အခန်း (၁၈၉)
Vol. 12 Ch. 189
“ အစီအစဉ်က ဒီလို.... ငါတို့ရဲ့ ပစ်မှတ်က လူကိုးယောက်ပါတဲ့ အဖွဲ့ပဲ။ ငါတို့ ပထမဆုံးလုပ်ရမှာက လျိုဖိန် က သူတို့ကို အေဝးကေန စောင့်ကြည့်ပြီး အဖွဲ့က ဘယ်လို အဖွဲ့သုံးဖွဲ့လဲဆိုတာသိအောင်လုပ်ရမယ်....လူတွေကိုသိအောင်လုပ်ရမယ် “
လန်ရွမ်းယုက သူ့အစီအစဉ်ကို ရှင်းပြပြီးသောအခါ ချန်းလိန်နှင့်လျိုဖိန်တို့က ......
“ ဒါက သိပ်မဆိုးပါဘူး။ အန္တရာယ်လည်းမရှိပါဘူး၊ ဒါကြောင့် အမှတ်.....ဘယ်လောက်ထိယူနိုင်မလဲ ဆိုတာပဲ ကြည့်ရမယ်။ ရပြီ ရွမ်းယု! လုပ်ရအောင်....
ချန်းလိန်က စိတ်လှုပ်ရှားစွာပြောသည်။
လျိုဖိန် က ဒေါသတကြီးနဲ့
“ မင်း သေချင်နေတာလား “
လန်ရွမ်းယု က
“ဟုတ်တယ် ဒါက မင်းတော်တော်ကံကောင်းဖို့ လိုတယ်”
“ လုပ်ရအောင်ပါ “
ချန်းလိန် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ ကောင်းပြီ ဒါဆို အဆင်သင့်ဖြစ်ပြင်... ရွှေပိုးမျောက်ဝံကိုလည်း အစီအစဉ်အကြောင်းကိုပြောထား...သူလည်း ငါတို့နဲ့ လက်တွဲဖို့ လိုအပ်တယ် “
သုံးယောက်သား အစီအစဉ်ကိုပြင်ဆင်နေကြပြီး တစ်ချိန်တည်းမှာပင်အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ပင်းထျန်းလိန်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေပြီး အေဝးကို လှမ်းကြည့်နေသည်။ သူသည် အသက် 12 နှစ်သာရှိသေးသော်လည်း လင်းထျန်အကယ်ဒမီ အထူးတန်းတွင် အသန်မာဆုံးကျောင်းသားဟုပြောလျှင်လွန်မည်မဟုတ်ပေ။
သူ့အား ဘယ်သူမှ မစိန်ခေါ်ရဲကြပေ။
ဆရာများက သူ့ကို လင်းထျန်းအကယ်ဒမီသမိုင်းတွင် အထူးချွန်ဆုံး ကျောင်းသားဖြစ်သည် ဟုပင် ဆိုကြသည်။
သူ၏အကျင့်စာရိတ္တကောင်းမွန်မှုကြောင့် ရှီလိုင်ခဲ့အကယ်ဒမီသို့ စောစီးစွာဝင်ခွင့် ကမ်းလှမ်းချက်ကိုပင် ရရှိခဲ့သည်။
သို့သော်လည်း ပင်းထျန်းလိန် သည် ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ မကြာသေးမီကပင် ပထမအကျော့ ရလဒ်များ ထွက်ပေါ်လာချိန်အထိ ဖြစ်သည်။ သူ့အဖွဲ့သည် ပထမနေရာမဟုတ်ကြောင်း သူမြင်သောအခါ ပင်းထျန်းလိန် ၏ စိတ်မှာ ပြောင်းလဲသွားသည်။ မူလက အလွန်ယုံကြည်ချက်ရှိနေသော်လည်း ထိုအခါမှာတော့ သူထူးဆန်းသွားလေသည်။ သူ့နှလုံးသားထဲတွင် ဖော်ပြမပြနိုင်သော ခံစားချက်များဖြင့် ပြည့်နေခဲ့သည်။
ထို့အပြင် ရမှတ်ပေါင်း 20000 ကျော် သည် ခွန်အားတစ်ခုတည်းဖြင့် အောင်မြင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပင်ထျန်းလိန်သည် ထိုအဖွဲ့နှင့် ရင်ဆိုင်ရန် စောင့်မျှော်နေခဲ့သည်။
တရားမျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ သူတို့အဖွဲ့သည် လူကိုးဦးရှိနေလေသည်။ စစ်မြေပြင်တွင် မတရားတာ မရှိဟု ဖခင်ဖြစ်သူက ပြောခဲ့ဖူးသည်။
“ ရေခဲတုံးကြီး “
အသံတစ်ခု ထွက်ပေါ်လာသည်။
“ဆူရှီ... ဘာလဲ၊ ငါ့ကို အဲ့လိုမခေါ်ဖို့ မင်းကို ငါပြောထားပြီးသားလေ... “
ပင်းထျန်းလိန် ၏အမူအရာသည် နူးညံ့သိမ်မွေ့လာခဲ့သည်။ ရေခဲတုံးကြီး သည် သူ့အတန်းဖော်များက သူ့ကိုပေးထားသော နာမည်ပြောင်ဖြစ်သည်။
