အခန်း (၁၈၇+၁၈၈)
Vol. 12 Ch. 187+188
“လန်ရွမ်းယု..... နင်…”
သူမပြောနေစဥ် သူမ၏လည်ပင်းပေါ်တွင်
သန်မာသောလက်တစ်ဖက် ရောက်ရှိလာခဲ့သည်။
“လန်ရွမ်းယု မင်း ဘာလုပ်တာလဲ”
သူမ ဗလုံးဗထွေး ပြောလိုကခသည် ။
လန်ရွမ်းယု က “ငါ့ညီအကိုတွေကို ဘယ်သူကမှ စော်ကားခွင့်မရှိဘူး.....လျိုဖိန်ကိုလည်းမရဘူး.....ချန်းလိန်ကိုလည်းမရဘူး..... မှန်တယ်၊ မင်းမှာ မင်းရဲ့အသင်းဖော်တွေရှိသလို ငါ့မှာလည်း ငါ့အဖော်တွေရှိတယ်၊ သူတို့အတွက် ငါမှာတာဝန်ရှိတယ်။ ငါ့ရဲ့ဆုံးဖြတ်ချက်ကြောင့်သာ မဟုတ်ရင် သူတို့ မင်းကို ကယ်တင်ဖို့ မလိုဘူး၊ မင်းကိုလည်း သတ်ပစ်လိုက်နိုင်တယ်၊ ပြီးတော့ သူတို့ရဲ့အမှတ်အားလုံးကို ငါတို့ဘာသာ ယူနိုင်တယ်။ ငါတို့ရဲ့ တိုက်ပွဲစွမ်းအားနဲ့ အဲဒါကို လုပ်နိုင်တာ မင်းသိပါတယ်....ဟုတ်တယ်....အခု အဲ့အမှတ်တွေကို မင်း လုယူသွားတယ်..... ငါတို့ရသင့်တဲ့အရာတွေကို ဆုံးရှုံးစေခဲ့တာ မင်းကိုကယ်မယ်ဆိုတဲ့ ငါ့ရဲ့ ဒီမှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်တယ်.... ဒါက ငါ့အမှားဆိုတေ့ ငါတာဝန်ယူရမယ် “
“ရဲလင်းတုံ...မင်း နားထောင်.... ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ငါတို့ သူငယ်ချင်း ပြန်မဖြစ်နိုင်တော့ဘူး..... အနာဂတ်မှာ ငါတို့လမ်းမတူတော့ဘူး.... မင်းသွားတော့”
“မင်း မလုပ်ရဲဘူးမလား…”
ရဲလင်းတုံ မျက်လုံးများ ပြူးကျယ်သွားသည်။
သူ့ဘေးနားရှိ လျိုဖိန် ပင်လျှင် အနည်းငယ် စိတ်ပူသွားပြီး
“ရွမ်းယု.... မင်း...”
“ကချောက်!”
ရဲလင်းတုံ ၏လည်ပင်း ကျိုးသွားခဲ့သည်။
အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ရဲလင်းတုံပြောင်းသွားကာ အမှတ်များ လန်ရွမ်းယု၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့သည်။
ချန်းလိန်လည်း အံ့အားသင့်သွားခဲ့သည်။
“ရွမ်းယု ဒါက ကောင်းတဲ့အကြံမဟုတ်ဘူးနော်..... အတန်းပြန်ရောက်ရင် ဒါကို ဘယ်လိုဖြေမလဲ”
လန်ရွမ်းယု တဖြည်းဖြည်း ငြိမ်သက်သွားသည်။
“တောင်းပန်ပါတယ် အဲဒါ ငါ့အမှားပါ။ ငါတာဝန်ယူမှာပါ”
ထို့အခါ လျိုဖိန်က
“မင်း ဘာတွေပြောနေတာလဲ။ မင်းရဲ့တာဝန်က ဘာကိုဆိုလိုတာလဲ... မင်းဘာကိုတာဝန်ယူမှာလဲ။ ငါတို့က အဖွဲ့မဟုတ်ဘူးလား။ ငါတို့က အဖွဲ့တစ်ဖွဲ့မို့ ဆုံးဖြတ်ချက်တွေကို အတူတူချခဲ့ကြတယ်။ ဘာတာဝန်ရှိလဲ....အဲ့တာတာဝန်ကို အတူတူယူမယ်။”
“လျိူဖိန်ပြောတာ မှန်တယ်၊ မင်းတစ်ယောက်တည်းဆိုတာမရှိဘူး.... ငါတို့ဆိုတာပဲရှိတယ်။”
ချန်းလိန်က လန်ရွမ်းယု၏ ပုခုံးကို ဖက်လိုက်သည်။
“ငါတို့အတူတူတာဝန်ယူမယ်”
သူငယ်ချင်းကိုသတ်ခြင်းသည် အပြစ်ကြီးတစ်ခုပင်ဖြစ်သည်။ ပုံရိပ်ယောင်ကမ္ဘာတွင်ပင် ထိုအရာကအရေးပါနေလေသည်။
ထိုအချိန်တွင် သူတို့ဘေးနားသို့အကောင်ကြီးတစ်ကောင်ရောက်လာခဲ့သည်။
၎င်းသည် နှစ် 1,000 ရွှေပိုးမျောက်ဝံပင်ဖြစ်သည်။
အရင်ကနဲ့ ယှဉ်ပါက ပိုပင်ကြီးလာခဲ့သည်။ သူ၏မျက်လုံးများသည်လည်း ရွှေပြောင်းသွားကြသည်။ ရွှေမျက်လုံးကျားသစ်ဦးခေါင်းခွံကို စုပ်ယူခြင်းဖြင့် ရရှိလာသော အပြောင်းအလဲများ ဖြစ်နိုင်သည်။
ချန်းလိန် သည် သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ရွှေပိုးမျောက်ဝံနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။
“ဝူး....ဝူးး!”
