့တွင် ပေါ်လာသည်။

ချန်းလိန် မှလွဲ၍ ဘယ်သူမှမဟုတ်ပေ......

ချန်းလိန်သည် သူတို့နှစ်ယောက်ကိုမြင်သောအခါပြေးဖက်ကာငိုလေသည်။

“ မင်း ငါတို့ကိုစွန့်လွှတ်ပြီး ရှီလိုင်းခဲ့ကိုဝင်လိုက်တာလား........

All Chapters