← Chapters

အခန်း (၁၈၆)

Vol. 12 Ch. 186

အခန်း (၁၈၆)

Vol. 12 Ch. 186

လန်ရွမ်းယုသည် ပြိုင်ဘက်များကို အကောင်းဆုံးနည်းလမ်းဖြင့်ဖြေရှင်းခဲ့သည်။ သုံးယောက်လုံးကိုသတ်နိုင်ပါက ထိုအဖွဲ့၏အမှတ်တစ်ဝက်မှာသူတို့အတွက်ဖြစ်လေသည်။

ဤတိုက်ပွဲကိုအနိုင်ရရန်သော့ချက်မှာ လန်ရွမ်းယု...လျိုဖိန် သို့မဟုတ် ရဲလင်းတုံလည်း မဟုတ်ပေ...... အဝေးမှကြည့်နေသော အန္တရာယ်ကင်းပုံပေါက်နေသည့် ချန်းလိန်ပင် ဖြစ်သည်။

လီယောင်မင်ပျောက်သွားသည်နှင့် တပြိုင်နက် စီတ်ဝိညာဉ်ကျားသားရဲသည်လည်း သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါ ခရမ်းရောင်လျှပ်စီးနဂါးသည် ရုကျီရွမ်ထံသို့ လာရောက်တိုက်ခိုက်လေသည်။ ထို့နောက် မိုးကြိုးများကို ထုတ်ရန် ချန်းလိန် အမိန့်ပေးထားပြီးဖြစ်သည်။

ရုကျီရွမ်မှာလည်း အလွန်လျင်မြန်သည်။ မိုးကြိုးများကို ကြိုးစားရှောင်နိုင်ခဲ့သည်။ အစပိုင်းတွင် သူသည်ရဲလင်းတုံနှင့်တိုက်ခိုက်နေခဲ့ပီး အခုအခါ ခရမ်းရောင်လျှပ်စီးနဂါးပါလာခဲ့လေသည်။ ရဲလင်းတုံမှာလည်း ရွမ်းယုရဲ့အစွမ်းမြှင့်တင်ပေးမှုနှင့် စွမ်းအားများပြည့်နှက်နေခဲ့သည်။

ငှက်အော်သံတစ်ခုနှင့်အတူ မြနတ်ဆိုးငှက်ရောက်လာလေသည်။ ရုကျီရွမ်ရွေးစရာမရှိတော့ပေ။ သူ၏တတိယဝိညာဥ်စွမ်းရည်ကိုသုံးကာ လှံနှင့်ပေါင်းစပ်ပြီး မြနတ်ဆိုးငှက်၏တိုက်ခိုက်မှုကိုရှောင်လိုက်ရသည်။ သို့သော်အနည်းငယ်တော့နောက်ကျသွားခဲ့သည်။ မြနတ်ဆိုးငှက်သည် သူ၏လည်ပင်သွေးကြောများကိုဖြတ်တောက်သွားခဲ့လေသည်။

ရုကျီရွမ် သူသေတော့မည်ကို သူသိလိုက်သည်။

တိုက်ပွဲတစ်ခုလုံးသည် မိနစ်ဝက်သာကြာပြီး အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် လန်ရွမ်းယု လုံးဝမမျှော်လင့်ထားသည့် ဖြစ်ရပ်တစ်ခု ရုတ်တရက် ရှိလာခဲ့သည်။

ရဲလင်းတုံ သည် မြှားကဲ့သို့ ရှေ့သို့ ပြေးလာကာ ရုကျီရွမ်၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ခွပ်”

ရုကျီရွမ်၏ခေါင်းမှာပေါက်ကွဲထွက်သွားကာ ရုကျီရွမ် ပျောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရဲလင်းတုံ၏ ခန္ဓာကိုယ်ထဲသို့ အဖြူရောင်အလင်းတန်းများ ဝင်ရောက်လာပြီး ပျောက်ကွယ်သွားခဲ့သည်။

ထိုလုပ်ရပ်ကြောင့် လန်ရွမ်းယုတို့အဖွဲ့ အံ့အားသင့်သွားစေခဲ့သည်။ ရုကျီရွမ် သည် သေချာပေါက် သေတော့မည်ဖြစ်သော်လည်း ရဲလင်းတုံ က သူ့ကို လက်သီးဖြင့်ထိုးကာအဆုံးသတ်လိုက်ခြင်းဖြစ်သည်။ ထိုသဘောက အမှတ်များသည်......

“မင်း ဘာလုပ်လိုက်တာလဲ?”

ချန်းလိန် အော်မေးလိုက်သည်။

ရဲလင်းတုံက အပြစ်မရှိသောမျက်နာဖြင့်

“ သူ မထင်မှတ်ထားတာ တစ်ခုခုလုပ်မှာငါစိုးလို့ပါ.... သူက မြန်လွန်းတယ်!”