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
“သူ့ရဲ့ကတိကို ဖြည့်ဆည်းဖို့ ဒီကိုရောက်လာတာလို့ပြောတယ်.... ငါတို့ကို အကြာကြီးစောင့်ခိုင်ခဲ့ရတာအတွက် စိတ်မကောင်းပါဘူးတဲ့”
ချန်းလိန်ကဘာသာပြန်ပြလေသည်။
လန်ရွမ်းယု သည် ရှုပ်ထွေးသောအကြည့်ဖြင့် ရှေ့တွင်ရှိနေသော နှစ် 1,000 ရွှေပိုးမျောက်ဝံကို ကြည့်ကာ
“တစ်ခါတလေမှာ ဝိညာဉ်သားရဲတွေက လူတွေထက်တောင် ပိုကောင်းသလိုပဲ!”
ဤရွှေပိုးမျောက်ဝံသည် ၎င်း၏ကတိကို ဖြည့်ဆည်းရန် ပြန်လာခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ရဲလင်းတုံ သည် သူမ၏ ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက်သာ လုပ်ဆောင်ခဲ့သည်။
“ကျေးဇူးတင်ပါတယ်။ မင်းနောက်ကျတာမဟုတ်ဘူး၊ ဒါကြောင့် မင်းတောင်းပန်ဖို့ မလိုဘူး။ ”
ချန်းလိန်ကထိုစကားကို မျောက်ဝံကြီးအားပြန်ပြောလေသည်။
နှစ် ၁၀၀၀ရွှေပိုးမျောက်ဝံကြီးက ခေါင်းညိတ်လိုက်သည်။
လန်းရွမ်းယု က
“ချန်းလိန်....ငါတို့အတူခရီးဆက်ကြမယ်လို့ပြောလိုက်....”
“အင်း”
…………….
“ငါတို့လူတွေကို စပြီးရှာရပုံပဲ”
“လူရှာမှာလား?”
“အင်း” လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“ငါ ခန့်မှန်းတာမှန်မယ်ဆိုရင်တော့ ဒီခုနစ်ရက်အတွင်းမှာ ပထမလေးရက်က ဝိညာဉ်သားရဲတွေသတ်ပြီး အမှတ်တွေစုထားရမှာဖြစ်ပြီးတော့ နောက်သုံးရက်ကတော့ မတူညီတဲ့အသင်းတွေနဲ့ တိုက်ခိုက်ပြီး အမှတ်ရအောင် ယှဉ်ပြိုင်ရမှာပဲ။ အဲဒီကနေ နောက်ဆုံးအဆင့်ကို ဆုံးဖြတ်နိုင်တယ်..... ”
ချန်းလိန် နှင့် လျိူဖိန် တို့ တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်ကြသည်။
“ဒါဆို ငါတို့ အခု ဘာလုပ်မှာလဲ” လျိုဖိန် မေးလိုကိုသည်။
လန်ရွမ်းယု ပြုံးလိုက်သည်။
“စောင့်ကြမယ်.... အလျင်စလို မရှိဘူး။”
“စောင့်ရမယ်...ခုဏကလူရှာမယ်ပြောလိုက်တာမလား?”
လျိူဖိန် စိတ်ရှုပ်ထွေးစွာ မေးခွန်းထုတ်သည်။
လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်.... ငါတို့က သူတို့အချင်းချင်းတိုက်ခိုက်ပြီးပင်ပန်းသွားတဲ့အထိ စောင့်မယ်။ နားလည်လား.....”
ထို့နောက် မြင့်မားလှသောသစ်ပင်ကြီးတစ်ပင်ကို တွေ့ရှိခဲ့သည်။
“မင်းရဲ့ နဂါးဖြူလှံကို အသုံးပြုပြီး အဲဒီသစ်ပင်ရဲ့ ပင်စည်အတွင်းမှာ ဂူတစ်ခုတူလိုက် ..... ငါတို့အဲဒီမှာ အနားယူမယ်။”
ထို့နောက် သူက ချန်းလိန် ဘက်လှည့်လိုက်သည်။
“ရွှေပိုးမျောက်ဝံကို ပတ်လည်းကိုပတ်ပြီးရှာဖွေခိုင်းလိုက်ပါ၊ အကယ်၍ အခြားလူသား ဝိညာဉ်မာစတာတွေနဲ့တွေ့ရင် ငါတို့ကိုပြန်လာပြောဖို့ပြောလိုက်.....”
