အခန်း (၁၇၂)
Vol. 11 Ch. 172
‘ဝိညာဉ်တက်ကြွပလပ်ဖောင်းက ဘာလဲ’
လန်ရွမ်းယု မသိပေ.....
သို့သော် မုကျုံးထျန်က ဝိညာဉ်တက်ပလပ်ဖောင်းအကြောင်းကိုရှင်းပြလေသည်။
မုကျုံးထျန်ရှင်းပြချက်ကိုကြားပြီးနောက် လန်ရှန်းယု ထိတ်လန့်သွားသော်လည်း စိတ်လည်းလှုပ်ရှားလာသည်။
သူစိုးရိမ်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ သူ၏ ဝိညာဥ်ကွင်းများ သည် အခြားသူများနှင့် မတူပေ။ သူသည် ယခင်က မည်သည့် စိတ်ဝိညာဉ်နှင့်မျှ မပေါင်းစပ်ခဲ့ဖူးပေ။ ထို့ကြောင့် ဝိညာဥ်တက်ပလက်ဖောင်းတွင် သူ၏ဝိညာဥ်ကွင်းများကိုအဆင့်တက်ရမရ သူမသေချာပေ။
မုကျုံးထျန်က ရွမ်းယုတို့ကို ကျီဟုန်ဘင်းတို့စီသို့ပြန်ခေါ်သွားခဲ့သည်။
ရင်ထျန်းဖန်က “ဆုသုံးခုကိုသေချာလူရွေးပေးရမယ်.....ဝိညာဉ်ရိုးရောက်လာရင် ဝိညာဉ်ရိုးကိုအသင့်တော်ဆုံးလူကိုပေးမယ်.... မင်းလက်ခံလား လျိုဖိန်”
ထိုစကားကိုကြားလိုက်ရသောအခါ လျိုဖိန်လန့်သွားသည်။ ထို့နောက် လန်ရွမ်းယုနှင့်ချန်းလိန်ကိုကြည့်ကာ
“မရှိပါဘူး”
“မင်းတကယ်အဆင်ပြေရဲ့လား” ကျီဟုန်ဘင်းလည်းဝင်ပြောလေသည်။
လျိုဖိန်ရယ်လိုက်သည်။
“ဒုကျောင်းအုပ်နဲ့ ဆရာကျီ... ကျွန်တော် တကယ် အဆင်ပြေပါတယ်။ ဒီအသင်းဖော်တွေသာမရှိရင် ကျနော် ပထမနေရာကို ဘယ်လိုရနိုင်မှာလဲ။ ဒီဆုက ကျနော်တို့အားလုံးပိုင်ပါတယ်။ ဝိညာဉ်ရိုးကိုလည်းအသင့်တော်ဆုံးလူကိုပေးပါ”
ရင်ထျန်းဖန်က ထိုစကားကြားတော့ပြုံးကာ
“ကလေး... မင်းကတကယ်တော်တာပဲ “
နှစ် နှစ်ထောင် ဝိညာဉ်ရိုး နှင့် နှိုင်းယှဉ်ပါက ချန်းလိန် သည် ရှီလိုင်ခဲ့အကယ်ဒမီကို စောစီးစွာတက်ရောက်ခွင့်ကို စွန့်လွှတ်ခဲ့သည်။ ထိုအရာနှင့်ယှဥ်လိုက်ပါက ဝိညာဉ်ရိုးသည်ဘာမှမဟုတ်ပေ။
“မင်းတို့အားလုံး တကယ်တော်ကြတယ်”
ကျီဟုန်ဘင်း ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
ထိုအခါ ရင်ထျန်းဖန်က
“ငါတို့ လူကြီးတွေကလည်း သိတတ်သင့်နေပြီ....ငါကျောင်းအုပ်ကို အကြောင်းကြားမယ်။ ဝိညာဉ်တက်ပလပ်ဖောင်းကို ဒီကလေးသုံးယောက်လုံးက်ိုဝင်ခိုင်းမယ်။ ချန်းလိန်ကသူ့ဝိညာဥ်ကွင်းအတွက်နှစ်ငါးရာတိုးပြီးသာ ဝိညာဥ်တက်ပလက်ဖောင်းကိုတစ်ခါဝင်ရင် သူ့ဝိညာဥ်ကွင်းတွေက နှစ် 1,000 ဖြစ်သွားနိုင်တယ်.....အဲ့တာက ရှီလိုင်ခဲ့ကိုဝင်ဖို့သူ့ကိုပိုအခွင့်အရေးရစေလိမ့်မယ်... မင်းတို့ ဘယ်လိုထင်လဲ?”
ကျီဟုန်ဘင်း ခေါင်းညိတ်လိုက်သည်။
“သူတို့က အဖွဲ့ချုပ်တစ်ခုလုံးမှာ ပထမနေရာကို ရရှိခဲ့တာ။ ငါတို့ အကယ်ဒမီကလည်း မတွန့်တိုသင့်ဘူး...ဝိညာဉ်တက်ပလပ်ဖောင်းလက်မှတ်နှစ်ခုကိုရအောင်ဝယ်ရမယ်.....”
ဆုများ ရောက်လာခဲ့သည်။ ဝိညာဉ်တက်ပလပ်ဖောင်းလက်မှတ်တစ်စောင်.....ဝိညာဉ်ကွင်းများနှစ် ၅၀၀ သက်တမ်းတိုးနိုင်သောလက်မှတ်တစ်စောင်......ထို့နောက်ဝိညာဥ်ရိုးတစ်ခု.......
ရင်ထျန်းဖန်....ကျီဟုန်ဘင်း....မုကျုံးထျန်နှင့်ရွမ်းယုတို့သုံးယောက်တို့သည် ဝိညာဉ်ရိုးကိုကြည့်ရှုနေ ကြသည်။
ငွေရောင်အရိုးတစ်ခုဖြစ်သည်။ ကို ထုတ်လွှတ်ပြီး အရွယ်အစားမှာသာ၍သေး
‘ငွေလမင်းဝံပုလွေ ညာလက်မောင်းရိုး’
ရင်ထျန်းဖန် ရယ်သည်။
“မင်းရဲ့စိတ်ထားကောင်းရှိခြင်းက မင်းကို အမှန်တကယ် အကျိုးပြုသွားပြီး... ဒီအရိုးက မင်းနဲ့အလိုက်ဖက်ဆုံးပဲ လျိုဖိန်......”
“ဟုတ်ကဲ့။” လျိုဖိန် ချက်ချင်း ရှေ့ကို တိုးလာသည်။
ထိုဝိညာဥ်ရိုးသည် သူ၏ နဂါးဖြူလှံနှင့် ကောင်းစွာ ပေါင်းစပ်နိုင်ပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်နိုင်သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းနှင့် ခွန်အားကို များစွာတိုးစေမည်ဖြစ်သည်။