← Chapters

အခန်း (၁၈၄)

Vol. 12 Ch. 184

အခန်း (၁၈၄)

Vol. 12 Ch. 184

ရဲလင်းတုံသည် လန်ရွမ်းယု မေးစရာပင်မလိုဘဲ ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြခဲ့သည်။

“သူတို့က လင်းထျန်အကယ်ဒမီ ကပဲ။ လုချန်းရွိမ်နဲ့ ချန်ကျင်းရီကို သူတို့ သတ်လိုက်ပြီး။ အဲ့တာ အမှတ်တွေလိုချင်လို့ ကျန်ခဲ့တဲ့ ငါ့နောက်ကို လိုက်လာတာ.....အဖွဲ့လုံးသေမှ အမှတ်တစ်ဝက်ရမှာမလို့ပဲ”

လန်ရွမ်းယုက “သူတို့က ဒီလောက် ခွန်အားရှိတာလား”

လုချန်းရွိမ်နှင့်ချန်ကျင်းရီ သည် အထူးသဖြင့် လုချန်းရွိမ် မည်မျှအားကောင်းသည်ကို သူသိသည်။ သူ၏ ရွှေခြင်္သေ့ဟိန်းသံသည် သွားနောက်လို့ရသောအရာမဟုတ်ပေ။

ရဲလင်းတုံက “သူတို့က အလစ်ဝင်တိုက်တာ။ နှစ် 3,000 ကောင်းကင်နတ်ဆိုးခြင်္သေ့တစ်ကောင်ကို ငါတို့တွေ့ခဲ့ပြီး သတ်ပစ်လုပ်နေတာ...ငါတို့ နီးစပ်နေပြီလေ။ ဒါပေမဲ့ သူတို့က ချန်းရွိမ်ကို ရုတ်တရက် ဝင်တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ လုချန်းရွိမ် ဒဏ်ရာရသွားပြီး ကောင်းကင်နတ်ဆိုးခြင်္သေ့လက်အောက်မှာ သေဆုံးသွားခဲ့တယ်။ ငါ့ကို ကယ်တင်ဖို့ ချန်ကျင်းရီကအဲ့နေရာမှာ ကျန်ခဲ့တယ်.... အခုတော့ သေချာပေါက် သူတို့ သတ်လိုက်ပြီထင်တယ်”

လန်ရွမ်းယုအခြေအနေကို ချက်ချင်းနားလည်သွားသည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့လူငယ်လေးက

“ငါ့ကိုငါ မိတ်ဆက်ပေးပရစေ... ငါက လင်းထျန်းအကယ်ဒမီက လီယောင်မင် “

လှံနှင့်လူငယ်က

“လင်းထျန်းအကယ်ဒမီ....ရုကျီရွမ်”

တောင်ပံကျိုးနေသော လူငယ်က ရဲလင်းတုံကို စိုက်ကြည့်နေရင်း....

“လင်းထျန်းအကယ်ဒမီ....ရုရုံရှင်း”

သူတို့သည် ယခင်စာမေးပွဲတွင် နံပတ်ခြောက်နေရာတွင်ရှိခဲ့သောအဖွဲ့ ဖြစ်သည်။

“ ကောင်းကင်ဝိညာဥ်အကယ်ဒမီက လန်ရွမ်းယု....လျိူဖိန်....ချန်းလိန် “

လျိူဖိန်ပေါ်မလာသေးသော်လည်း ပြောလိုက်သည်။

သူတို့နာမည်များကြားသောအခါ တစ်ဖက်ကလူသုံးယောက် အံ့သြသွားခဲ့သည်။

ဤသူများသည် ယခင်အချီတွင် ပထမရခဲ့ပြီး အမှတ် 20,000 ကျော်ရခဲ့သည့်အဖွဲ့ဖြစ်သည်။

“ဒါဆို မင်းတို့ က အရင်ပွဲရဲ့ ချန်ပီယံအဖွဲ့ပဲ၊ ဟလား...ဒါဆိုလည်း ငါတို့ကမျက်နာပေးရမှာပေါ့...ညီအကိုလန်.....မင်းတို့အဲ့ကောင်မလေးကိုငါတို့လက်ထဲထည့်ရင် ငါတို့အသာတကြည်ပြန်သွားပေးမယ်”

လင်းထျန်းအကယ်ဒမီမှအဖွဲ့သည် ချန်ပီယံဖြစ်သော လန်ရွမ်းယုတို့အဖွဲ့နှင့် မတိုက်လိုသည်မှာ သဘာဝအတိုင်းဖြစ်သည်။ သို့သော် ရဲလင်းတုံကိုတော့ လက်လွှတ်မခံနိုင်ပေ။

