Chapters

အခန်း (၁၈၅)

Vol. 12 Ch. 185

အခန်း (၁၈၅)

Vol. 12 Ch. 185

ထို့အတူ လီယောင်မင်ကလည်းစတင်တိုက်ခိုက်ပြီဖြစ်သည်။ လီယောင်မင်၏သိုင်းဝိညာဥ်မှာအလင်းဖြစ်လေသည်။ လီယောင်မင်သည် အလင်းလုံးတစ်လုံးကိုပစ်လိုက်ရာ လန်ရွမ်းယုရေခဲနံရံတစ်ခုဖြင့်ကာလိုက်ရသည်။

ရေခဲနံရံသည် ချက်ချင်းပြိုကျသွားခဲ့သည်။ ထို့နောက် အလင်းလုံးသည် လန်ရွမ်းယု ၏ ခန္ဓာကိုယ်ကိုထိမှန်သွားခဲ့သည်။ သို့သော်အလင်းလုံးထိမှန်သည်နှင့်ရွမ်းယုခန္တာကိုယ်မှာ ရွှေရောင်အလင်းများ ရုတ်ချည်း ထွက်လာသည်။ ဤသည်မှာ ရွှေရောင်ငွေပြာမြက်၏ ဒုတိယဝိဉာဉ်စွမ်းရည်.......ရွှေကိုယ်ထည်ဖြစ်သည်။

ရွှေကိုယ်ထည်သည် တိုက်ခိုက်မှုများကိုကာကွယ်ပေးပြီး တိုက်ခိုက်လာသောစွမ်းအားများကိုစုပ်ယူကာ ပြန်လည်ထုတ်ယူအသုံးပြုနိုင်လေသည်။

တစ်ချိန်တည်းမှာပင် ရန်သူ၏တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ ဖိနိပ်နိုင်သည်။

ရွမ်းယုထံမှ နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ သူသည် အပြင်းထန်ဆုံးသောတိုက်ကွက် ရွှေနဂါးကောင်းကင်ကိုတုန်လှုပ်စေခြင်းတိုက်ကွက်ကိုထုတ်လိုက်သည်။

သူ၏လက်သီးများပေါ်တွင် နဂါးခေါင်းများပေါ်လာလေသည်။ ထို့နောက် လီယောင်မင်ကို ထိုးနှက်လေသည်။ ယခုအချိန်တွင် လီယောင်မင် အသက်ရှုကြပ်နေခဲ့သည်။ လန်ရွမ်းယုထံမှ ဖိအားများကိုသူခံစားနေရသည်။

လီယောင်မင်တွေဝေမနေပဲ သူ့ရဲ့ နှစ် 1,000 တတိယဝိညာဥ်စွမ်းရည်......

သန်ရှင်းသောအလင်းနတ်ဘုရားတိုက်ကွက်ကိုထုတ်လိုက်သည်။

ရွှေရောင် အလင်းတန်းကြီးပြီး ပတ်ဝန်းကျင်မှ အလင်းရောင်အားလုံးမှာ ထိုအလင်းတန်းကြီးစီသို့ပေါင်းစပ်သွားပုံရသည်။ ကောင်းကင်ပင်အနည်းငယ် မှောင်သွားသကဲ့သို့ ခံစားရသည်။

“ဗွမ်း.......!”

ရွှေနဂါးလက်သီးများနှင့် အလင်းတန်းတို့ တိုက်မိသောအခါ လန်ရွမ်းယု တစ်ကိုယ်လုံးတုန်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ရွှေရောင်သွေးသားစွမ်းအားများသည် လျင်မြန်စွာ လည်ပတ်နေပြီး

ထိုအလင်းစွမ်းအားကိုချေဖျက်နေလေသည်။

လီယောင်မင်သည်လည်း အခြေအနေမကောင်းပေ။ ရွှေနဂါးကြီးထွက်လာသောအခါ ပြင်းထန်သော ဖိနှိပ်မှုတစ်ခုကို သူခံစားလိုက်ရပြီ.... သူ့ခန္ဓာကိုယ်အတွင်းမှ သွေးကြောများ ရုတ်တရက် နှေးကွေးသွားသကဲ့သို့ ချက်ချင်းပင်ခံစားလိုက်ရသည်။ ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်ပဲ နောက်သုံးလှမ်းပြန်ဆုတ်သွားရလေသည်။

သို့သော်ထိုအချိန် သူ့စိတ်များ ရုတ်တရက် အေးစက်သွားခဲ့သည်။ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့လက်များလှုပ်ရှားနိုင်စွမ်းမရှိတော့ပေ....ထို့နောက် သူခန္တာကိုယ်သည် အေးခနဲဖြစ်သွားကာ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ခန္တာကိုယ်ကိုဖောက်ထွက်သွားခဲ့သည်။ ထို့နောက် လီယောင်မင်ပေါက်ကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်....

ရုကျီရွမ် နှင့် ရုရုန်ရှင်း တို့သည် သူတို့ခန္ဓာကိုယ်ထဲသို့ တစ်ခုခုဝင်သွားသလိုမျိုး ပူလာသလို ခံစားလိုက်ရသည်။

လီယောင်မင်၏နဖူးတွင် အပေါက်လေးတစ်ခုဖြစ်ခဲ့သည်ကို လီယောင်မင်သာသိခဲ့သော်လည်းနောက်ကျသွားပြီဖြစ်သည်။

မြတ်နတ်ဆိုးငှက်.....

ရွမ်းယုတို့သည် လီယောင်မင်အားမြနတ်ဆိုးငှက်ဖြင့်အဆုံးသတ်လိုက်ပြီဖြစ်သည်။

မြနတ်ဆိုးငှက်သည်လီယောင်မင်အား သတ်နေစဥ် လှံဖြူတစ်စင်းသည် လေပေါ်တွင်ပျံသန်းနေသော ရုရုန်ရှင်းထံသို့သွားနေပြီဖြစ်သည်။

ရုရုန်ရှင်းလှံဖြူကိုရှောင်နိုင်လိုက်သော်လည်း...

နောက်မှ ကပ်ပါလာသော ငွေလလေဓားများကိုတော့မရှောင်နိုင်ခဲ့ပေ။ လေဓားများသည် တောင်ပံများကိုကြမ်းတမ်းစွာဖြတ်တောက်သွားခဲ့သည်။ တစ်ချိန်ထဲမှာပင် ငှက်အော်သံတစ်ခုပေါ်လာပြီး ရုရုန်ရှင်း၏နဖူးတွင်အပေါက်တစ်ခုပေါ်လာပြီဖြစ်သည်။ မြနတ်ဆိုးငှက်၏လက်ချက်သာဖြစ်သည်။ ထို့နောက် ရုရုန်ရှင်းဇာတ်သိမ်းသွားခဲ့သည်။

Endend…….