လန်ရွမ်းယုနှင့် လျိုဖိန် တို့လည်းရောက်လာခဲ့ကြသည်။

“သူမက အမှတ်တွေအားလုံးကို လုသွားခဲ့တယ်...ရွမ်းယု”

ချန်းလိန်ရောက်လာသော ရွမ်းယုကိုပြောလိုက်လေသည်။

လန်ရွမ်းယုလည်းဒေါသထွက်နေသည်မှာထင်ရှားသည်။

“ဘာကြောင့်ခုလိုလုပ်တာလဲ? ငါရှင်းပြချက်တစ်ခုလိုချင်တယ်”

“ငါပြောပြီးပြီမလား” “သူ လွတ်သွားမှာကို စိုးရိမ်လို့လို့”

ရွမ်းယုဒေါသများထွက်လာကာ

“ရဲလင်းတုံ ......ငါတို့ကသူငယ်နှပ်စားတွေလို့ မင်းထင်နေတာလား။ ဒီလိုအခြေအနေမှာ သူဘယ်လိုပြေးနိုင်မှာလဲ။ မင်းရဲ့အသက်ကို ငါတို့က မင်းကို ကယ်တင်ခဲ့တယ်။ ဒါက မင်း ငါတို့ ကို ကျေးဇူးပြန်ဆပ်သွားတာလား”

ရဲလင်းတုံ ၏ မျက်လုံးများ နီရဲလာပြီး

“တောင်းပန်ပါတယ် ငါ... သူ့ကို ဘာကြောင့် ဒီလောက်ထိ ဒေါသတကြီး တိုက်ခိုက်မိခဲ့တာလဲ ငါ လည်း မသိဘူး။ သူတို့က ငါတို့အဖွဲ့ရဲ့ နှစ် 3000 ဝိညာဉ်သားရဲအမှတ်တွေကိုလုယူသွားတယ်....... အဲ့တာကို ငါ လက်မခံနိုင်ဘူး! နင်တို့အဖွဲ့ နဂိုရှိနေသေးတယ်......အမှတ်တွေရဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေသေးပေမယ့် ငါ့အသင်းမှာ ငါ တစ်ယောက်ပဲကျန်တော့တယ်။ အဲ့တာကြောင့်ပါ”

လန်ရွမ်းယုအေးစက်စွာပြုံးလိုက်သည်။

“ရဲလင်းတုံ မင်းဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်တဲ့လူဖစ်မယ်လို့ ငါတကယ်မထင်ခဲ့မိဘူး....မင်းက စေတနာနဲ့မတန်ဘူး........အခု ငါတို့အတွက်ကရော.....ငါတို့ကရော ရှီလိုင်ခဲ့ကိုမဝင်ချင်ဘူးထင်လို့လား......မင်းတို့တင်ဝင်ချင်တာလား.......”

လန်ရွမ်းယု ကိုကြည့်ရင်း ရဲလင်းတုံ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမအား ဤသို့ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

“ငါက တစ်ကိုယ်ကောင်းဆန်တာလား? ငါ့အဖွဲ့အတွက် ငါလုပ်နေတာ..... ရတယ်.... ငါအခု ထွက်သွားမယ်၊ ငါအခု ထွက်သွားမယ်၊ မင်းတို့ ငါ့ကိုကာကွယ်ဖို့မလိုဘူး..... မင်းကို ငါမလိုအပ်ဘူး”

လျိုဖိန် မခံနိုင်တော့

“မင်းဟာက ယုတ္တိမတန်ပါဘူး။ မင်းက ငါတို့ရဲ့ အမှတ်တွေကိုအချောင်ယူသွားပြီးထွက်သွားချင်တာလား။ ငါတို့မရှိရင် မင်းတို့အဖွဲ့ရဲ့ အမှတ်တွေဆိုတာ လုံးဝ ပျောက်သွားမှာ။ ရွမ်းယု ပြောတာ မှန်တယ်၊ မင်းက စေတနာနဲ့ မတန်ဘူး...”

ရဲလင်းတုံက လျိုဖိန်ကို ကြည့်ကာ

“ပါးစပ်ပိတ်ထား၊ ငါ လန်ရွမ်းယု နဲ့ စကားပြောနေတယ်”

ထိုစကားကိုပြောပြီးနောက် သူမသည် ရုတ်တရက် အားပျော့သွားကာ သူမ၏ ခန္ဓာကိုယ်ကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ တိုက်ပွဲတွင် သူမကို ပံ့ပိုးပေးထားသော ရွှေရောင်ငွေပြာမြက်နွယ်သည် သူမ၏ခါးတွင် ရစ်ပတ်ထားဆဲဖြစ်သည်။ သို့သော် ယခုအချိန်တွင် ပြင်းထန်သော မြှင့်တင်မှုအာနိသင်မှာ ပျောက်ကွယ်သွားရုံသာမက သူမ၏ သွေးသားများကိုဖိနှိပ်သောစွမ်းအားများ ရုတ်တရက် ပေါ်လာသည်။

Endend…….

All Chapters