အခန်း (၁၆၇)
Vol. 11 Ch. 167
ထို့ကြောင့် ကျင်းရှန်းတို့အဖွဲ့အပါအဝင် အထူးတန်းမှ အဖွဲ့ငါးဖွဲ့ ဆန်ခါတင်စာရင်းဝင်မည်ဟုခန့်မှန်းနိုင်လေသည်။ ကျန်တဲ့ လေးသင်းရဲ့ ရလဒ်က ပိုကောင်းမည်မှာ သေချာသည်။
ကျင်းရှန်တို့ အဖွဲ့မှာ တစ်မိနစ်သာအသက်ရှင်ခဲ့ခြင်းဖြစ်သည်။
ဖန်သားပြင်ပေါ်တွင် အမည်များ တစ်ဖန်ပြောင်းလာသည်။ ဤအကြိမ်သည် အဆင့် 81မှ အဆင့် 90ထိဖြစ်သည်။ မကြာခင်မှာပင် ရင်းနှီးသော နာမည်တချို့ကို ပြန်တွေ့လိုက်ရသည်။
အဆင့်75 နေရာသည် အထူးတန်းမှဖြစ်သည်။ ထို့အတူ အဆင့် 67 နေရာသည်လည်းအထူးတန်းမှဖြစ်သည်။
အဖွဲ့သုံးဖွဲ့ ဆန်ကာတင်စာရင်းဝင်သွားပြီး လန်ရွမ်းယု နှင့် လုချန်းရွိမ်တို့၏အဖွဲ့များ မပေါ်သေးပေ.......
နာမည်စာရင်းပြောင်းသွားသသည်။ ထိပ်တန်းအဆင့် 30 သို့ရောက်ရှိသော်လည်း ရွမ်းယုတို့နှစ်ဖွဲ့ပေါ်မလာသေး......
“ပေါ်မလာနဲ့... ပေါ်မလာနဲ့!” မုကျုံထျန်ဆုတောင်းနေခဲ့သည်။
အဆင့် 21 မှ 30 အမည်စာရင်းများ ထွက်ပေါ်လာခဲ့သည်။ မုကျုံးထျန် လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ရာ သူသိသောအမည်များကို မတွေ့လိုက်ရပေ။
“ဟာဟား၊ အရမ်းကောင်းတယ်။ ထိပ်ဆုံး 20 သူတို့အသင်းတွေက ထိပ်ဆုံး 20 ထဲမှာပဲ.....!”
ကျီဟုန်ဘင်းလည်း စိတ်လှုပ်ရှားနေလေသည်။
ထိပ်တန်းအသင်း 20 ....၎င်းသည် ဂြိုလ်ပေါင်းစုံရှိအသင်းများ၏ ထိပ်ဆုံး အသင်း 20 ဖြစ်သည်။
အဆင့် 11 မှ 20 အထိ အမည်စာရင်း ထွက်ပေါ်လာခဲ့သည်။
သူတို့နာမည်တွေ မပါခဲ့!
မုကျုံးထျန် ရယ်မောရင်း
“ထိပ်ဆုံး ၁၀ သင်း သူတို့က ထိပ်ဆုံး ၁၀ သင်းထဲမှာပဲ။ အရမ်းကောင်းတယ်။ ဟားဟား.... ထိပ်ဆုံး 10 သင်းထဲမှာ အထူးတန်းက နှစ်သင်းပါတယ်...... ရှီလိုင်ခဲ့အကယ်ဒမီကိုဝင်ဖို့ မျှော်လင့်ချက်ရှိသွားပြီ....ဟားဟားးးး”
နောက်ဆုံးတွင် နောက်ဆုံးအမည်စာရင်း ပေါ်လာသည်။
အဆင့် ၉.....လုချန်းရွိမ်.... .. ရဲလင်းတုံ.... ချန်ကျင်းရီ ....ကောင်းကင်ဝိညာဥ်အကယ်ဒမီ..... စုစုပေါင်းရမှတ်... ၅၃၉ “
“အဆင့် ၉ နေရာ.... အဲ့တာဆို ရွမ်းယုတို့အဖွဲ့က ... “
အပေါ်ဆုံး နာမည်တန်းမှာ....
