အခန်း (၁၉၀)
Vol. 12 Ch. 190
“ဟင်? ဘာတွေဖြစ်နေတာလဲ?”
နုန်ရီဝေ သည် ထိုဝိညာဉ်သားရဲ ပြေးသွားသောအခါ တစ်စုံတစ်ခုမှားနေသည်ကိုသိလိုက်ရသည်။
“ရပ်!”
သူ့အဖော်နှစ်ယောက်လည်း သူနှင့်အတူ ရပ်လိုက်ကြသည်။
“တော်တော်ဝေးသွားပြီ ထင်တယ်”
“သွားကြရအောင်”
နုန်ရီဝေ သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ကာ ချက်ချင်းပင် သူ့အဖော်များနှင့်အတူ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေဖြစ်သည်။
ထိုအချိန်တွင်ပင် အသံက
“နေပါဦး”
လူတစ်ယောက်ပေါ်လာခဲ့သည်။
နုန်ရီဝေ နှင့် သူ့ဖော်များ၏ မျက်လုံးးများ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။
တစ်၊ နှစ်၊ သုံး၊ လေး.... သူတို့ မြင်ခဲ့တာကတော့...ထိုလူ့ရဲ့ ပတ်ပတ်လည်တွင်
ခရမ်းရောင် ဝိညာဉ်ကွင်းလေးကွင်း...
ထိုသူမှာ ဝိညာဥ်ဘိုးဘေအဆင့်ဖြစ်လေသည်။
နုန်ရီဝေ နှင့် သူ့ဖော်များသည် ထိုအရာကိုမယုံကြည်နိုင်ဖြစ်နေကြသည်။ နုန်ရီဝေတွင် ကွင်းသုံးကွင်းသာရှိပြီး ကျန်နှစ်ဦးစလုံးတွင် ကွင်းနှစ်ကွင်းသာရှိသည်။
ထိုမျှသာမကဘဲ လူများစွာ ပေါ်ထွက်လာပြီး သူတို့ကို ဝန်းရံထားကြသည်။ ၎င်းတို့သည် လင်းထျန်းအကယ်ဒမီမှကျောင်းသား များဖြစ်သည် ။ သို့သော် လူကိုးဦးစလုံး မဟုတ်ဘဲ ခြောက်ဦးသာ ရှိသည်။
အလယ်မှ ဝိညာဉ်ကွင်း လေးကွင်းရှိသော လူမှာ သဘာဝအတိုင်း ပင်ထျန်းလိန်ပင် ဖြစ်သည်။
နုန်ရီဝေက သူ့ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
“အရင်မတိုက်ခိုက်နဲ့ဦး”
ပင်းထျန်းလိန်က သူ့ကို အေးစက်စွာ ကြည့်နေသည် ။
“ငါတို့က လုံဖိန်အကယ်ဒမီကဖြစ်ပြီးတော့ ငါနာမည်က နုန်ရီဝေ ပါ။ မင်းတို့ဘာတွေလုပ်ချင်နေလဲငါသိပါတယ် ဒါပေမယ့် ငါတို့ညှိနှိုင်းလို့ရမလား.... မင်းတို့ ငါတို့ကို လွှတ်ပေးမယ်ဆိုရင် ဝိညာဉ်ကမ္ဘာရဲ့လေ့ကျင့်ရေးကွင်းတွေမှာသုံးလို့ရတဲ့ဝိညာဉ်ဒင်္ဂါးတွေပေးပါမယ်..... ဒင်္ဂါး ၁၀၀၀....ဘယ်လိုလဲ ”
ဒင်္ဂါး ၁၀၀၀ သည် သေးငယ်သောငွေပမာဏမဟုတ်ပါ။ ထို့ကြောင့် ၎င်းသည် ပင်းထျန်းလိန်ကိုပင် ဆွဲဆောင်နိုင်သော ကမ်းလှမ်းချက်တစ်ခုဖြစ်သည်။
“၃,၀၀၀ ဆို ငါစဉ်းစားမယ်”
ပင်းထျန်းလိန် အေးစက်စွာပြောလိုကိသည်။
နုန်ရီဝေ ရှိုက်ကြီးတငင် ပြုံးလိုက်ပါ
“ ငါပေးချင်ပါတယ်၊ ဒါပေမယ့် အဲ့လိုပေးဖို့ ငါ့မှာ အဲဒီပမာဏတော့ ရှိဖို့လိုတယ်။ ၁၀၀၀က ငါ အများဆုံးပေးလို့ရတဲ့ပမာဏပဲ”
