Chapters

အခန်း (၁၈၂)

Vol. 12 Ch. 182

အခန်း (၁၈၂)

Vol. 12 Ch. 182

သူတို့ စိတ်ပျက်ရခြင်းအကြောင်းရင်းမှာ အလွန်ရှင်းသည်။ ဤသည်မှာ ပုံရိပ်ကမ္ဘာတစ်ခုဖြစ်သည်။ နှစ် 10000 သက်တမ်းဝိညာဥ်ရိုးဖြစ်ခဲ့ရင်တောင် တန်ဖိုးမရှိပေ။

အကယ်၍ ၎င်းတို့သည် သာမန်ပုံရိပ်ယောက်ကမ္ဘာတွင်ရှိနေပါက ၎င်းကို ဝိညာဉ်ဒင်္ဂါးများဖြင့် လဲလှယ်နိုင်သေးသည်။ သို့သော်....ယခုနေရာသည် စမ်းသပ်သောနေရာဖြစ်သည်။ ရှီလိုင့်ခဲ့ကိုယ်ပိုင်ကမ္ဘာဖြစ်လေသည်။ ထို့ကြောင့် ဝိညာဥ်ရိုးထွက်လာသော်လည်း သူတိူ့ယူခွင့်မရပေ။

“ငါ ငိုချင်သွားပြီ” ချန်လိန်က ထိုအရိုးကိုနှမြောနေလေသည်။

လျိူဖိန်ကလည်း “ဒီအရာက လုံးဝကို ပေါ်မလာသင့်ဘူး.....သပ်သပ်မဲ့ငါတို့ကို စိတ်ဆင်းရဲရအောင််လုပ်တာ” သူသည် ဝိညာဉ်ရိုးများ၏အကျိုးကျေးဇူးများကိုလက်တွေ့သိထားသော လူဖြစ်လေသည်။

လန်ရွမ်းယုက ရွှေခေါင်းခွံကို ယူလိုက်သည်။

ထို့နောက် ထိုဦးခေါင်းခွံကို ရွှေပိုးမျောက်ဝံထံ ရုတ်တရက် ပြန်ပေးကာ

“ဒါကို မျောက်ဝံကို ယူခိုင်းလိုက်ပါ”

ချန်းလိန် အံ့ဩသွားပြီး

“မင်းဘာကိုဆိုလိုတာလဲ”

“လူသားနဲ့တူတဲ့ ဝိညာဉ်သားရဲတွေဟာ ဝိညာဉ်ရိုး နဲ့ ပေါင်းစပ်လို့ရတယ်။ ရွှေပိုးမျောက်ဝံလည်းရမယ်ထင်တယ်..... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့အတွက် အသုံးမဝင်ဘူးလေ.... မျောက်ဝံကို ပေးလိုက်ရင် ပိုကောင်းသွားမယ်။”

ချန်းလိန်က ထိုစကားများအား မျောက်ဝံကြီးကိုပြန်ပြောလိုက်သည်။

“မျောက်ဝံက ဖစ်နိုင်ရဲ့လားလို့ မေးနေတယ် “

လန်ရွမ်းယု က

“ငါပြောအတိုင်းလုပ်...ရတယ်”

ထို့နောက် မျောက်ဝံက ဝိညာဥ်ရိုးကိုယူလိုက်သည်။ ထို့နောကိစတင်ပေါင်းစပ်လေသည်။

“သူ့ကို ကာကွယ်ကြရအောင်”

“ကာကွယ်မှာ ဟလား? ငါတို့မှာ အချိန် အကန့်အသတ်ရှိတယ်နော်” ချန်းလိန်ကတိုးတိုးလေးပြောလိုက်သည်။

လန်ရွမ်းယုက “ငါတို့ နှစ် ၁၀၀၀ ဝိညာဉ်သားရဲလေးကောင်ကို သတ်ပြီးပြီ၊ တခြားသူတွေ ဒီနှုန်းကို ကျော်ဖို့ ခက်ပါလိမ့်မယ်။ တစ်ရက်အတွင်း သူမပီးရင် ငါတို့ ထွက်သွားမယ်။ အကယ်၍ သူသာပြီးသွားရင် ငါတို့ထီပေါက်တာပဲ”

