Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

“ဒါဆို ငါတို့ ဘာလုပ်မှာလဲ”

ချန်းလိန် မေးလိုက်သည်။

“ငါတို့ကို သူ့ရန်သူဆီ ခေါ်သွားဖို့ ပြောလိုက်ပါ၊ သူ အမုန်းဆုံး ဝိညာဉ်သားရဲစီကိုခေါ်သွားခိုင်းလိုက်.... ပြီးရင် အဲ့ဝိညာဥ်သားရဲကို သတ်ပစ်မယ်။ အဲ့ဒီဝိညာဉ်သားရဲကိုသတ်ပြီးအမှတ်ယူကြမယ် “

လျိုဖိန်နှင့် ချန်းလိန်တိို့သည် ရွမ်းယုကိုမချီးကျူးပဲကိုမနေကြတော့ပေ။

ထိုသို့ပြုလုပ်ခြင်းဖြင့် ရွှေပိုးမျောက်ဝံ၏ ဝိညာဉ်သားရဲများအလကားမသတ်ချင်သောစိတ်ကို ဖယ်ရှားနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးမည်မှာ သံသယဖြစ်စရာမလိုပေ။ ၎င်းသည် အမှန်တကယ်ပင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ချန်းလိန်သည် ၎င်းတို့၏ အတွေးကို ရွှေပိုးမျောက်ဝံ ပြောပြခဲ့ပြီး ရွှေပိုးမျောက်ဝံကလည်းကမ်းလှမ်းချက်ကို လွယ်ကူစွာ လက်ခံခဲ့သည်။ ထို့အပြင်

“ ရွှေပိုးမျောက်ဝံက မင်းရဲ့ ရွှေရောင်ငွေပြာမြက်ကို အသုံးပြုပြီး သူ့ကို မြှင့်တင်စေချင်နေတယ်”

“အဲ့တာ ပြဿနာမရှိဘူး။”

လန်ရွမ်းယု သဘောတူလိုက်သည်။

ရွှေပိုးမျောက်ဝံသည် တောနေရာတစ်ခုစီသို့စတင်သွားလေသည်။

နာရီဝက်ကျော်သာ လမ်းလျှောက်ခဲ့ကြသော်လည်း တစ်ရက်ခွဲစာမျှခရီးပေါက်ခဲ့ကြသည်။ ဤသည်မှာလည်း ရွှေပိုးမျောက်ဝံ၏တောကျွမ်းကျင်မှုကြောင့်ဖြစ်လေသည်။

“သူ့ရဲ့ရန်သူတွေ အနီးအနားမှာရှိနေပြီ.... နှစ် ၁၀၀၀ ရွှေမျက်လုံးကျားသစ် ၃ ကောင်လို့ ဆိုတယ်။ အဲ့ဒီရွှေမျက်လုံးကျားသစ်တွေက ရွှေပိုးမျောက်ဝံရဲ့ကလေးကိုသတ်စားသွားတာပဲ။ အဲဒီသုံးကောင်ကို ငါတို့ သတ်ရအောင်။”

ချန်းလိန်က လန်ရွမ်းယုကို တိုးတိုးလေးပြောလိုက်သည်။

လန်ရွမ်းယုသည် ရွှေမျက်လုံးကျားသစ်များနှင့်ပက်သက်သည့်အချက်အလက်များကို စဥ်းစားနေလေသည်။ ထိုကျားသစ်များသည်အလွန်လျင်မြန်ပြီး....ပြိုင်ဘက်ကို ရုတ်တရက်ရပ်တန့်သွားစေနိုင်သောစွမ်းရည်တစ်မျိုးရှိလေသည်။

“ကောင်းပြီ၊ ရွှေပိုးမျောက်ဝံကို ကူညီကြရအောင်.... တိုက်ပွဲအတွက် ပြင်ဆင်”

လန်ရွမ်းယု ပြောလိုက်သည်။

ရွှေပိုးမျောက်ဝံသည်လည်း လန်ရွမ်းယုတို့ သုံးယောက်သားအား ခေါင်းညိတ်ပြလိုက်သည်။

လန်ရွမ်းယုသည် ချန်းလိန်မှတဆင့် ရွှေပိုးမျောက်ဝံအား အသုံးပြုမည့် နည်းဗျူဟာကို ပြောပြခဲ့သည်။