“ဒါပေမယ့် ငါတို့ မင်းတို့ကို အခုသတ်လိုက်ရင် မင်းတို့ကို ထိပ်တန်း 10 ယောက်ထဲမှာ သေချာပေါက် မရောက်ဘူးနော်”
ပင်ထျန်းလိန် ပြောလိုက်သည်။
နုန်ရီဝေ၏အမူအရာ ပြောင်းသွားသည်။ ထို့နောက် အံကြိတ်ကာ
“၁၅၀၀..... ဒီပမာဏက အတန်းတစ်ခုလုံးရဲ့ စုဆောင်းငွေပဲ”
ပင်းထျန်လိန် စဉ်းစားရင်း မျက်ခုံးပင့်လိုက်သည်။ ဒင်္ဂါးပြား ၁၅၀၀..... တကယ်က သူ့အတွက် ထိုအရာ အချိန်ကို သိသိသာသာ သက်သာစေမှာဖြစ်သည်။
ပင်ထျန်းလိန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။
ထိုအပြုံးကိုမြင်တော့ နုန်ရီဝေ သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် ပင်ထျန်းလိန် စကားပြောခါနီးတွင် အဝေးမှ နားစူးစူးရှရှ အော်သံတစ်ခုထွက်ပေါ်လာသည်။
ထိုအော်သံကိုကြားသောအခါ ပင်းထျန်းလိန်ရဲ့ မျက်နှာက ပြောင်းလဲသွားခဲ့သည်။ သူ၏ အပြုံးမှာလုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအော်သံမှာ သူရဲ့အချစ်ရဆုံးဖြစ်သော လျန်ဆူရှီ၏အော်သံဖြစ်သောကြောင့်ဖြစ်သည်။
“သတ်တော့!
ပင်ထျန်းလိန်၏ခန္ဓာကိုယ် ရုတ်တရက် ပျောက်သွားပြီး နုန်ရီဝေ့ရှေ့တွင် ပေါ်လာခဲ့သည်။
နုန်ရီဝေကလည်း လျင်မြန်စွာတုံ့ပြန်လိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲတွင် အနက်ရောင်အလုံးတစ်ခုပေါ်လာကာ
“ဗွမ်းးး.....!”
ပေါက်ကွဲမှုကြောင့် ပင်ထျန်းလိန်ပင် နောက်သို့ပြန်ဆုတ်သွားရသည်။
နုန်ရီဝေ၏ ပထမနှင့် ဒုတိယ ဝိညာဉ်ကွင်းများ တစ်ချိန်တည်းတွင် တောက်ပလာသည်။ သူသည် လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး ထိုအနက်ရောင်အရာများစွာကို ပစ်လွှတ်လိုက်သည်။
“ လူခွဲပြေးတော့!”
နုန်ရီဝေအော်လိုက်သည်။
တစ်ဖက်လူသည် သူတို့ယှဥ်နိုင်မည့်လူမဟုတ်ပေ။ ထို့ကြောင့်သူတို့အမှတ်များကိုထိန်းသိမ်းရန်အသက်ရှင်ဖို့လိုလေသည်။ ထို့ကြောင့် သူအဖော်များကိုပြေးခိုင်းလိုက်ကာ သူကတော့အနစ်နာခံရတော့မည်ဖြစ်သည်။
ထို့အပြင် နုန်ရီဝေသည် အလွန်ရှားပါးသော သိုင်းဝိဥာဉ်ရှိသည့် ဝိညာဉ်မာစတာတစ်ဦးလည်းဖြစ်သည်။
“ဗွမ်း၊ ဗွမ်း၊ ဗွမ်း၊ ဗွမ်း!”
သေးငယ်သော အရာများသည် ပေါက်ကွဲနိုင်သောစွမ်းရည်များရှိလေသည်။ ထို့ကြောင့် သူ့အဖော်များအတွက်လမ်းဖောက်ပေးနိုင်ခဲ့လေသည်။
Endend…