အခန်း (၁၇၀+၁၇၁)
Vol. 11 Ch. 170+171
“စာမေးပွဲပြီးသွားတော့ ငါ ပထမနေရာကိုရခဲ့တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အကယ်ဒမီက ထုတ်ပယ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။ မဟာမိတ်ကိုပြန်သတ်တာကို သူတို့လက်မခံနိုင်ကြဘူး.... အဲ့တာကြောင့် ငါ့ကိုခေါင်းဆောင်တစ်ယောက်မဖြစ်ထိုက်ဘူးဆိုပြီးကျောင်းထုတ်လိုက်တယ်... ”
“ရှီလိုင်ခဲ့မှာရှိခဲ့တဲ့ ငါ့ ရဲ့ဂုဏ်ပုဒ်တွေအားလုံးကိုလည်း ဖျောက်ဖျက်ခံလိုက်ရတယ်။ ငါ့ကိုဘယ်ကျောင်းကိုမှမတက်နိုင်အောင် ရှီလိုင်ခဲ့အကယ်ဒမီကလုပ်လိုက်တယ်.... အဲဒီတုန်းကဆိုရင် ငါ နှစ်နှစ်လောက် လမ်းပျောက်သွားခဲ့တယ်.... ဒါပေမယ့် ငါ့ရဲ့ ဒေါသတွေပျောက်သွားတော့ တစ်ချို့အရာတွေကို နားလည်လာတယ်။ အဲဒီနောက်မှာတော့ ငါက အဲ့တုန်းက ငါ့ရဲ့ မဟာမိတ်တွေကို ရှာဖွေခဲ့ပြီး သူတို့ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ခဲ့တယ်။ ပြီးတော့ စစ်ထဲဝင်ဖို့ ရွေးချယ်ခဲ့တယ်။ ငါ့မှာ ဘာဘွဲ့မှမရှိတာမို့အောက်ခြေစစ်သားဘဝကနေစခဲ့ရတယ်.... နှစ် 20 ကြာခဲ့တယ်..... နောက်ဆုံးတော့..... နောက်ဆုံးတော့ ငါဟာ အာကာသယာဉ်ငယ်တစ်ခုရဲ့ ကပ္ပတိန်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ဗိုလ်ချုပ်ရာထူးကိုရခဲ့တယ်..... သို့သော် အရာအားလုံးက ထိုနေရာမှာပဲ ရပ်သွားတယ်။စစ်တပ်က ရှီလိုင်ခဲ့မှာရှိခဲ့တဲ့ ငါ့ရဲ့ မှတ်တမ်းကိုတွေ့သွားတယ်။ အဲ့တာကြောင့် ငါ့ရဲ့ရာထူးကိုရပ်လိုက်တယ်.... ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရာထူးမတိုးနိုင်တော့ဘူး။ အဲ့ဒီနောက် ငါ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဒီကိုရောက်လာတာပဲ။ ငါ့အမှားတစ်ခုက ငါ့ကိုအရာအားလုံးဆုံးရှုံးစေခဲ့တယ်...ငါပညာတွေကိုဘယ်တုန်းကမှ စစ်မြေပြင်မှာအသုံးမချခဲ့ရဘူး.....ရွမ်းယု မင်းမှတ်ထားရမယ်။ မင်း ငါ့ဆီက သင်ယူခဲ့တဲ့ ပရိယာယ်နည်းပရိယာယ်တွေ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းလမ်းမှန်မှန်ပဲသုံးရမယ်..... ငါ့လိုမလုပ်မိစေနဲ့..... ”
ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“ငါ အကယ်ဒမီကို မုန်းတီးတယ်။ ဒါပေမဲ့ ရှီလိုင်ခဲ့အကယ်ဒမီအတွင်းစည်းကိုမဝင်ခဲ့ရတာ ငါ့ဘဝရဲ့ အကြီးမားဆုံးနောင်တပဲ။ ရွမ်းယု....မင်းငါ့ရဲ့နောင်တကိုဖြည့်စည်းပေးဖို့ နဲ့ ဆရာ့အိပ်မက်ကို ပြီးမြောက်အောင်လုပ်ဖို့ ရှီလိုင်ခဲ့ အာကာသကွပ်ကဲမှုဌာနကိုဝင်ဖို့ ဆန္ဒရှိလား “
ရွမ်းယု ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“ ကောင်းပြီ ရွမ်းယု....မင်းပြန်ပြီး အနားယူတော့.... ”
အဆောင်သို့ပြန်ရောက်သောအခါ မုကျုံးထျန်ရောက်လာပြီး ဆုယူရန်အချိန်ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ ပုံရိပ်ယောင်ကမ္ဘာထဲတွင်ဖြစ်သည်။
လန်ရွမ်းယု...ချန်းလိန်နှင့် လျိုဖိန်တို့သည်ပုံရိပ်ယောင်ကမ္ဘာထဲသို့ မုကျုံးထျန်နှင့်အတူ ဝင်ခဲ့ကြသည်။
လင်းရီရီသည် ထိူနေရာတွင်စောင့်နေပြီဖြစ်သည်။
“မင်းတို့ သုံးယောက် ပထမနေရာကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းတို့ရဲ့ရမှတ်က ဝိညာဥ်ကုန်းမြေဂြိုလ်ကကျောင်းသားတွေထက်ကိုပိုများတယ်....”