တစ်ရက်ဟုဆိုသော်လည်း နှစ်ရက်ကြာသွားပြီးဖြစ်လေသည်။ မျောက်ဝံကြီးမှာနိုးမလာသေးပေ။ သုံးရက်မြောက်နေ့တွင်တော့ လန်ရွမ်းယုတို့နေလို့မရတော့ပေ။ သူတို့သည် ခရီးဆက်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ မထွက်ခွာခင် ရွှေပိုးမျောက်ဝံ အနီးတဝိုက်မှာ သစ်ပင်အကိုင်းအခက်တချို့ကို စုပုံပြီး ခန္ဓာကိုယ်ထဲကို ဖုံးအုပ်ထားပေးခဲ့သည်။ ဒါက သူတို့လုပ်နိုင်တာ အကောင်းဆုံးအရာဖြစ်သည်။

လျိိုဖိန်က ဦးဆောင်ကာ ခရီးဆက်ခဲ့ကြလေသည်။ သူတို့သည် ဝိညာဉ်သားရဲများကို တောနက်ထဲတွင် ဆက်လက်ရှာဖွေခဲ့ကြသည်။

နှစ်ရက် ကုန်ဆုံးသွားသည်နှင့် ပဉ္စမနေ့ရောက်ခဲ့လေသည်။ သူတို့သည် နှစ် 1000 ဝိညာဉ်သားရဲများကို လိုက်မရှာတော့ဘဲ 10 နှစ် သို့မဟုတ် နှစ် 100 ဝိညာဉ်သားရဲများကို ရှာဖွေသတ်ခဲ့ကြသည်။

“ရွမ်းယု ငါတို့မှာ အချိန်သုံးရက်ကျန်သေးတယ်။ ဘာဆက်လုပ်မလဲ..ငါတို့အမှတ်တွေကလည်းဘယ်လောက်မှန်းမသိဘူး” ချန်းလိန် ညည်းညူလိုက်သည်။

လန်ရွမ််းယု ပြုံးလိုက်ပြီး

“အမှတ်တွေကို မမြင်ရလို့ ငါတို့ ပိုကြိုးစားရမယ်။ ဒါကလည်း ငါတို့အစွမ်းကုန်ကြိုးစားတာကိုမြင်ချင်လို့ ရှီလိုင်ခဲ့အကယ်ဒမီကလုပ်ထားတာလို့ငါထင်တယ်......”

“ငါတို့ ဘာလုပ်သင့်လဲ... ထိပ်ဆုံးဆယ်သင်းမှာ မပါခဲ့ရင် နောက်တစ်ဆင့်ကို တက်နိုင်မှာ မဟုတ်ဘူး။” ချန်းလိန်မှာစိူးရိမ်နေပြီဖြစ်သည်။

လန်ရွမ်းယု

“မပူပါနဲ့၊ စည်းမျဥ်းစည်းကမ်းတွေထဲမှာ မ တခြားအသင်းတွေရဲ့ အမှတ်တွေကိုလည်း လုယူနိုင်တယ်လို့ ပြောထားတယ်၊ တခြားအသင်းတွေနဲ့တွေ့ရင် အဲ့ဒါဟာ ငါတို့ရဲ့အခွင့်အရေးပဲ “

သူတို့ပြောနေကြစဉ်မှာပင် ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

သုံးယောက်သား စကားတစ်ခွန်းမှ မပြောဘဲ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ပုန်းလိုက်ကြသည်။

“လူသံထင်တယ်”

ရုပ်ပုံတစ်ပုံသည် သူတို့ ရှိရာစီသို့ လျင်မြန်စွာ ပြေးလာနေသည်ကို သစ်ပင်ထိပ်မှ ပြတ်ပြတ်သားသား မြင်လိုက်ရသည်။ ဘယ်သူလဲဆိုတာကို မြင်လိုက်ရသောအခါ ထပ်မံ အံ့ဩသွားသည်။

ရဲလင်းတုံ.......

Endendm……