ချန်ပီယံ....လန်ရွမ်းယု....ချန်းလိန်....လျိုဖိန်....ကောင်းကင်ဝိညာဥ်အကယ်ဒမီ.... စုစုပေါင်းရမှတ် ၂၀၃၄၁ မှတ် “
မုကျုံးထျန်နှင့် ကျီဟုန်ဘင်းစကားပင်မပြောနိုင်တော့......
ပထမနေရာ....ချန်ပီယံ..... ချန်ပီယံသည် ကောင်းကင်ဝိညာဥ်အကယ်ဒမီ မှဖြစ်သည်။ ၎င်းသည် အထူးတန်း မှဖြစ်သည်။
“ဘာလဲ… ဒီစုစုပေါင်းရမှတ်က ဘာလဲ။”
ကျီဟုန်ဘင်း ရုတ်တရက် အံကြိတ်ကာ မေးလိုက်သည်။
မုကျုံးထျန်လည်း မျက်လုံးများကို ပွတ်သပ်လိုက်တယ်။
၂၀၃၄၁ မှတ်...
ဘာလဲ....
ဒုတိယနေရာမှာ ၁,၂၃၁ မှတ်....
ဒါက…
တစ်နည်းဆိုရသော် ပထမနေရာသည် ဒုတိယနေရာထက် ရမှတ် ၁၉,၀၀၀ ပိုများသည်။ ကျန်တဲ့ 99 သင်းရဲ့ စုစုပေါင်းရမှတ်တွေကပင် လန်ရွမ်းယုတို့ကို မယှဉ်နိုင်ပေ။
“မှားရေးထားတာလား” မုကျုံးထျန် တုန်လှုပ်သွားသည် ။
ကျီဟုန်ဘင်း က “မဖြစ်နိုင်ပါဘူး..ရှီလိုင်ခဲ့ကစေ့စပ်တယ်.....မမှားနိုင်ဘူး...ဟိုကောင်တွေ ဒီလောက်အမှတ်တွေဘယ်လိုရလာတာလဲ …”
“မဖြစ်ဘူ....သူတို့ဘာလုပ်ခဲ့တာလဲဆိုတာ ငါမေးရမယ်! ဒါကနောက်နှစိတွေအတွက် အရေးကြီးတဲ့အချက်အလက်ဖြစ်လာနိုင်တယ်”
မုကျုံးထျန်ပြေးထွက်သွားခဲ့သည်။ ကျီဟုန်ဘင်းလည်းနောက်မှာ လိုက်သွားခဲ့သည်။
“ဘယ်လို? ငါတို့က ပထမလား...... ချန်ပီယံ?”
ချန်းလိန် ထိတ်လန့်သွားသည်။
လျိုဖိန်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
“ဒုတိယနေရာကအသင်းက ရမှတ် ၁၀၀၀ ကျော်ပဲ ရခဲ့ပေမယ့် မင်းတို့အသင်းရဲ့ ရမှတ်က ၂၀၀၀၀ ကျော်တယ် ....မင်းတို့ ဘာလုပ်ခဲ့လဲ။”
မုကျုံးထျန်ကစိတ်ဝင်စားစွာမေးနေလေသည်။
ချန်းလိန် နှင့် လျိုဖိန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် ခေါင်းယမ်းလိုက်ရင်း
“ငါတို့ ပြောလို့မရဘူး...ရွမ်းယုကိုပဲမေးလိုက်ပါ..... နောက်ဆုံးပိုင်းမှာ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောဖို့ မနေ့က သဘောတူထားတယ်....... ”