သုံးယောက်သား သစ်ပင်ဂူအတွင်းတွင် ထက်ကြပ်မကွာ ထိုင်နေကြသည်။ တရားထိုင်ပြီး အနားယူလိုက်ကြသည်။
ကြယ်တာယာ သစ်တောနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော ရွှေပိုးမျောက်ဝံဖြင့် ပြင်ပအခြေအနေကို လွယ်ကူစွာ စောင့်ကြည့်နိုင်ခဲ့သည်။
ရွမ်းယုမှန်းသည့်အတိုင်းပဲ ထိုရက်များတွင် အသင်းများအချင်းချင်းတိုက်ပွဲများဖြစ်ခဲ့ကြသည်။ ထိုအကြောင်းကိုရွှေပိုးမျောက်ဝံကြီးကအကုန်ပြန်ပြောပြလေသည်။
ထိုထဲတွင် အဖွဲ့သုံးဖွဲ့ပေါင်းထားသောမဟာမိတ်အသင်းတစ်ခုရှိနေကြောင်းလည်းကြားခဲ့ရသည်။
အဖွဲ့သုံးဖွဲ့ မဟာမိတ်ဖွဲ့ဖို့ဆိုတာ ဘယ်လို လွယ်ကူမည်မဟုတ်ပေ....
ကောင်းကင်ဝိညာဥ်အကယ်ဒမီ မှလွဲ၍ လင်းထျန်းအကယ်ဒမီသာလျှင့် မဟာမိတ်များဖွဲ့နိုင်ဖွယ်ရှိသည့် တစ်ဦးတည်းသောအဖွဲ့ဖြစ်သည်။
“အခုကစပြီး သူတို့ကို အာရုံစိုက်ထားပါလို့....ရွှေပိုးမျောက်ဝံကိုပြောလိုက်.....”
သုံးယောက်မဟာမိတ်သုံးဖွဲ့သည် ၎င်းတို့၏ အကြီးမားဆုံး အတားအဆီးဖြစ်လာမည်မှာ သေချာသည်။
ရွှေပိုးမျောက်ဝံများသည် မဟာမိတ်အဖွဲ့မှာ ဝိညာဉ်မာစတာ ၁၀ ဖွဲ့ကျော်ကို ချေမှုန်းခဲ့ကြောင်းပြန်ပြောပြခဲ့သည်။ ခြောက်ရက်မြောက်နေ့အထိ ရွမ်းယုတို့ထိုနေရာတွင်သာရှိနေခဲ့သည်။
ကိုးဦးအနက် သုံးဦးမှာ ဒဏ်ရာများရခဲ့သော်လည်း ပြင်းထန်မှုမရှိပေ။
‘ငါတို့ အဲ့အဖွဲ့ကို လွှတ်ထားလိုက်မလား’
ပြိုင်ပွဲနောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့သည်။ သန်းခေါင်ယံသို့ရောက်သည်နှင့်၊ အရာအားလုံးပြီးဆုံးသွားပြီး စာမေးပွဲလည်း ပြီးသွားမည်ဖြစ်သည်။
“ချန်းလိန်....လျိုဖိန်.... ငါမင်းတို့နဲ့ ဆွေးနွေးစရာရှိတယ်”
“မင်းတို့ရဲ့အတွေးတွေကို ငါသိချင်တယ်”
“ငါတို့ရဲ့ အတွေးတွေကို သိချင်လား”
ချန်းလိန် က
“မင်းရဲ့ အကြံကို ငါတို့မငြင်းပါဘူး... မင်းပြောသမျှ ငါတို့လုပ်မယ်။ ပြောပါ”
လျိုဖိန် ရယ်လိုက်သည်။
“မှန်တယ် ရွမ်းယု....ဘာဖြစ်ဖြစ် ငါတို့လုပ်မယ်။ ဘာလုပ်ရမလဲ ပြော။”
လန်ရွမ်းယု ခေါင်းခါပြီး
“ငါ့အစီအစဉ်ကနည်းနည်းရူးရာကျတယ်ာ... မအောင်မြင်ရင် ဖယ်ထုတ်ခံရနိုင်တယ်။ ဒါနဲ့ အစီအစဥ်အောင်မြင်ရင် ငါတို့ ပထမဦးနေရာရမှာပဲ.... ဒီတော့......”
“ရွမ်းယု မင်းရဲ့အကြံကို ငါကြားချင်တယ်။ အောင်မြင်နိုင်ခြေက ဘယ်လောက်လဲ”
“ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်.....”
Endend…….