လင်းရီရီက “ကောင်းပြီ မင်းတို့ ဆုတွေမဲနှိုက်ဖို့ ပြင်ထား”
ထိုသို့ပြောပြီးနောက် သူမသည် ကျပန်းမဲနှိုက်ရသောစက်ကြီးတစ်ခုကိုထုတ်လိုက်လေသည်။
ထို့နောက် စက်သည်စတင်လည်လာကာ အထဲတွင် ဘောလုံးလေးများပြေးနေလေသည်။ စက်ရှေ့တွင်လက်တစ်ဖက်စာဝင်နိုင်သောအပေါက်လေးတစ်ခုရှိလေသည်။
“မင်းတို့ အခု တစ်ယောက်တစ်လှည့်စီမဲနှိုက်လို့ရပြီ...အထဲကဘောလုံးတွေထဲအမှာအရာမျိုးစုံရှိတယ်.....အရာမျိုးစုံနော်......ဝိညာဉ်ကွင်းတွေ.....ပိုက်ဆံတွေ....ဆေးပင်တွေ.......ဝိညာဥ်ရိုးတွေ.....စိတ်ဝိညာဉ်တွေ.....သတ္ထုတွေ “
“ချန်းလိန်စနှိုက်ပါ”
“ကောင်းပြီ!”
ချန်းလိန် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ဘယ်လိုအရာမျိုးကိုရမလဲသူမသိပေ။
ချန်းလိန် စက်ထဲသို့လက်နှိုက်ကာဘောလုံးတစ်လုံးကိုယူလိုက်လေသည်။ ထို့နောက်
“ ဝိညာဉ်ကွင်းတွေအားလုံး နှစ် 500 သက်တမ်း တိုးစေ”
ချန်းလိန် ထိတ်လန့်သွားသည်။ ရွမ်းယုနှင့် လျိုဖိန်တို့လည်းအလားတူ အံ့အားသင့်သွားခဲ့သည်။
ဝိညာဉ်ကွင်းတွေ နှစ် 500 တိုးသွားမှာလား...
“လျိုဖိန်.....ရွေးပါ”
“ကောင်းပြီ”
လျိုဖိန်လည်း ဘောလုံးတစ်လုံးကိုနှိုက်လိုက်လေသည်။
“နှစ် ၂၀၀၀ သက်တမ်းရှိ ညာလက်မောင်းဝိညာဥ်ရိုးတစ်ခု....ဝိညာဥ်စေတီတော်မှ ပြုလုပ်ထားသောလူလုပ်ဝိညာဥ်ရိုး”
ဝိညာဉ်ရိုးလား..... ?
ဒီထက် ပိုကောင်းတဲ့ဆုမျိုး မရှိနိုင်တော့ပေ....
ရှေးခေတ်တွင် ဝိညာဉ်ရိုးများသည် ဝိညာဉ်သားရဲများတွင်သာ ပေါ်ထွက်လာတတ်သည်။ ပေါ်လာမည့် အခွင့်အလမ်းကလည်း အလွန်နည်းပါးပါသည်။
ဝိညာဥ်ရိုးအမျိုးအစား ခြောက်မျိုးရှိသည်။ ဦးခေါင်း၊ ခန္ဓာကိုယ်၊ ဘယ်လက်၊ ညာလက်၊ ဘယ်ခြေထောက်နဲ့ ညာခြေထောက်.....
ယခုခေါတ်တွင် လူလုပ်ဝိညာဥ်ရိုးများပြုလုပ်နိုင်နေပြီဖြစ်သည်။ မူလဝိညာဥ်ရိုးများကဲ့သို့မစွမ်းသော်လည်း အတိုင်းအတာတစ်ခုအထိတော့အစွမ်းထက်နေဆဲ ဖြစ်သည်။
“ လန်ရွမ်းယု...ရွေးတော့ “
လန်ရွမ်းယု ရှေ့တက်လာကာ ဘောလုံးတစ်လုံးကိုနှိုက်လိုက်သည်။
“မူလတန်းအဆင့် ဝိညာဉ်တက်ပလပ်ဖောင်းသို့ တစ်ကြိမ် ဝင်ရောက်ခွင့်”
ဝိညာဉ်တက်ပလပ်ဖောင်း... အဲဒါကဘာလဲ?
လင်းရီရီက သူတို့ကို ပြန်ခေါ်လာပြီး ပြုံးပြသည်။
“မင်းတို့ရဲ့ဆုတွေကို ကျောင်းကို ပို့လိုက်မယ်။
လန်ရွမ်းယုနဲ့ချန်းလိန်က ဝိညာဉ်စေတီတော်ကိုသွားရမယ်.... လျိုဖိန်ကတော့ ကျောင်းမှာပဲယူလို့ရတယ်... မင်းတို့ ရှီလိုင်ခဲ့စာမေးပွဲအားလုံးပြီးမှသွားကြတော့......”
ထိုစကားများပြောပြီးနောက် လင်းရီရီ ပျောက်သွားခဲ့သည်။