Chapters

အခန်း (၁၉၃)

Vol. 12 Ch. 193

အခန်း (၁၉၃)

Vol. 12 Ch. 193

လန်ရွမ်းယု ၏ အမြင်အာရုံမှာ အနည်းငယ် မှုန်ဝါးနေသည်။ ထုံကျင်ခြင်းများစတင် ပျောက်ကွယ်သွားပြီး နာကျင်မှုများပေါ်လာတော့သည်။

ရွှေရောင်နှင့်ငွေရောင်စွမ်းအားများကသူ့အားကုသပေးနေလေသည်။

တစ်မျိုးမှာ အေးမြပြီး နောက်တစ်မျိုးက နွေးထွေးသည်။ ဝေဒနာ သိသိသာသာ လျော့ပါးသွားခဲ့သည်။

ထိုအချိန်တွင် လင်းထျန်းအကယ်ဒမီ မှ အခြားလူငါးဦးရောက်လာခဲ့သည်။

“အဲ့ကောင် သေလား မသေဘူးလားဆိုတာကို စစ်လိုက်”

ပင်းထျန်းလိန် သည် သူ၏ခန္ဓာကိုယ်မှမိုးကြိုးများကို ရွှေပိုးမျောက်ဝံဆီသို့ ပစ်လွှတ်နေရင်းပြောလိုက်သည်။

ထိုအခါ လူငါးဦးထဲမှတစ်ဦးမှာ လန်ရွမ်းယုစီသို့အမြန်ပြေးသွားခဲ့သည်။

လန်ရွမ်းယု၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အလွန်အားကောင်းသော်လည်း၊ အချိန်တိုတိုအတွင်း သူ၏စွမ်းအားများကို ပြန်လည်ရရှိရန် မဖြစ်နိုင်ပေ။

ဒီတစ်ခါတော့ လွတ်လမ်းမရှိတော့ပေ။ လျိူဖန်တို့မှာလည်းအခြားကိစ္စတစ်ခုသွားလုပ်နေလေသည်။ လျန်ဆူရှီတို့အသင်းထံမှရရှိသောရမှတ်များသည်ယခုစာမေးပွဲကို အောင်မြင်ရန်လုံလောက်သည်။ ချန်းလိန်နှင့် လျိူဖိန်တို့အသက်ရှင်ရန်သာလိုအပ်သည်။

လန်ရွမ်းယုကိုစိတ်ပူစေသည့် တစ်ခုတည်းသော အရာမှာ ရွှေပိုးမျောက်ဝံကြီးဖြစ်သည်။ ထိုမျောက်ဝံကြီးအသက်ခံရမည်ကိုသူမလိုလားပေ။

“ မသေသေးဘူးပဲ! ဒါဆိုတော့လည်း မင်းကို ငါလိုက်ပို့ပေးမယ်”

လဲနေသောရွမ်းယုကိုကြည့်ရင်း လင်းထျန်အကယ်ဒမီကျောင်းသားတစ်ယောက်က ဆိုလိုက်သည်။ ငွေဖြူရောင် ဓားမြှောင်တစ်ခု ပေါ်လာပြီး ရွမ်းယု၏ နှလုံးသားထဲသို့ တည့်တည့်ထည့်လိုက်လေသည်။

ရွမ်းယုကတော့ သူမှာထားသည်များကို လျိုဖိန်နှင့်ချန်းလိန်တို့မမေ့စေရန်ဆုတောင်းလျက်.....

သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။

လန်ရွမ်းယုသည် သူ့လက်ကို မြှောက်ကာ ရင်ဘတ်ကိုကာလိုက်သည်။ ဒါကလည်း သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပင်ဖြစ်သည်။

ပြီးသွားပြီ။

“ဒင်....!”

ထိုအခိုက်အတန့်တွင် သတ္ထုချင်းထိခတ်သံတစ်ခုကိုသူကြားလိုက်ရသည်။

ပင်းထျန်းလိန် နှင့် ရွှေပိုးမျောက်ဝံ အပါအဝင် လူတိုင်းသည် ထိုအသံကြောင့် အံသြသွားကြသည်။

ထို့နောက် နက်ပြာရောင်ရှေးဟောင်းဓားကြီးတစ်ချောင်း.....

ပေါ်လာပြီး ဧရာမဓားကြီးသည် ရွမ်းယုအားသတ်ရန်ကြံနေသော ငွေရောင်ဓားမြှောင်နှင့်အတူ ထိုဓားမြှောင်၏ပိုင်ရှငိကိုပါ ထိုးဖောက်သတ်ဖြတ်ရင်း ကောင်းကင်သို့တက်သွားခဲ့သည်။

ဧရာမဓားသည် ကောင်းကင်တွင်တစ်ပတ်ပတ်ကာ ရွမ်းယုရဲ့လက်ထဲသို့ပြန်ဝင်သွားခဲ့လေသည်။

ဒါ… ဒါဘာလဲ…

လန်ရွမ်းယုလည်း ထိတ်လန့်သွားသည်။

ထိုဓားရှည်သည် သူရဲ့ ညာလက်မထဲသို့ အလင်းတန်းများအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားခဲ့သည် ။

လန်ရွမ်းယုကြည့်လိုက်ရာ သူ့လက်တွင် ဝတ်ဆင်ထားသော ချွတ်လို့မရတဲ့ လက်စွပ်ကို တွေ့လိုက်သည်။

နက်ပြာရောင် လက်စွပ်ပဲ...

ထိုအခိုက်အတန့်တွင် သူသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များကို ရုတ်တရက် သဘောပေါက်သွားသည်။ လက်စွပ်သည် ရှေးဟောင်းဓားတစ်ချောင်းအဖြစ်ပြောင်းကာသူ့အားကယ်တင်သွားခြင်းဖြစ်သည်။

ဘာလဲ?

ပင်းထျန်းလိန် တအံ့တသြဖြင့် ထိတ်လန့်သွားသည်။ ရွမ်းယုသည် မသေရုံသာမကသူလူတစ်ဦးကိုပင်ထပ်မံသတ်သွားလေသည်။ ထိုအချိန်တွင်...

“ရွမ်းယု....ရွမ်းယု “

လန်ရွမ်းယု၏ နောက်ကျောမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်းလိန်ဖြစ်သည်။

Endend….