၎င်းတို့သည် နှစ် 1000 ရှိသော ဝိညာဉ်သားရဲသုံးကောင်ဖြစ်သောကြောင့် ၎င်းတို့ကို အောင်မြင်စွာသတ်နိုင်ခဲ့ပါက သူတို့၏ရမှတ်များ သိသိသာသာတိုးလာမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ သစ်ပင်ထိပ်တွင် အကောင်သုံးကောင် ပေါ်လာခဲ့သည်။ ၎င်းတို့သည် လျင်မြန်စွာ ဆင်းလာကြပြီး ရွှေပိုးမျောက်ဝံနှင့် ခပ်လှမ်းလှမ်းတွင် ရပ်တန့်သွားကြသည်။ ထိုသုံးကောင်သည် ရွှေပိုးမျောက်ဝံကို အနည်းငယ်ကြောက်ကြသည်မှာ ထင်ရှားသည်။

“ဝူးးး!”

ရွှေပိုးမျောက်ဝံသည် ကျယ်လောင်သော အော်သံကိုဟစ်အော်လိုက်သည်။

ရွှေမျက်လုံးကျားသစ် ၃ ကောင်သည် အရွယ်အစားအားဖြင့် သိပ်မကြီးကြောင်း အကြမ်းဖျင်း မြင်နိုင်သည်။

“ဝူးးး!” ရွှေပိုးမျောက်ဝံသည် ဒေါသတကြီး အော်ဟစ်ပြန်သည်။ ထို့နောက် ၎င်းနှင့်အနီးဆုံးဖြစ်သော ရွှေမျက်လုံးကျားသစ်ဆီသို့ ခုန်ဝင်သွားသောကြောင့် တိုက်ပွဲစတင်ပြီဖြစ်သည်။

ရွှေမျက်လုံးကျားသစ်သည် ရှောင်တိမ်းရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ..... ယင်းအစား အခြားရွှေမျက်လုံးကျားသစ်နှစ်ကောင်သည် ရှေ့သို့ခုန်တက်လာကာ ရွှေပိုးမျောက်ဝံစီသို့ တိုက်ရိုက်ပြေးလာလေသည်။

ရွှေရောင်အလင်းတန်းများနှင့်အတူ ရွှေမျက်လုံးကျားသစ်သည် ၎င်းတို့၏မွေးရာပါစွမ်းရည်ဖြစ်သော ရွှေမျက်လုံးကို ထုတ်လိုက်ကျသည်။ လေထဲ၌ရှိသော ရွှေပိုးမျောက်ဝံရဲ့အရှိန်မှာပျောက်သွားခဲ့သည်။

ထိုနောက် ရွှေမျက်လုံးကျားသစ်တစ်ကောင်သည် ၎င်း၏ချွန်ထက်သော လက်သည်းများဖြင့် ရွှေပိုးမျောက်ဝံ၏ဦးခေါင်းကိုခုတ်လိုက်လေသည်။

ရွှေပိုးမျောက်ဝံ၏ခန္ဓာကိုယ်သည်လေထဲတွင် ဟန်ချက်ပျက်နေသဖြင့် ပြန်ခုခံရန် နည်းလမ်းမရှိတော့ပေ။

သို့သော် ထိုအခိုက်အတန့်တွင် ရွှေရောင်နွယ်ပင်တစ်ပင်သည် ရုတ်တရက်ပေါ်လာပြီး နှစ် ၁၀၀၀ ရွှေပိုးမျောက်ဝံ၏ခြေကျင်းဝတ်ကို ချက်ချင်း ရစ်ပတ်လိုက်သည်။ ထို့နောက် လေထဲမှ မြေပြင်ပေါ်သို့ဆွဲချသွားလေသည်။ ထိုအရာတင်မကပေ..... ရွှေပိုးမျောက်ဝံသည် ချက်ချင်းပင် ခွန်အားများပြည့်နှက်သွားလေသည်။

Endend…….