← Chapters

အခန်း (၁၉၁+၁၉၂)

Vol. 12 Ch. 191+192

အခန်း (၁၉၁+၁၉၂)

Vol. 12 Ch. 191+192

နုန်ရီဝေ ၏ အကြီးမားဆုံး အိပ်မက်မှာ ရှီလိုင်ခဲ့အကယ်ဒမီ သို့ ဝင်ရန် မဟုတ်ဘဲ ထန်ဂိုဏ်း သို့ ဝင်ရောက်ရန် ဖြစ်သည်။ နှစ်ပေါင်း တစ်သောင်းကျော် သမိုင်းကြောင်းရှိခဲ့သည့် ထန်ဂိုဏ်းတွင် လျှို့ဝှက်လက်နက်တစ်ရာခွဲခြမ်းခြင်းဟုခေါ်သော အထူးနည်းပညာတစ်ခုရှိသည်။ သူသည် သူ့ကိုယ်ပိုင် ခွန်အားကို များစွာတိုးတက်စေမည့် နည်းလမ်းကို သင်ယူလိုသည်။ သို့သော်၊ ထန်ဂိုဏ်း သို့ဝင်ရန် ခက်ခဲလွန်းသောကြောင့် ရှီလိုင်ခဲ့အကယ်ဒမီကို ဖြတ်လမ်းဟု ယူဆခဲ့သည်။

……………

လွန်ခဲ့သည် မိနစ်အနည်းငယ်က ....

“ဗွမ်း!” ရွှေပိုးမျောက်ဝံသည် ဝိညာဥ်မာစတာတစ်ဦးကိုသတ်လိုက်လေသည်။ ထိုအချိန်တွင် ပြိုင်ဘက်တစ်ဦးတည်းသာ မတ်တပ်ရပ်နေတော့သည်။

လျန်ဆူရှီရှေ့တွင်ရပ်နေသူကတော့ လန်ရွမ်းယုပင်ဖြစ်သည်။ နှစ် ၁၀၀၀ သားရဲသည် ရှာရလွယ်ကူသည်မဟုတ်ပေ။ ထို့ကြောင့် ပင်ထျန်းလိန်သည် နုန်ရီဝေကိုတားပြီးနောက် ထိုရွှေပိုးမျောက်ဝံနောက်အား လျန်ဆူရှီတို့သုံးယောက်အဖွဲ့ကိုလိုက်ခိုင်းခဲ့သည်။ သူမသည် ကွင်းသုံးကွင်းရှိပြီး သူမ၏အသင်းဖော်များသည် ကွင်းနှစ်ကွင်း ရှိသည်။ သူမ၏အသင်းသည် အခြားနှစ်သင်းနှင့်ယှဉ်လျှင် အနည်းငယ်အားနည်းသော်လည်း ရွှေပိုးမျောက်ဝံမှာဒဏ်ရာရနေပြီဟုသူတိူ့ထင်ခဲ့ကြလေသည်။

သို့သော် ၎င်းတို့လိုက်ဖမ်းနေသည့် ရွှေပိုးမျောက်ဝံသည် လုံး၀ကောင်းမွန်နေရုံသာမက ကျင့်ကြံသက်တမ်းမှာလည်း နှစ် ၃၀၀၀ ခန့် သက်တမ်းရှိမည်ဟု သူတို့ မထင်ထားမိခဲ့ပေ။

ထို့ပြင် ရွှေပိုးမျောက်ဝံဘေးတွင်ရှိသော ဝိညာဉ်မာစတာမှာလည်းအတော်လေးအားကောင်းလေသည်။ထိုသူသည် ကောင်းကင်ဝိညာဥ်အကယ်ဒမီမှဖြစ်ကြောင်းအဝတ်အစားများအရသိခဲ့လေသည်။ ယခုတော့ လျန်ဆူရှီတစ်ယောက်သာကျန်ခဲ့လေသည်။

“မင်းက အရင်အကျော့ရဲ့ ချန်ပီယံပဲ ဟုတ်တယ်မလား!”

