အခန်း (၁၆၉)
Vol. 11 Ch. 169
ရင်ထျန်းဖန်က “ငါကတော့ရှင်းပါတယ်.....ငါကရှီလိုင်ခဲ့ကအထုတ်ခံခဲ့ရတာ..... ဒါပေမဲ့ ဘာဖစ်လဲ... အနည်းဆုံးတော့ ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို အားကိုးပြီး အာကာသယာဥ်တပ်ကိုအုပ်ချုပ်ခဲ့တယ်..... ငါက ရှီလိုင်ခဲ့အကယ်ဒမီ အာကာသဋ္ဌာနကကျောင်းသားပဲ”
ထိုစကားကိုပြောနောက် ရင်ထျန်းဖန်မျက်လုံးထဲတွင် ဝေဒနာတစ်ခု ပေါ်လာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ပေါ်ပေါက်လာတိုင်း ရင်ထျန်းဖန် နှလုံးသားက နာကျင်နေဆဲပင်.....
ကျီဟုန်ဘင်းက
“အဲ့ဒီအဖြစ်အပျက်က မင်းအပြစ်လုံးဝမဟုတ်ပါဘူး။ မင်းရဲ့တိုက်ပွဲစွမ်းအားက မပြင်းထန်ပေမယ့် ကွပ်ကဲတဲ့ကဏ္ဍမှာ မင်းကအရမ်းထူးချွန်တယ်။ အဲ့အချိန်တုန်းကလည်း ငါတို့အားလုံးက မင်းကို အတွင်းစည်းထဲဝင်နိုင်မယ်လို့ ထင်ခဲ့ကြတာ.... “
ရင်ထျန်းဖန်ကသူ့လက်ကို ဝှေ့ယမ်းပြီး
“ရပ်လိုက်တော့. အခုအဲ့တာတွေ ပြောစရာ အကြောင်းမရှိတော့ဘူး.... ရွမ်းယု.... ငါတို့ကဆရာတပည့်ဖြစ်နေပြီဆိုတော့ ငါ မင်းကို ငါဘာလို့ အရင်ကကျောင်းထုတ်ခံခဲ့တာလဲဆိုတာ မင်းကို သင်ခန်းစာ ရအောင်ပြောပြမယ်။”
ထို့နောက် သူသည် လျိုဖိန် နှင့် ချန်းလိန် ကို ကြည့်လိုကိသည်။
“မင်းတို့နှစ်ယောက်က ဒီမှာ ဘာကိစ္စရှိနေတာလဲ။ ကျီဟုန်ဘင်း...မင်းဒီကောင်တွေကို ခေါ်သွားတော့....”
ကျီဟုန်ဘင်းက ခေါင်းခါယမ်းကာစိတ်ပျက်လက်ပျက်နဲ့
“မင်းတို့နှစ်ယောက် ငါ့နောက်ကို လိုက်ခဲ့ကြတော့”
ရုံးခန်းထဲတွင် လန်ရွမ်းယု နှင့် ရင်ထျန်းဖန် သာ ကျန်တော့သည်။
“ ပြောရရင်တော့ ငါ ဒီလို အထုတ်ခံရတာကို နည်းနည်းမှ လက်မခံနိုင်သေးဘူး”
ရင်ထျန်းဖန် သက်ပြင်းချလိုက်တယ်။
“ကျီဟုန်ဘင်း ပြောတာ မှန်တယ်၊ အဲဒီအချိန်က အတွင်းစည်းထဲကိုဝင်ဖို့ ငါ တော်တော်လေးကို ယုံကြည်မှုရှိတယ်။ အဲ့တုန်းက ငါကလည်း တော်တော်ချောတယ်။ အတန်းထဲမှာ ငါ့ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ သူတို့ကလည်း တော်တော်လှပြီး ရုပ်ရည်လည်း တော်တော်ချောတယ်။ အသက် 18 နှစ်အောက် မချစ်ကြိုက်ရဆိုတဲ့ အကယ်ဒမီရဲ့ စည်းမျဉ်းကြောင့် မဟုတ်ရင် ဟဲဟဲ”
လန်ရွမ်းယု ကြောင်သွားသည်။
‘ဆရာ၊ မင်း ပြောမဲ့ အကြောင်းအရာများ လွဲနေသလားလို့’
“အင်း အခုပြန်တွေးကြည့်တော့..... အဲဒီတုန်းက ဆရာက အာကာသစစ်ပွဲတွေမှာ ထူးချွန်ပြီး အနာဂတ်မှာ ထူးချွန်တဲ့အာကာသယာဥ်ဗိုလ်ချုပ် ဖြစ်လာနိုင်တယ်လို့တောင် ပြောကျတယ်။ဆရာ့ရဲ့ တစ်ခုတည်းသော ပြဿနာက မထင်မှတ်ထားတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရတာကို နှစ်သက်တာဖစ်ပြီးတော့ အံ့အားသင့်စရာတိုက်ခိုက်မှုတွေကနေ တစ်ဆင့် အောင်ပွဲကို သိမ်းပိုက်ချင်တာပဲ....”
