Chapters

အခန်း (၁၈၁)

Vol. 12 Ch. 181

အခန်း (၁၈၁)

Vol. 12 Ch. 181

လန်ရွမ်းယုတို့အဖွဲ့သည် ထိုအခါမှ ပုန်းအောင်းနေမှထွက်လာတော့သည်။ ကျားသစ်သုံးကောင်သည် လေထဲတွင်ရှိနေဆဲဖြစ်သည်။ သို့သော် ရွှေပိုးမျောက်ဝံသည် အင်အားအပြည့်ဖြင့်လေထဲသို့ပြန်ခုန်သွားလေသည်။ ထို့နောက် သူ့ခွန်အားကြီးဖြင့် ကျားသစ်သုံးကောင်အားမြေပြင်ပေါ်သို့ရိုက်ချလိုက်လေသည်။ အမှန်မှာ ရွမ်းယုသည် ကျားသစ်သုံးကောင်လုံးတစ်ပြိုင်တည်းထွက်လာစေရန် ရွှေပိုးမျောက်ဝံအား သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ရွှေမျက်လုံးကျားသစ်သည် လျင်မြန်သော်လည်း လုံးဝ မပျံသန်းနိုင်ပေ။ ထို့ကြောင့် ရွှေပိုးမျောက်ဝံ၏ရိုက်နက်မှုများကိုခံလိုက်ရသည်။

ကျားသစ်သုံးကောင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။

ရွှေမျက်လုံးကျားသစ်သုံးကောင်သည် ထိုအခြေအနေကိုလုံးဝထင်ထားမည်မဟုတ်ပေ။ ရွှေပိုးမျောက်ဝံ၏ ရိုက်နက်ချက်သည် ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ ထို့ကြောင့် ကျားသစ်များ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ကြီးမားသောမီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့လဲကျသွားသော ရွှေမျက်လုံးကျားသစ်တစ်ကောင်ကိုဝါးမျိုးသွားခဲ့သည်။ ထို့နောက် ကြီးမားလှသောပါးစပ်ကြီးက ထိုကျားသစ်အားခါးမှကိုက်ခဲလိုက်လေသည်။

ထိုသားရဲကြီးမှာ မီးနဂါးအိမ်မြှောင်ကြီးသားဖြစ်လေသည်။ ကျားသစ်ထံမှ အရိုးကျိုးသံများပင်ထွက်လာလေသည်။ သို့သော်ထိုအရာမှအဆုံးမဟုတ်သေးပေ။ ကြီးမားလှသောပါးစပ်ကြီးတစ်ခုထပ်မံပေါ်လာပြီး ထိုကျားသစ်၏ဦးခေါင်းကိုဆုတ်ဖြဲ ပစ်လိုက်တော့သည်။ ထိုသားရဲကတော့ သံမဏိကျောခုံးနဂါးပင်ဖြစ်လေသည်။ သားရဲနှစ်ကောင်၏တိုက်ခိုက်မှုအောက်တွင် ထိုကျားသစ်အသက်ပျောက်သွားတော့သည်။

အခြားတစ်ဖက်တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် နဂါးဟိန်းသံနှင့်အတူ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရွှေမျက်လုံးကျားသစ်တစ်ကောင်အား ခေါင်းတည့်တည့်မှထိုးဖောက်သွားခဲ့သည်။

နောက်ဆုံး ရွှေမျက်လုံးကျားသစ်သည် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သော်လည်း မြေပြင်မှနဂါးဟိန်းသံက စောင့်မျှော်နေခဲ့သည်။ ထို့နောက် နဂါးဦးခေါင်းပုံစံဖြင့်လက်သီးတစ်လုံးသည် နောက်ဆုံးကျားသစ်၏ဦးခေါင်းကိုကြေမွသွားအောင်ထိုးလိုက်လေသည်။

လန်ရွမ်းယုသည် နဂါးဟိန်းသံနှင့်အတူ ရွှေနဂါးကောင်းကင်ဘုံကိုတုန်လှုပ်စေခြင်းတိုက်ကွက်ကိုတွဲသုံးသွားခဲ့သည်။

“ဗွမ်း....!”

အစမှအဆုံးအထိ တိုက်ပွဲတစ်ခုလုံးသည် ဆယ်စက္ကန့်မျှသာကြာခဲ့လေသည်။ နှစ် ၁၀၀၀ ဝိညာဉ်သားရဲသုံးကောင်ကို သူတိူ့တကယ်သတ်နိုင်ခဲ့လေသည်။

ရွှေပိုးမျောက်ဝံသည် နှစ် 1,000 ရွှေမျက်လုံးကျားသစ်တစ်ကောင်၏အလောင်းအား အငြိုးကြီးစွာရိုက်နှက်နေလေသည်။ သူ့ရင်သွေးအတွက်လက်စားချေမှုဖြစ်နိုင်လေသည်။

ဆယ်မိနစ်ကြာပြီးနောက် ရွှေပိုးမျောက်ဝံသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ မျက်လုံးများမှာ ယခု သိသိသာသာ အားနည်းသွားခဲ့သည်။

လန်ရွမ်းယုသည် ရှေ့သို့ရောက်လာကာ နှစ် ၁၀၀၀ သက်တမ်းတိုးအပင်အား ရွှေပိုးမျောက်ဝံကို ပေးလိုက်သည်။

ရွှေပိုးမျောက်ဝံသည် အနည်းငယ် ချီတုံချတုံဖြစ်နေသကဲ့သို့ နှစ် 1,000 ဆေးပင်ကိုယူလိုက်လေသည်။

“ချန်းလိန်..... သူ့ကို ငါတို့ကူညီပေးခဲ့တယ်...အပင်ကိုလည်းပေးလိုက်မယ်.....ကတိကိုဆက်တည်ဖို့တော့မျှော်လင့်ပါတယ်လို့ပြောလိုက် “

ချန်းလိန်သည်ထိုစကားအား မျောက်ဝံကြီးကိုတစ်ဆင့်ပြန်ပြောလိုက်လေသည်။

ထို့အခါ ရွှေပိုးမျောက်ဝံကြီးသည် ရွှေမျက်လုံးကျားသစ်အသေတစ်ကောင်နားသို့သွားကာ တစ်စုံတစ်ရာကို ထုတ်ယူပြီး လန်ရွမ်းယု အား ပေးလိုက်သည်။

ရွှေရောင်အရာဝတ္ထုတစ်ခုဖြစ်ပြီး ဦးခေါင်းခွံငယ်တစ်ခုနှင့်တူသည်။

ဒါ…

ဝိညာဉ်ရိုး....... ဦးခေါင်းခွံ ဝိညာဥ်ရိုး .....

ဝိညာဥ်ရိုးဖြစ်လေသည်။

ဝိညာဉ်ရိုး ခြောက်မျိုးထဲတွင် ဦးခေါင်းခွံဝိညာဥ်ရိုးသည် အရှားပါးဆုံးဖြစ်ပြီး ခန္ဓာကိုယ်ဝိညာဥ်ရိုးထက်ပင် အလွန်ရှားပါးပြီး အဖိုးတန်ဆုံးဖြစ်သည်။

သို့သော် သူတို့၏ မျက်နှာများသည် တစ်စက္ကန့်အတွင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

Emdendn…….