အခန်း (၁၈၃)
Vol. 12 Ch. 183
လုချန်ရွိမ် နှင့် ချန်ကျင်းရီ တို့နှင့် အတူရှိရမည့် ရဲလင်းတုံသည် ယခုအခါ တစ်ယောက်တည်းဖြစ် နေခဲ့သည်။ သူမ ဒုက္ခရောက်နေပုံရသည်။ သူမ၏အဝတ်အစားများနှင့် ပါးစပ်ထောင့်တွင် သွေးများစွန်းထင်းနေခဲ့သည်။
“ဝှီး....ဝှီး....ဝှီးးးး”
လူသုံးယောက်သည် အဝေးမှ ပြေးလိုက်လာနေသည်။ ထိုလူသုံးယောက်သည် အလွန်လျင်မြန်ပြီး အားလုံးသည် တူညီသောအဝတ်အစားများကို ၀တ်ဆင်ထားကြသည်။ အသင်းတစ်သင်းဖြစ်ကြောင်း ထင်ရှားသည်။
ဦးဆောင်သူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးဖြစ်သည်။ သူသည် အလွန်လျင်မြန်ပြီး ကျားတစ်ကောင်ကိုလည်း စီးကာလိုက်လာခဲ့သည်။ ကျားသည် စိတ်ဝိညာဉ်တစ်ကောင် ဖြစ်နိုင်သည်။
ကျန်လူနှစ်ယောက်တွင် တစ်ယောက်မှာ အတောင်ပံတစ်စုံရှိပြီး အလွန်လျင်မြန်စွာ ပျံသန်းလာသည်။ အခြားသူမှာ သရဲနှင့်တူသည်။ လှံတစ်ချောင်းနှင့် ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ဖြစ်သည်။
သူတို့၏အင်္ကျီတွင် စာလုံးကြီးနှစ်လုံးရေးထားသည်.....
လင်းထျန်.....!
‘သူတို့က လင်းထျန်အကယ်ဒမီ ကလား’
ကောင်းကင်ဝိညာဥ်ဂြိုလ်တွင် ကုန်းမြေနှစ်ခုရှိပြီး
ကောင်းကင်ဝိညာဥ်ကုန်းမြေ နှင့် လင်းထျန်ကုန်းမြေဖြစ်သည်။ ကောင်းကင်ဝိညာဥ်အကယ်ဒမီသည် ကောင်းကင်ဝိညာဥ်ကုန်းမြေတွင်အကောင်းဆုံးကျောင်းတစ်သကဲ့သို့ပင်၊ လင်းထျန်အကယ်ဒမီသည် လင်းထျန်ကုန်းမြေ ရှိ အကောင်းဆုံးအကယ်ဒမီဖြစ်သည်။ လင်းထျန်အကယ်ဒမီတွင်လည်း အထူးတန်းရှိလေသည်။
ယခုတစ်ကြိမ်တွင် လန်ရွမ်းယုတို့အဖွဲ့သည် ပထမနေရာရခဲ့ပြီး ဒုတိယနှင့်နံပတ်ခြောက်နေရာမှာ လင်းထျန်အကယ်ဒမီမှဖြစ်သည်။
“ငါတို့ကူညီမလား” ချန်းလိန်က လန်ရွမ်းယု ကို မေးလိုက်သည်။
လန်ရွမ်းယုက “ဒါတွေက ငါတို့လက်ထဲရမဲ့ အမှတ်တွေလေ.... ဘာလို့ မလုပ်ရမှာလဲ”
ထိုအချိန်တွင် လင်းတုံအား တောင်ပံနှင့်လူကမှီတော့မည်ဖြစ်သည်။ သို့သော် ရဲလင်းတုံသည် သူမ၏ ကောင်းကင်နဂါးခန္တာကိုယ်ကိုအသက်သွင်းလိုက်ပြီး သူမ၏ ဒုတိယ ဝိညာဉ်စွမ်းရည် ဖြစ်သော ကောင်းကင်နဂါးလှိုင်းကို လက်သီးဖြင့်တွဲသုံးခဲ့သည်။
ပျံသန်းနိုင်သော ဝိညာဥ်မာစတာသည် အလစ််တိုက်ခိုက်ခံလိုက်ရကာ
“ဗွမ်း.....!” သူ၏ခန္ဓာကိုယ်မှာနောက်သို့ လွင့်သွားကာ ဘယ်ဘက်တောင်ပံကျိုးသွားခဲ့သည်။
သို့သော် ဆက်တိုက်ပင် ကျားစီးထားသောလူသည် လင်းတုံနောက်သို့ရောက်လာကာ သူ့ရဲ့တိုက်ကွက်ကိုထုတ်လိုက်သည်။
လင်းတုံ မရှောင်နိုင်တော့
‘ငါတော့သေပြီ!’
ရဲလင်းတုံတွေးနေသော်လည်း သူမ လက်မခံချင်သေး.....
ထို့နောက် ရုတ်တရက် သူမခါးတစ်ဝိုက်တွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး သူမကိုထိုနေရာမှ ဆွဲထုတ်ပစ်လိုက်သည်ကိုခံစားလိုက်ရသည်။ ကျားးနှင့်လူရဲ့တိုက်ကွက်မှာလည်း နေရာလွဲသွားလေသည်။
ထို့နောက် လင်းထျန်အကယ်ဒမီကျောင်းသားနှစ်ယောက်ရှေ့တွင်
အရပ် ၁.၅ မီတာခန့်ရှိသော ခရမ်းရောင်လျှပ်စီးနဂါးကြီးပေါ်လာလေသည်။
ဟုတ်ပါတယ်....ထိုအရာမှာ ချန်းလိန်ရဲ့ ဆင့်ခေါ်မှု ရလဒ်ဖြစ်သည်။
“ဝူးးးးးး!” အသံနက်ကြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ ကျားစီးလာသူသည် တောင်ပံများနှင့်လးကိုထူလိုက်သည်။
ရဲလင်းတုံသည် သူမကို ဆွဲထုတ်လိုက်သူကိုတွေ့လိုက်သည်။
“နင်ပဲ!”
Endend……..