“အဲဒီမှာ နှစ်အတော်ကြာ လေ့လာပြီးနောက်မှာတော့ ငါ့ရဲ့အရည်အချင်းကို တန်ဖိုးထားလာတဲ့ ဆရာအချို့ရှိခဲ့ပြီး အချို့ကတော့မကြိုက်ကြဘူး..... ဒါပေမယ့် ငါဂရုမစိုက်ဘူး၊ ငါကြိုးစားတယ်။ အဲဒီအချိန်အထိ…”
ထိုအချိန်တွင် သူ့မျက်လုံးများတွင် နာကျင်မှုအရိပ်အမြွက်များပေါ်လာပြန် သည်၊
“ ဆဌမတန်း နောက်ဆုံးနှစ် စာမေးပွဲမှာပဲ။ စာမေးပွဲပြီးရင် ဆရာ့အသက်က အသက် 18 နှစ်ရှိမယ်ထင်တယ်..... ဆရာအတွင်းစည်းကိူဝင်ဖို့ကြိုးစားနေခဲ့တယ်.... အတွင်းစည်းကို မဝင်နိုင်ရင် အပြင်စည်းမှာ လေးနှစ်လောက် ဆက်ပြီး ပညာသင်ယူနိုင်တယ်။ ဝင်ရင်တော့ ဘယ်လောက်ကြာမလဲ မသိဘူး။”
“ငါ ပြင်ဆင်ထားပြီးသားဖြစ်ပါ.... နောက်ဆုံး စာမေးပွဲမှာ ထူးချွန်ရင် အတွင်းစည်း စာမေးပွဲကို ဝင်ဖြေနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ငါနဲ့ အရင်းနှီးဆုံးဆရာက ငါ့ကိုအားပေးတယ်.... ငါက အဲ့အချိန်က အရမ်းမောက်မာလွန်းခဲ့ပြီးတော့ အခြားသူတွေစကား နားမထောင်ခဲ့ဘူး။ ငါ့ရဲ့ အကြီးမားဆုံး ပြဿနာကတော့ ငါ့အကျင့်ကိုမပြင်တာပဲ ...ပြင်ရမယ်ဆိုတာ သိလာတဲ့အချိန်က အရမ်းနောက်ကျသွားပြီ”
“အဲဒီနောက်ဆုံးစာမေးပွဲကို အဓိကတိုက်ပွဲတစ်ခုအနေနဲ့ သတ်မှတ်ထားပြီး အာကာသကွပ်ကဲမှုအတန်းမှာရှိတဲ့ ကျောင်းသားအားလုံး ပါဝင်ရတယ်။ ထို့နောက် ငါတို့ အုပ်စုတွေ ကွဲသွားခဲ့တယ်။ အုပ်စုတစ်ခုစီမှာ လူ သုံးဦးစီရှိပြီး”
“ငါက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး အဲဒီအသင်းဖော်နှစ်ယောက်ကိုသိပ်အထင်မကြီးခဲ့ဘူး... ဖြေနေရင်း ငါတို့အဝိုင်းခံလိုက်ရတယ်.....အဖွဲ့သုံးဖွဲ့ကမဟာမိတ်ဖွဲ့ပြီးတော့ ဆရာတို့အဖွဲ့ကိုဝိုင်းတိုက်ကြတယ်။ သူတို့က ငါ့ရဲ့ခွန်အားကို ကြောက်ကြတယ်...အဲ့တာကြောင့်ဝိုင်းတိုက်တာပဲ..... ငါသာမရှိရင် သူတို့ အတွင်းစည်းထဲကို ဝင်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ထင်ကြတယ်....”
“ဒါတွေကို ငါက ဂရုစိုက်ခဲ့ဘူး...... ငါချက်ချင်း သူတို့ကို တိုက်ခိုက်ခဲ့တယ်....နောက်ဆုံးတော့သူတို့ငါ့ကိုအရှုံးပေးခဲ့ရတယ်....”
“နောက်တော့ အဲဒီကျောင်းသားအဖွဲ့သုံးဖွဲ့က ငါနဲ့ ညှိနှိုင်းဖို့ ရွေးချယ်ခဲ့တယ်။ သူတို့နဲ့ငါပူပေါင်းပေးမယ်လို့ ကတိပြုခဲ့တယ်။”
“ ဒါပေမယ့် ပွဲပီးခါနီးမှာ သူတို့အားလုံးကိုငါသတ်လိုက်တယ်..... ငါ မမျှော်လင့်ထားတဲ့အရာက ငါ့အသင်းဖော်တွေကငါ့ကိုမယုံတော့တာပဲ... ငါပြောတာက သူတို့ကအစကတည်းကငါတို့ကိုတိုက်ခိုက်တာ.....ငါစပူးပေါင်းကတည်းက သူတို့ကိုသတ်ဖို့တွေးထားပြီးသား........အနည်းဆုံးတော့ အဲ့တာကပုံရိပ်ယောင်ကမ္ဘာထဲမှာပဲလေ...”
“ငါဘာကိုမှ ဂရုမစိုက်ခဲ့ဘူး”