Chapters

အခန်း (၁၆၄)

Vol. 11 Ch. 164

အခန်း (၁၆၄)

Vol. 11 Ch. 164

ထိုစကားကိုကြားသောအခါ...ချန်းလိန် ဒေါသထွက်သွားပြီး လျိူဖိန်အား

“မင်းရူးနေ လား။ မင်းတို့နှစ်ယောက်ကို ငါဘာတွေ စွန့်လွှတ်ရမှာလဲ....အခုငါဘာလုပ်ခဲ့လဲ မင်းသိလား။ ရှီလိုင်ခဲ့အကယ်ဒမီကိုအစောကြီးဝင်ခွင့်ကို ငါ စွန့်လွှတ်ခဲ့တယ်...မင်းသိလား... မင်းသိလား......”

ချန်းလိန်သည် ရွမ်းယုတို့ကိုမစွန့်လွှတ်ခဲ့ပေ....

လန်ရွမ်းယုနဲ့လျိုဖိန်အတူတူ ရယ်မောပြီး

သုံးယောက်သားဖက်ကာ

“ငါတို့ ရှီလိုင်ခဲ့အကယ်ဒမီ ကို သေချာပေါက် ရောက်အောင်သွားမယ်။ ငါတို့ သုံးယောက်လုံး အတူတူသွားမယ်!”

“စာမေးပွဲ အဆုံးသတ်ပါပြီ”

အီလက်ထရွန်နစ်အသံတစ်ခု ထွက်ပေါ်လာသည်။

လန်ရွမ်းယုတို့သုံးယောက်ပျောက်သွားကာ သူတို့သည် လေ့ကျင့်ရေးကွင်းဝင်ပေါက်တွင်ပြန်ပေါ်လာကာ သူတို့ကိုစောင့် နေသော လင်းရီရီကို ပထမဆုံးတွေ့ကြလေသည်။

လင်းရီရီ သည် ထိုနေရာတွင် ရပ်နေပြီး သူတို့ကို စောင့်နေသည်။ သူတို့သုံးယောက်ကိုတွေ့တော့ ပြုံးပြီး ခေါင်းညိတ်လိုက်ပြလိုက်သည်။

“အမလင်၊ တခြားသူတွေရော ဘယ်မှာလဲ”

“သူတို့အားလုံးက အကုန်ပြန်သွားကြပြီ။ မင်းတို့သုံးယောက်က နောက်ဆုံးပဲ”

လျိုဖိန် က “ချန်းလိန်သာ စောစောစီးစီး ဝင်ခွင့်လက်ခံဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ရွမ်းယု နဲ့ ကျွန်တော်က တကယ်ပဲ အထုတ်ခံရမှာလား”

လင်းရီရီ ပြုံးလိုက်သော်လည်း တိုက်ရိုက်ပြန်မဖြေ

“မတူညီတဲ့ လမ်းကြောင်းတွေက မတူညီတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်။ အနာဂတ်မှာ ဒါတွေအားလုံးကို မင်းနားလည်လာပါလိမ့်မယ်။”

ချန်းလိန် က

“ကျွန်တော်သာ စောစောစီးစီးလက်ခံဖို့ ရွေးချယ်ပြီး သူတို့နှစ်ဦးကို စွန့်လွှတ်ခဲ့မယ်ဆိုရင်....အကယ်ဒမီက ကျွန်တော့်ကို တကယ်ပဲ လက်ခံမှာလား”

လင်းရီရီ ခေါင်းယမ်းလိုက်သည်။

“အဲဒါအတွက် အဖြေတော့ ငါလည်း မသိဘူး။ အကယ်ဒမီက ဆရာ ဆရာမတွေပဲ ပြောခွင့်ရှိတယ်။ ဒါပေမယ့် မင်းကို ငါပြောနိုင်တာက မင်းရဲ့အရည်အချင်းက တကယ်ထူးခြားတယ်.... မင်းကိုသဘောကျနေတဲ့ အကယ်ဒမီက ဆရာတွေရှိတယ်။”

“အမလင်၊ ငါတို့ရလဒ်တွေကရော…”

“မကြာခင်မှာ ဂြိုလ်အားလုံးရဲ့စာမေးပွဲရလဒ်တွေကို ပေါင်းစုပီးစရင်းထုတ်ပြန်လိမ့်မယ်...”