လျန်ဆူရှီသည် အလွန်ထူးချွန်သူဖြစ်ပြီးသူမသည်လည်း လင်းထျန်းအကယ်ဒမီ အထူးတန်းမှဖြစ်သည်။ ထိုအပြင် သူမသည် ပင်ထျန်းလိန် နှင့်အတူ ကြီးပြင်းခဲ့ပြီး သူတို့နှစ်ယောက်လုံးမှာလည်း အလွန်ရင်းနှီးကြကြသည်။ ပင်းထျန်းလိန် သည် သူမထက်တစ်လသာပိုကြီးပြီး ၎င်းတို့နှစ်ဦးသည် ကလေးဘဝကတည်းက ကစားဖော်များဟု ဆိုနိုင်သည်။
ကံမကောင်းစွာဖြင့်၊ သူတို့၏ သိုင်းဝိညာဥ် များသည် မလိုက်ဖက်သောကြောင့် ၎င်းတို့သည် သီးခြားအဖွဲ့များအဖြစ် ကွဲသွားခဲ့သည်။ လျန်ဆူရှီသည် ထိုကိစ္စအတွက် အလွန်စိတ်မကောင်းဖြစ်နေမိသည်မှာ ကြာပြီဖြစ်သည်။ သူမသည် သူမ၏ ရေခဲတုံးကြီး နှင့်သာ တစ်ဖွဲ့ထဲ ဖြစ်ချင်သည်မှာ ထင်ရှားသည်။
လျန်ဆူရှီ က တခစ်ခစ်ရယ်ရင်း
“ဒါပေမယ့် အဲ့နာမည်က အရမ်းချစ်စရာကောင်းတယ်။ ဒါဆို နင့်ကို ဘာခေါ်ရမှာလဲ။ အစ်ကိုကြီးပင်းလား? “
ရေခဲတုံးကြီးသည် ဘာဆက်ပြောရမှန်းပင်မသိတော့ပေ။
လျန်ဆူရှီ ပြုံးလိုက်သည်။
“တစ်ခြားအသင်းတစ်ခုတွေ့ထားတယ်.... သူတို့ကလည်း အတော်လေးကို အားကောင်းပုံရတယ်”
ပင်းထျန်းလိန်၏ မျက်လုံးများ တောက်ပလာသည်။
“သူတို့က ဘယ်သူတွေလဲဆိုတာ မင်းသိလား”
လျန်ဆူရှီ က
“သူတို့ကကောင်းကင်ဝိညာဥ်အကယ်ဒမီလို့ မထင်ဘူး၊ ဒါကြောင့် နင့်ကိုလာမခေါ်တာ...ဒါပေမယ့် နင်အခုလိုက်ချင်လည်းလိုက်ခဲ့လေ....”
ပင်းထျန်းလိန် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း.....
“ သွားစို့....”
နှစ်ယောက်သား တွဲပြီး တောင်အောက်သို့ ဆင်းသွားခဲ့သည်။ တောက်အောက်ခြေတွင် လူများခုန်ထွက်လာကာ .....
အကိုပင်း...!
အကိုပင်း.......
အားလုံးက ပင်းထျန်းလိန် ကို လေးစားစွာ နှုတ်ဆက်ကြသည်။
ပင်းထျန်းလိန်က သူတို့ကို ခေါင်းညိတ်ပြပြီး
“အရင်ကအတိုင်းပဲ၊ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားပါ”
လူကိုးဦးသည် တောထဲတွင် ပျောက်ကွယ်သွားကာ အမဲလိုက်မှုအသစ် စတင်ပြီဖြစ်သည်။
ကြယ်တာယာတောအုပ်ထဲတွင် ဝိညာဉ်မာစတာ သုံးယောက်သည် လျင်မြန်စွာပြေးနေကြသည်။
လုံဖိန်အကယ်ဒမီမှဖြစ်သည်။ မကြာသေးမီက သူတို့သည် ဒဏ်ရာရရှိထားသော ဝိညာဉ်သားရဲတစ်ကောင်ကို သတိပြုမိခဲ့ကြသည်။ သူ့ရဲ့ဒဏ်ရာများမှာ တော်တော်ပြင်းထန်ပုံရသည်။ သွေးစိမ်းများဖြင့် ရွှဲနေပြီး ၎င်း၏လက်သည် မလှုပ်ရှားနိုင်တော့ပေ။ ၎င်းသည် အနည်းဆုံး နှစ်ပေါင်း 1000 သက်တမ်းရှိ ရွှေပိုးမျောက်ဝံဖြစ်သည်။ ထို့နောက်သူတို့အမြန်လိုက်နေခြင်းဖြစ်သည်။
လုံဖိန်အကယ်ဒမီလူသုံးဦးတွင် ခေါင်းဆောင်ဖစ်သူမှာ နုန်ရီဝေ ဖြစ်သည်။
“မြန်မြန် လိုက်! အဲ့ကောင်က ဒဏ်ရာရနေပြီးသား...အဲ့တာကြောင့် မြန်မြန်မလှုပ်ရှားနိုင်ဘူး....”
နုန်ရီဝေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရွှေပိုးမျောက်ဝံသည် တောအုပ်အတွင်းတွင် လှည့်ပတ်သွားလျက် ရှိသည်။ ရုတ်တရက် သူ့လက်ထဲတွင်ရှိသော သေနေသည့် ဝိညာဉ်သားရဲလေး၏လက်ကို ကိုက်လိုက်သည်။ ထို့နောက် သွေးအနည်းငယ်ကို မြေပြင်ပေါ်သို့ ညစ်ထုတ်လျုက်လေသည်။ ထို့နောက် တောနက်ထဲသို့ အရှိန်ပြင်းပြင်း အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားခဲ့သည်။
နုန်ရီဝေသည် လူကိုးဦးမှာသူ့အားဝိုင်းထားသည်ကိုမသိခဲ့ပေ။
Endend…..