“တိုက်တော့!” လန်ရွမ်းယု အေးစက်စွာ အော်လိုက်သည်။ ခရမ်းရောင်လျှပ်စီးနဂါးကြီးသည် ချန်းလိန် ၏ထိန်းချုပ်မှုအောက်တွင် လီယောင်မင်ကိုစတင်တိုက်ခိုက်တော့သည်။

နှစ် 100 ခရမ်းရောင်လျှပ်စီးနဂါး၏ တိုက်ခိုက်မှုသည် ရယ်စရာကိစ္စမဟုတ်ပေ။

လီယောင်မင်း အံ့အားသင့်သွားသည်။ လန်ရွမ်းယု သည် သူတို့နှင့် တိုက်ခိုက်ရန် အဘယ်ကြောင့် အလျင်အမြန် ဆုံးဖြတ်ခဲ့သည်ကို သူနားမလည်ပေ.....

ဤခရမ်းရောင်လျှပ်စီးနဂါးသည် စိတ်ဝိညာဉ်မဟုတ်ဘဲ ဆင့်ခေါ်ထားသော သားရဲဖြစ်ကြောင်း လီယောင်မင်း မသိခဲ့ပေ။ ထိုနဂါးသည် အချိန်ကန့်သတ်ချက်ရှိလေသည်။

လီယောင်မင်းသည် သူ၏လက်ဖဝါးများကို သူ့ရှေ့တွင် စုထားကာ အလင်းဒိုင်းတစ်ခုကို ချက်ချင်းဖန်တီးရင်း ခရမ်းရောင်လျှပ်စီးနဂါး၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

“ရဲလင်းတုံ သွားတော့”

လီယောင်မင်ဘေးရှိ ရုကျီရွမ်သည် ထွက်ပြေးရန်ပြင်နေသော ရဲလင်းတုံကိုတားရန် လှံအရိပ်ဆယ်ခုကိုပစ်လွှတ်လိုက်သည်။ လီယောင်မင်းရဲ့ကျားသည်လည်း ခုန်ပေါက်ကာ ခရမ်းရောင်လျှပ်စီးနဂါးထံသို့ တိုက်ရိုက်သွားကာတိုက်ခိုက်လေ သည်။ ခရမ်းရောင်လျှပ်စီးနဂါးသည် အလွန်ကြီးမားသော ခြိမ်းခြောက်မှုသည်။ ထိုနဂါးမှုထုတ်သော ခရမ်းရောင်မိုးကြိုးမှာလည်းရှောင်ရန်မဖြစ်နိုင်သည်အထိမြန်ဆန်လွန်းသည်။

ရဲလင်းတုံသည် လန်ရွမ်းယု၏ရွှေရောင်ငွေပြာမြက်ဖြင့်ရစ်ပတ်ခံလိုက်ရသောအခါ သူမ၏စွမ်းအားများပွင့်ထွက်လာသလိုခံစားလိုက်ရသည်။ ထို့ကြောင့် ကောင်းကင်နဂါးလှိုင်းလက်သီးချက်ကိုထုတ်ကာ အဖြူရောင် လှံအရိပ်များကို ဝါးမြိုပစ်လိုက်သည်။

ရုကျီရွမ် အံ့အားသင့်သွားသည်။ သူသည်

ဝိညာဉ်ကွင်းသုံးကွင်းရှိသော ဝိညာဥ်အကြီးအကဲအဆင့်ဖြစ်သည်။

သို့သော် ရဲလင်းတုံး၏ကောင်းကင်နဂါးသိုင်းဝိညာဉ်ကို ရင်ဆိုင်သောအခါ လှံအရိပ်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။

လီယောင်မင်နှင့်ခရမ်းရောင်လျှပ်စီးနဂါးမှာလည်းတိုက်ခိုက်နေပြီဖြစ်သည်။ ခရမ်းရောင်လျှပ်စီးနဂါးသည် လျှပ်စီးကြောင်းများကို ဆက်တိုက်ထုတ်လွှတ်ခဲ့ပြီး ကျားမှာလည်းသည် ၎င်းကိုတိုက်ခိုက်ရန်အတွက် အလင်းစွမ်းအားတိုက်ခိုက်မှုများကို ထုတ်ခဲ့သည်။

ထိုကျား သည် နှစ် 1,000 စိတ်ဝိညာဉ်သားရဲကောင်ဖြစ်သည်။

ရုရုန်ရှင်း၏တောင်ပံမှာလည်း လျင်မြန်စွာ သက်သာလာခဲ့သည်။ ဝိညာဉ်ကွင်းသုံးကွင်းသည် သူ့ခြေအောက်မှာ ပေါ်လာခဲ့သည်။ အဝါရောင် နှစ်ကွင်းနှင့် ခရမ်းရောင် တစ်ကွင်းဖြစ်လေသည်။

Endendm….

All Chapters