Chapters

အခန်း (၁၆၈)

Vol. 11 Ch. 168

အခန်း (၁၆၈)

Vol. 11 Ch. 168

“ဘာလဲ။ လျှို့ဝှက်ထားမလား?”

ချန်းလိန် ကရယ်ရင်း

“ ပြောတာ မပြောတာက ရွမ်းယု ဆုံးဖြတ်ထားတာ..... သူနိုးလာတဲ့အခါ သူ့ကို မေးလို့ရတယ်။ သူဆန္ဒရှိရင် ပြောမှာပါ။ မဟုတ်ရင် ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်ပဲ... ဟဲဟဲ”

ချန်ပီယံ.... ချန်ပီယံ.....

ချန်းလိန်သာ ရှီလိုင်ခဲ့ကိုစောစီးစွာဝင်ခွင့်ရခြင်းကိုငြင်းပယ်ခဲ့ကြောင်း မုကျူံးထျန်သိပါက ဘယ်လောက် အံ့သြသွားမလဲ.....

နောက်ဆုံးတော့ ရင်ထျန်းဖန်ရောက်လာလေသည်။ သူလည်းစရင်းကိုတွေ့သွားသောကြောင့်ဖြစ်သည်။

“နက်နဲ့တဲ့ တရားထိုင်ခြင်းအခြေအနေလား?”

“ဝိညာဉ်ပင်လယ်ဘုံ? သူက ဝိညာဉ်ပင်လယ်ဘုံအဆင့်ကိုရောက်အောင်လုပ်နေတာလား.... ဟားဟား၊ သူက တကယ်ကို ငါ့တပည့်ပဲ။ စုစုပေါင်းရမှတ်အကြောင်း နောက်မှပြောမယ်။ ဒါနဲ့ ရှီလိုင်ခဲ့စာမေးပွဲရဲ့ နောက်တစ်ဆင့်က ဘယ်တော့စမှာလဲ”

“သုံးရက်လောက်ကြာရင်”

မုကျုံးထျန် အသေးစိတ်အချိန်ဇယားကို အမြန်ဖြေလိုက်သည်။

“တရားထိုင်တဲ့ကာလက မှန်းလို့မရဘူး။ သုံးရက်အတွင်း နိုးလာနိုင်လား။ ပြီးတော့ သူတို့က ချန်ပီယံတွေဆိုတော့ ရှီလိုင်ခဲ့ရဲ့ Lucky Wheel ကို လှည့်ရဦးမှာ..... ”

ရင်ထျန်းဖန်က စိတ်လှုပ်ရှားနေခဲ့သည်။

သူနဲ့ ကျီဟုန်ဘင်းတို့ နှစ်ယောက်စလုံး Lucky Wheel အကြောင်း ကြားဖူးသော်လည်း တကယ်မမြင်ဖူးကြပေ။ Lucky Wheel လှည့်ဖူးတဲ့ ကျောင်းသားများဟာ ရှီလိုင်ခဲ့အကယ်ဒမီ တွင် စာရင်းသွင်းပါက အတွင်းစည်းထဲကို ဝင်ရန် အခွင့်အလမ်း အရမ်းများလေသည်။ ကျီဟုန်ဘင်းနှင့်ရင်ထျန်းဖန်တို့သည် ထိုအကြောင်းကို ကွက်ကွက်ကွင်းကွင်း အမှတ်ရနေခဲ့သည်။

“ အချိန်ရပါမယ်။ ရွမ်းယု သိပ်ကြာမှာမဟုတ်ဘူး”

ကျီဟုန်ဘင်းကဝင်ပြောလိုက်သည်။

ညမိုးချုပ်သောအခါတွင် ရွမ်းယုပြန်နိုးလာတော့သည်။ သူရဲ့ ကမ္ဘာတွင် ရွှေနှင့် ငွေစွမ်းအားများသည် စည်းချက်ညီစွာ စီးဆင်းနေပြီး သူသည် ယခုအခါ အရာအားလုံးကို ယခု ပိုမို ရှင်းလင်းစွာ မြင်နိုင်လာသည်။

မျက်လုံးကိုပင်မဖွင့်ပဲ လျိုဖိန် နှင့် ချန်းလိန် တို့နှစ်ယောက်လုံး အိပ်ဆောင်ထဲတွင် တရားထိုင်နေကြသည်ကို လန်ရွမ်းယု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အိပ်ဆောင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ဖုန်မှုန့်အမှုန်အမွှားများကိုပင် သတိပြုမိသည်။

သူ၏ ဝိညာဉ်စွမ်းအားများသည် ပင်လယ်ကဲ့သို့ ကျယ်ဝန်းလာသည်...... ဤသည်မှာ ... ဝိညာဉ်ပင်လယ်ဘုံစွမ်းအားဖြစ်သည်။

ငါ့ဝိညာဉ်ရေးရာစွမ်းအားအဆင့်တက်သွားပြီလား?