သုံးယောက်သား ပုံရိပ်ယောင်အခန်းထဲမှထွက်လာလေသည်။ ကျောင်းသားများမှာအမှန်တကယ်မပြန်သေးပဲ အပြင်တွင် စောင့်နေကြသည် ။ ကျီဟုန်ဘင်း... ရင်ထျန်းဖန် နှင့် အခြားဆရာများလည်း ရှိသည်။

ဆရာများသည် ရွမ်းယုတို့၏အခန်းများပွင့်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးထဲတွင် မျှော်လင့်ချက်များပြည့်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသုံးယောက်သည် ပုံရိပ်ယောင်ကမ္ဘာတွင် အခြားသူများထက် အချိန်များစွာပိုကြာနေသောကြောင့်ဖြစ်သည်။

အထဲမှာ ဘာတွေ ဖြစ်ခဲ့ကျတာလဲ....

အစောပိုင်ကထွက်လာသောကျောင်းသားများစီကအနည်းငယ်စီတော့သိထားလေသည်။

ကျီဟုန်ဘင်းသည် လန်ရွမ်းယုရှေ့သို့ရောက်လာလေသည်။ မေးခွန်းများမေးချင်နေသော်လည်း ရွမ်းယုတို့မှာအရမ်းပင်ပန်းနေပုံပေါ်နေသည်။

“ဆရာ....ငါတို့ စာမေးပွဲ အောင်ခဲ့တယ်၊ ဒါပေမယ့် ရလဒ်တွေကို သူတို့က ငါတို့ကိုပေးမသိဘူး.... အားလုံးအတူတူပေါင်းကြေငြာမယ်လို့ပဲ ပြောကြတယ်”

လန်ရွမ်းယုက သူ့ဆရာနှစ်ယောက်ကိုမြင်သောအခါပြောလိုက်သည်။

ကျီဟုန်ဘင်း ခေါင်းညိတ်ကာ ငြိမ်သက်သွားသည်။

ရင်ထျန်းဖန်က “မင်းရဲ့ ဆုံးဖြတ်ချက်တွေအရမ်းကောင်းတယ်လို့ အခြားသူတွေစီက ငါကြားရတယ်...ခုတော့ အရင်ပြန်အနားယူလိုက်.... ရလဒ်တွေက မနက်ဖြန်မှ ထွက်မှာ”

“ဟုတ်”

အထူးတန်း ကျောင်းသား ၂၁ ဦးလုံး အပြင် ထွက်လာခဲ့ကြသည်။ ကျောင်းသားအများစုမှာမျက်နာများမကောင်းကြ........

ဆန့်ကျင်ဘက်တွင် လုချန်းရွိမ် တို့သည် ပို၍ငြိမ်သက်သွားကြသည်။ လန်ရွမ်းယု၏သတိပေးချက်ကြောင့် ၎င်းတို့သည် အချိန်ပိုကြာကြာခံနိုင်ခဲ့ပြီး ချော်ရည်အိမ်မြှောင်အများအပြားကိုပင် သတ်နိုင်ခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

လုချန်းရွိမ်က ရွမ်းယုဘေးနာရောက်လာကာပြောလိုက်သည်။

“ဘာမှမလိုပါဘူး။ ငါတို့အားလုံးက အတန်းဖော်တွေပဲ.... ငါသတိပေးတာ တော်တော်နောက်ကျသွားတာစိတ်မကောင်းဘူး။ မဟုတ်ရင် လူတိုင်းရဲ့ ရလဒ်တွေက ပိုကောင်းလာနိုင်တယ်။”

“ငါတို့ အပြင်ထွက်ပြီးတော့ မင်းတို့ ဘယ်လို ဆက်ဖစ်ကြတာလဲ။ အဲဒီတုန်းက မင်းတို့အသင်းလည်း ထွက်သွားရပြီလို့ ငါထင်ခဲ့တာ”

ရွမ်းယုကဖြစ်ပျက်သမျှကိုပြောပြလိုက်လေသည်။