လန်ရွမ်းယု ပခုံးတွန့်လိုက်သည်။

“မင်းပြောတာမှန်တယ်”

သူမ၏အဖွဲ့သည် ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့သည်ကိုသူမနားလည်လိုက်လေသည်။ ရွှေပိုးမျောက်ဝံသည် ထိုကောင်လေး၏စကားကိုတသွေမသိမ်းလိုက်နာနေလေသည်။

သူမသည် နောင်တရနေခဲ့သည်။

ရွှေပိုးမျောက်ဝံသည် သူမရှေ့သို့ရောက်လာကာ သူရဲ့ရွှေရောင်မျက်လုံးများဖြင့် သူမကိုတစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက်သူမသည် လောကကြီးနှင့်အဆက်ပြတ်သွားသကဲ့သို့အရာအားလုံးရပ်တန့်သွားခဲ့သည်။ ထိုအရာသည် ရွှေမျက်လုံးကျားသစ်ဝိညာဥ်ရိုး၏စွမ်းရည်ပင်ဖြစ်တော့သည်။

“ဇွပ်.....!”

ရွှေပိုးမျောက်ဝံသည် လျန်ဆူရှီ၏ လည်ပင်းကို ကိုက်ဖြတ်လိုက်လေသည်။ ချွန်ထက်သောသွားများသည် သူမ၏အရေပြားကို ထိုးဖောက်ကာ လျန်ဆူရှီ၏တစ်ကိုယ်လုံး ပျော့ခွေသွားသည်။

လန်ရွမ်းယုက ရွှေပိုးမျောက်ဝံကိုကြည့်ကာ

“ဒါက နည်းနည်းတော့ ရက်စက်လွန်းတယ်”

သူ ထိုသို့ပြောနေသော်လည်း သူသည် သူ့လက်မှရေခဲတုံးတစ်ခုကို ပစ်လွှတ်လိုက်ပြီး ထိုရေခဲချွန်သည် လျန်ဆူရှီ၏နှလုံးကို တိကျစွာ ထိမှန်ကာ သူမအား ပြိုင်ပွဲမှ ဖယ်ထုတ်လိုက်လေ သည်။

ထို့နောက် လျန်ဆူရှိတို့အသင်းမှအမှတ်ထက်ဝက်သည် ရွမ်းယု၏ကိုယ်ထဲသို့ဝင်သွားတော့လေသည်။

………

“ဗွမ်း...!”

နုန်ရီဝေသည် သူ့ရဲ့နောက်ဆုံးဖောက်ကွဲမှုကိုပြုလုပ်ပြီးနောကိ သေဆုံးသွားခဲ့သည်။ ထိုအခါ ပင်းထျန်းလိန်သည် သူ့လူငါးယောက်ကိုဦးဆောင်ကာ ထိုနေရာမှပြေးတော့သည်။ သူသည်နုန်ရီဝေတို့အဖွဲ့၏အမှတ်များကို လျစ်လျူရှုခဲ့သော် လည်း လျန်ဆူရှီကိုတော့ မကယ်တင်နိုင်ခဲ့ပေ။

ပင်ထျန်းလိန် ရှီလိုင်ခဲ့အကယ်ဒမီသို့ စောစီးစွာတက်ရောက်ခွင့်ရသူအဖြစ် မရွေးချယ်ရခြင်းအကြောင်းရင်းမှာ အဓိကအားဖြင့် သူ၏ချစ်သူမိန်းကလေး လျန်ဆူရှီကြောင့်ဖြစ်သည်။

ပင်းထျန်လိန် ရဲ့နှလုံးသားထဲတွင် လျန်ဆူရှီထက် ပိုအရေးကြီးတာ ဘာမှမရှိပေ။

ပင်းထျန်းလိန်သည် သူ၏ အမြန်နှုန်းကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ကာ ခရမ်းရောင် လျှပ်စီးကြောင်းများထွက်လာလေသည်။

သူ့မျက်လုံးများမှာလည်း ခရမ်းရောင်ပြောင်းသွားခဲ့သည်။ သူ၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်ကြောင့်၊ ထန်ဂိုဏ်း၏ လျှို့ဝှက်ပညာတစ်ခုဖြစ်သည့် ခရမ်းနတ်ဆိုးမျက်လုံး ပညာရပ်ကို ရရှိရန်

ငွေကြေးများစွာသုံးစွဲခဲ့ရသည်။

ထို့နောက် ရွှေပိုးမျောက်ဝံသည် လျန်ဆူရှီကိုကိုကိုက်သတ်လိုက်သည်ကိုသူတွေ့လိုက်ရသည်။

“မဟုတ်ဘူး”

ပင်ထျန်းလိန် သ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ အလွန်နောင်တရသွားခဲ့သည်။