ချန်းလိန်သည် ရွမ်းယုနိုးလာတာကို ခံစားမိခဲ့ပုံပေါ်သည်.....

“နိုးပြီလား?” ချန်းလိန် အပြုံးဖြင့် မေးလိုက်သည်။

လျိုဖိန်လည်း နိုးလာကာ ရွမိးယုအားပျော်ရွှင်စွာနဲ့

“ရွမ်းယု မင်းသိလာ....ငါတို့က ချန်ပီယံ..အခုပထမအဆင့်စာမေးပွဲမှာ ချန်ပီယံပဲ”

“ချန်ပီယံ” ရွမ်းယုအံ့အားသင့်သွားသည်။

“ဟုတ်တယ်! ဆုပေးမယ်လို့လည်း ကြားတယ်။ ကျေးဇူးပဲ၊ အခု မင်းနိုးလာပြီ။ ဒီလိုမှမဟုတ်ရင် ငါတို့နှစ်ယောက်တည်း မနက်ဖြန် ဆုသွားယူရလိမ့်မယ်။ Lucky Wheel ကို မင်းကြားဖူးလား။ ငါတို့ တစ်ယောက် တစ်ကြိမ် လှည့်ရမယ်တဲ့!”

“ရှီလိုင်ခဲ့အကယ်ဒမီက ငါတို့ကို ဆုချတာလား”

ချန်းလိန် ခေါင်းညိတ်လိုက်သည်။

“ငါအခုဗိုက်ဆာနေတယ်!”

“မင်း တရားထိုင်တာ နှစ်ရက်ရှိပြီ မင်းဗိုက်ဆာနေမှာ သေချာတယ်။ ငါတို့နဲ့လိုက်ခဲ့..ထမင်းသွားစားမယ်.....”

ရွမ်းယုတို့သည် ရင်ထျန်းဖန်ကိုသွားရှာခဲ့ကြသည်။ ထို့နောက် ရင်ထျန်းဖန်ကစားသောက်ရန်စီစဥ်ပေးခဲ့သည်။ ရွမ်းယုစားပုံကတော့ကြောက်စရာပင်....သို့သော် ရင်ထျန်းဖန်ကျေနပ်နေမိသည်။

ထို့နောက် ရင်ထျန်းဖန်သည် ရွမ်းယုရဲ့ ဝိညာဉ်ရေးရာ စွမ်းအားကိုစမ်းပေးခဲ့သည်။

အမှတ် 505 မှတ်.....

ဤသည်မှာ နောက်ဆုံးတွင် ရွမ်းယုသည် ဝိညာဉ်ပင်လယ်ဘုံသို့ ဝင်ရောက်ခဲ့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

“အမှန်အတိုင်းပြော.... မင်းတို့ အမှတ် 20,000 ကျော်ကို ဘယ်လိုရခဲ့တာလဲ”

ကျီဟုန်ဘင်းလည်းရောက်လာကာ ထိုမေးခွန်းကိုမေးလေသည်။

လန်ရွမ်းယုသည် ဆရာနှစ်ယောက်အား အမှန်တရားကို ဖုံးကွယ်ရန် မဝံ့ရဲပေ....

နောက်ဆုံးအပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။

“မဆိုးပါဘူး၊ မင်းက ငါ့တပည့်ပဲ”

ရင်ထျန်းဖန် ရယ်မောလိုက်သည်။

လန်ရွမ်းယုကရုတ်တရက်

“ဆရာတို့ နှစ်ယောက်လုံးက အရင်က ရှီလိုင်ခဲ့အကယ်ဒမီက ကျောင်းသားတွေလားး...?”

ထိုမေးခွန်းကိုကြားသောအခါ ရင်ထျန်းဖန် တိတ်ဆိတ်သွားတယ်။

“အင်း၊ ဟုတ်တယ်....ငါက ရှီလိုင်ခဲ့အပြင်စည်းကနေ ဘွဲ့ရခဲ့ပေမယ့် အများကြီးမအောင်မြင်ခဲ့ဘူး....ငါက အဲ့တာကြောင့် ငါ့အမေကို အရှက်တကွဲဖြစ်စေခဲ့တယ်”

ကျီဟုန်ဘင်းက သူ့အကြောင်းပြောလေသည်။