Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

“နောက်ပိုင်းပြိုင်ပွဲတွေမှာ ဆက်လက်ပါဝင်နိုင်ရင် ငါတို့ မဟာမိတ်ဖွဲ့ကြစို့။ ဘယ်လိုလဲ?”

လုချန်းရွိမ် စိတ်အားထက်သန်စွာ မေးလိုက်သည်။

အမြဲတမ်း မာနကြီးတတ်တဲ့ လုချန်းရွိမ်ကထိုစကားပြောလာသောအခါ လန်ရွမ်းယု လန့်သွားခဲ့သည်။ ထို့နောက် လုံချန်းရွိမ်က အံ့ဩစရာနောက်စကားတစ်ခွန်းကိုပြောလိုက်လေသည်။

“မင်း ဦးဆောင်ပါ... ငါတို့အဖွဲ့ကိုလည်းမင်း ဦးဆောင်မ”

လန်ရွမ်းယုက

“ကောင်းပြီ။ လက်တွဲလုပ်ရမယ့် အချိန်ရောက်လာရင် အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိစေရဘူး”

လုချန်းရွိမ်တို့အဖွဲ့မှာလည်း သန်မာကြသည်။သူတို့နှင့်မဟာမိတိဖွဲ့ ခြင်းသည်မကောင်းသောအရာမဟုတ်ပေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။ ရဲလင်းတုံကတော့ ထိုစကားများကို နားထောင်ရင်း သူနှင့်လန်ရွမ်းယုတို့၏အတိတ်ကဖြစ်ရပ်များကိုပြန်တွေးနေမိသည်။

………..

ရွမ်းယုတို့အခန်းပြန်ရောက်သွားကြတာ အနားယူကြတော့သည်။ ထို့နောက် သုံးယောက်သား တရားထိုင်ကြလေသည်။

ရွမ်းယု သည် သူ့ကုတင်ပေါ်တွင် ထိုင်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား စီးဆင်းမှုကို တဖြည်းဖြည်းချင်း ခံစားလိုက်ရသည်။ အတွေးများနှင့်အတူ တရားထိုင်ခြင်းတွင် တဖြည်းဖြည်း နှစ်မြုပ်သွားခဲ့သည်။ တိတ်ဆိတ်နေသည့်အချိန်တွင် နဂါးကြီးတစ်ကောင်း၏ဟိန်းသံကို သူကြားနေရသလို အာကာသထဲသို့ တစ်ဖန်ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ဧရာမရွှေနဂါးကြီးက သူ့ရှေ့မှာ ဖြတ်ပြေးသွားပြီး ပင်လယ်ဓားပြ စစ်သင်္ဘောများပေါ်သို့ ရုတ်တရက်တိုက်ခိုက်နေလေသည်။ ထို့နောက် သူ့နားထဲတွင် ချော်ရည်မီးနဂါး၏ ခြေသံများကို ဆူညံစွာကြားလိုက်ရသည်။ ထို့နောက် ထန်လီရဲ့ ရွှေနဂါးရှစ်ကောင်ဖြင့် စစ်သင်္ဘောတစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်လိုက်သည့်ခြေဆောင့်ချက်ကိုပြန်မြင်နေခဲ့သည်။

နောက်တစ်နေ့မနက်စောစော.....

ချန်းလိန်နှင့် လျိုဖိန် နိုးလာကြသည်။

ချန်းလိန် သည် လန်ရွမ်းယု တရားထိုင်နေဆဲဖြစ်သည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။ လျိုဖိန်လည်း ထပ်တူထပ်မျှ အံ့သြသွားသည်။

စာမေးပွဲအပြီးတွင် လူတိုင်း အနားယူကြသည်။ သူတို့နှစ်ယောက် အိပ်ရာဝင်ချိန်တွင် လန်ရွမ်းယုတရားထိုင်နေဆဲ ဖြစ်သည်။ မနက်စာစားချိန်အထိ လန်ရွမ်းယုသည် တရားထိုင်နေဆဲဖြစ်ပြီး နိုးလာမည့် အရိပ်အယောင်မပြပေ။ ချန်းလိန်တို့ နှစ်ယောက်သား ထမင်းစားသွားကာ ရွမ်းယုအတွက် စားစရာများပင်ယူလာခဲ့သည်။

သို့သော် ညစာစားချိန်ရောက်လာသည်ကိုပင် ရွမ်းယု နိုးထလာမည့် အရိပ်အယောင်ကို မပြပေ။ သူတို့နှစ်ယောက်မှာလည်း ရွမ်းယုကို မနှောင့်ယှက်ဝံ့ပေ။

သို့သော် ရွမ်းယု ၏အသက်စွမ်းအားသည် တည်ငြိမ်နေပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အားနည်းသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ သူနိုးမလာပေ။ သူတို့ ဘာလုပ်သင့်သလဲ။

လျိုဖိန်သည် ချန်းလိန်ကိုခေါ်ကာ အပြင်ကို ညွှန်ပြပြီး အသံမထွက်ဘဲ ကုတင်ပေါ် နှစ်ယောက်သား အပြင်သို့တိတ်တိတ်လေး ထွက်သွားကြလေ သည်။