အခန်း (၁၆၆)
Vol. 11 Ch. 166
နှစ်ယောက်စလုံး စကားအနည်းငယ်ပြောပြီး လန်ရွမ်းယု တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်ကာ နောက်ဆုံးတွင် ဆရာများကို သွားရှာရန် ဆုံးဖြတ်လိုက်ကြသည်။
ခဏအကြာတွင် မုကျုံးထျန် နှင့် ကျီဟုန်ဘင်းတို့ ရောက်လာခဲ့သည်။ ပထမတော့ သူတို့သည် မုကျုံးထျန်ကိုသာ အကြောင်းကြားခဲ့သော်လည်း ကျီဟုန်ဘင်းသည် ထိုအချိန်တွင် မုကျုံးထျန်နှင့်အတူ စာမေးပွဲ၏ ရလဒ်ကို စောင့်ဆိုင်းနေခဲ့သည်။ လန်ရွမ်းယု တစ်ခုခုဖြစ်နေကြောင်း ကြားလိုက်ရတဲ့အခါ ကျီဟုန်ဘင်းလည်း ချက်ခြင်း အမြန်ပြေးလာခဲ့လေသည်။
အိပ်ဆောင်ထဲဝင်သွားသောအခါ ကျီဟုန်ဘင်း သည် ငြိမ်သက်စွာ တရားထိုင်နေသော လန်ရွမ်းယုကို ချက်ချင်းတွေ့လိုက်ရသည်။ သူသည် ကျန်လူများကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် ကျီဟုန်ဘင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး လန်ရွမ်းယု ပတ်လည်ရှိ စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား အတက်အကျများကို တိတ်တဆိတ် စစ်ဆေးလိုက်သည်။
ခဏကြာတော့ ကျီဟုန်ဘင်းကအားလုံးကိုအပြင်ထွက်ရန် လက်ဟန်ပြလိုက်သည်။
အပြင်တွင်....
“ဆရာကျီ....ရွမ်းယု အဆင်ပြေရဲ့လား”
ကျီဟုန်ဘင်း က ရယ်မောလိုက်ပြီး “သတင်းကောင်းပါ.....ရွမ်းယုက အခူတရားထိုင်ခြင်းရဲ့အမြင့်ဆုံးအခြေလို့ပြောလို့ရတဲ့ နက်နဲတဲ့တရားထိုင်ခြင်းအခြေအနေကိုရောက်သွားတာ...
ဒီလိူဖြစ်တာက တစ်ခုခုကိုကျော်ဖြတ်မှဖြစ်တတ်တာ...ရွမ်းယုကဘာကိုကျော်ဖြတ်ဖို့ကြိုးစားနေတာလဲမသိဘူး...ဖြစ်နိုင်မလားး....သူ ရဲ့ဝိညာဥ်ရေးရာစွမ်းအားက ၄၉၉ဆိုတော့ သူ ၅၀၀ကိုကျော်နေတာဖြစ်မယ်....ပြောရရင် သူအခုဝိညာဥ်ပင်လယ်ဘုံအဆင့်ကိုရောက်တော့မယ်....ဝိညာဉ်ကွင်းခြောက်ကွင်း ....ဝိညာဥ်ဧကရာဇ်အဆင့်တွေတောင်အဲ့အဆင့်မှာပဲရှိတယ်........ မနေ့က စာမေးပွဲြ သူ့ကို အတော်လေးအကျ်ုးရှိသွားစေတာပဲ”
“နက်နဲတဲ့ တရားထိုင်ခြင်း?”
မုကျုံးထျန် အံ့သြသွားသည်။ နက်နဲသော တရားအားထုတ်ခြင်းဟူသည့်အဓိပ္ပါယ်ကိုသူသေချာသိသည်။ ဝိညာဉ်မာစတာတိုင်းထိုအခြေအနေကိုလိုချင်ကြသည်။ ပြီးတော့ ဝိညာဉ်ပင်လယ်ဘုံအဆင့် ဝိညာဥ်ရေးရာစွမ်းအား.......ဆရာဖြစ်သောသူမပင် ထိူအဆင့်သာရှိသည်။ ရွမ်းယုအသက်ကရော ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်ဖြစ်သည်။ ပါရမီရှင်များး၏ကမ္ဘာကို မုကျူံးထျန်နားကိုမလည်နိုင်တော့ပေ။
“ လျိုဖိန်.... ချန်းလိန်.... မင်းတို့နှစ်ယောက်လုံး ဒီရက်ပိုင်း အတန်းမတက်ရဘူး။ အဆောင်ထဲမှာပဲနေပြီး ရွမ်းယု ကို ဂရုစိုက်ပါ။ နိုးလာတဲ့အထိ ဘယ်သူမှ သူ့ကို မနှောင့်ယှက်စေနဲ့.... သူရမဲ့ ရလဒ်က သေးသေးလေး မဟုတ်ဘူး။ သူနိုးလာတဲ့အခါ သူဘယ်လိုခံစားခဲ့ရလဲဆိုတာကိုမေးကြ.... အနာဂတ်မှာ မင်းတို့နှစ်ယောက်စလုံး အဲ့နယ်ပယ်ထဲကို ဝင်တဲ့အခါ အထောက်အကူဖြစ်နိုင်တယ်။”
“ဟုတ်ကဲ့ ဆရာကျီ”
………….
ကောင်းဝိညာဥ်ဂြိုလ်မှ ကျောင်းသားအဖွဲ့ ၁၀၀၀၀ ဝင်ပြိင်ခဲ့ပြီး ထိပ်ဆုံးရသောအဖွဲ့ ၁၀၀ သာ နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်သည် ။
ဟုတ်ပါတယ်၊ ထိုအဖွဲ့ 100 သည် စုစုပေါင်း လူ 300 နောက်တစ်ဆင့်ကို တက်သည်ဟု ဆိုလိုသည်။
“ထွက်လာပြီ!”
မုကျုံးထျန် အလောတကြီး အော်ပြောလိုက်ရာ
ကျီဟုန်ဘင်းသည် သူ့ရှေ့ရှိ ဝိညာဥ်ဖန်သားပြင်ကိုအမြန်ကြည့်လိုက်သည်။
ပထမဆူံးပေါ်လာသောစရင်းမှယ အဆင့် ၉၁ မှ အဆင့် ၁၀၀ ဖြစ်သည်။
နာမည်များ ပေါ်လာပြီး နောက်တွင် ကျောင်းနှင့် အမှတ်များရေးထားလေသည်။
မုကျုံးထျန် ရင်းနှီးသော နာမည်များပါလာသည်။
“အဆင့် ၉၉....ကျင်းရှန်.... ထန်ရွယ်....လီဖန်ပင်.....ကျောင်းကင်ဝိညာဥ်အကယ်ဒမီ.... စုစုပေါင်းရမှတ် ၃၉မှတ်”
“ဟားဟား၊ ကျင်းရှန်တို့အဖွဲ့ ဝင်သွားပြီ.... အရမ်းကောင်းပါတယ်။”
မုကျုံးထျန် အလွန်စိတ်လှုပ်ရှားနေသဖြင့် ခုန်ပေါက်လုနီးပါးပင်....
ထို့အပြင် ကျင်းရှန်တို့အဖွဲ့သည် အချိန်အကြာကြီးမနေနိုင်ခဲ့ သူ့တို့အဖွဲ့ထက် ပိုကြာသောအခြားအသင်းလေးခုရှိသည်ကို သူမ သတိရမိသည်။
Endend……