သူသည် ဂရုမစိုက်ဘဲ လျန်ဆူရှီကို ဒဏ်ရာရနေ သော ဝိညာဉ်သားရဲနောက်သို့ လိုက်ရန် ခွင့်ပြုခဲ့ခြင်းအတွက် နောင်တရခဲ့သည်။ ထို့နောက် ရွှေပိုးမျောက်ဝံ၏ကျောပေါ်သို့ လူတစ်ဦး ခုန်တက်သွားသည်ကို သူမြင်လိုက်ရသည်။ ထိုသူသည် ပင်းထျန်းလိန်၏ ဒေါသများပေါက်ကွဲရာနေရာဖြစ်သွားခဲ့သည်။ သူ၏ဒေါသအောက်တွင်၊ ပင်းထျန်းလိန် ၏အရှိန်သည် အလွန်လျင်မြန်လာခဲ့သည်။ စတုထ္ထ ဝိညာဥ်ကွင်း တောက်ပလာပြီး ပင်းထျန်းလိန်၏ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင်လျှုပ်စီးများ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် ရွှေပိုးမျောက်ဝံ၏ နောက်ကျောသို့ပြင်းထန်သောလက်သီးလုံးကြီးကိုပစ်သွင်းလိုက်လေသည်။

လန်ရွမ်းယုထိုအရာကိုသတိထားမိလိုက်သည်။

တစ်ဖက်တွင် ဝိညာဉ်ကွင်းလေးကွင်းရှိနေသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ပင်းထျန်းလိန်၏လက်သီးသည် လန်ရွမ်းယု

မှရှောင်လွှဲ၍မရသည့်အထိ မြန်ဆန်လွန်းလှသည်။

ရွမ်းယုအသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ရွှေရောင်သွေးသားမှ နဂါးကြီးတစ်ကောင်၏ ဟိန်းသံထွက်လာကာ သူ၏ ခွန်အားများ တိုးလာခဲ့သည်။ ရွမ်းယု၏ မျက်လုံးများသည်လည်းအနည်းငယ် ရွှေရောင်တောက်ပလာ သည်။

အချိန်မဟုတ်သေးသောကြောင့် ၎င်း၏ အပြင်းထန်ဆုံးသော သိုင်းဝိဉာဉ်ပေါင်းစပ်စွမ်းရည်ကို အသုံးပြုရန် မတတ်နိုင်သောကြောင့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ရွှေနဂါးလက်သီးပင် ဖြစ်သည်။

နဂါးဟိန်းသံနှင့်အတူ ရွှေပိုးမျောက်ဝံ၏ နောက်ကျောမှ ခုန်ထွက်သွားပြီး ရွှေရောင်ငွေပြာမြက်ကိုသူ၏ညာလက်တွင်ရစ်ပတ်လိုက်သည်။ ရွှေ နဂါးဦးခေါင်းကြီးသည် သူ့လက်သီးတွင် ပေါ်လာပြီး ဝင်လာသည့် ပင်းထျန်းလိန်ကို ကြိုဆိုနေလေသည်။

“ဗွမ်းးးး”

လက်သီးချင်းတိုက်မိသွားကြလေသည်။

ပင်ထျန်းလိန်က မြေပြင်ပေါ်ပြုတ်ကျသွားသကဲ့သို့ လန်ရွမ်းယုမှာ နောက်ရှိသစ်ပင်ကြီးကိုဝင်တိုက်မိကာ သစ်ပင်ကြီးပင်ချိုင့်ဝင်းသွားခဲ့သည်။

ထို့နောက်သစ်ပင်အောက်သို့ပြုတ်ကျသွားခဲ့သည်။ ရွှေပိုးမျောက်ဝံသည် ရွမ်းယုလွင့်သွားသည်ကိုမြင်ရသေညအခါ ပင်းထျန်းလိန်အားဝင်ရောက်တိုက်ခိုက်လေသည်။

လန်ရွမ်းယု ထုံကျင်နေသည်။ နာကျင်မှုကိုတော့ လုံးဝမခံစားရပေ။ သူ့ရင်ဘတ်အတွင်းမှ ရွှေငွေစွမ်းအားများ ပေါက်ကွဲလုနီးနေပြီဟု ခံစားနေရ သည်။ ထပင်မထနိုင်သေးပေ။

ပင်းထျန်းလိန်ကတော့ သူ့လက်သီးကြောင့်ဘာမှမဖြစ်ပုံပေါ်လေသည်။

ခရမ်းရောင်လျှပ်စီးကြောင်းများ တဖျပ်ဖျပ်ဖျပ်ခတ်နေကာ ပင်ထျန်းလိန်သည် ရွှေပိုးမျောက်ဝံကို ဖြည်းဖြည်းချင်း ပြန်ဆုတ်သွားစေရန် တွန်းအားပေးနေခဲ့သည်။

Endend…….

All Chapters