အခန်း (၁၉၄)
Vol. 12 Ch. 194
လန်ရွမ်းယု စိုးရိမ်တကြီးနဲ့
“မြန်မြန်ထွက်သွား... မင်းနဲ့လျိုဖိန် နှစ်ယောက်လုံးလူခွဲသွားတော့..... ငါတို့ ပြိုင်ဘက်က လေးကွင်းဝိညာဉ်မာစတာပဲ။ ငါတို့က သူ့ကို အနိုင်မယူနိုင်ဘူး။ ဟိုမှာရော အခြေအနေ ဘယ်လိုလဲ”
ချန်းလိန်က တိုးတိုးလေး
“ငါတို့ တစ်ယောက်ကိုတော့ သတ်ပစ်လိုက်တယ်။ နောက်တစ်ယောက်ကို လျိူဖိန်လိုက်သတ်နေတယ်...... ငါသူ့ကိုဆက်သွယ်လို့မရဘူး ငါဘာလုပ်ရမလဲ”
ပထမ အစီအစဉ်မှာ လျိုဖိန်အသက်ရှင်လျက် လွတ်မြောက်ရန် ဖြစ်သည်။ လျိုဖိန် သည် အဖွဲ့တွင် အလျင်မြန်ဆုံးဖြစ်ပြီး လွတ်မြောက်ရန် အကောင်းဆုံးအခွင့်အရေးရှိသူဖစ်သည်။
လန်ရွမ်းယု ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး
“ချန်းလိန်.... မင်းရဲ့ ပုံတူစွမ်းရည်နဲ့ သံမဏိကျောခုံးနဂါး ကို လွှတ်ပြီး တိုက်ပွဲထဲက ရွှေပိုးမျောက်ဝံကိုကူညီလိုက်....ပြီးရင် မင်းရဲ့ ဆင့်ခေါ်တံခါးကိုဖွင့်လိုက်.... ငါ မင်းကို ကူညီမယ်”
ချန်းလိန်သည် လေးမီတာရှည်သော သံမဏိကျောခုံးနဂါးကို ဖန်တီးပြီး တိုက်ပွဲထဲသို့လွှတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် လန်ရွမ်းယုဘေးတွင် ဆင့်ခေါ်ခြင်းတံခါးကိုထုတ်လိုက်သည်။
ထိုတံခါးကိုရွမ်းယုက ငွေရောင်ငွေပြာမြက်နွယ်များဖြင့်ရစ်ပတ်လိုက်သည်။
“မင်းရဲ့ ဆင့်ခေါ်တံခါးကိုထားခဲ့ပြီး ဒီကနေ ပြေးတော့.... ငါတို့ရဲ သစ်ပင်လှိုဏ်ဂူကို ပြန်သွားပြီး အဲ့မှာပုန်းနေ ”
လန်ရွမ်းယု တိုးတိုးလေးပြောလိုက်သည်။
“အေ့? ဒါဆို မင်းကကော ဘယ်လိုလုပ်မှာလဲ”
ချန်းလိန် အံ့အားသင့်သွားသည်။
“မင်းငါ့ကိုစိတ်မပူနဲ့။ ငါတို့သုံးယောက်ထဲက တစ်ယောက် ရှင်ရင်ရပြီ... မှတ်ထားပါ.... သစ်ပင်လိုဏ်ဂူကို ပြန်ပြေးပြီးရင် အပြင်ကို မထွက်ပါနဲ့။ မင်းရဲ့ဝိညာဉ်ရေးရာစွမ်းအားကိုသုံးပါ၊ မင်းရဲ့အငွေ့အသက်တွေကိုဖုံးထား.... တစ်ချက်တောင်သတိမလွတ်နဲ့။ မြန်မြန်သွား!”
လျိုဖိန်သည် အဆက်အသွယ်မရသောကြောင့် ချန်းလိန် လွတ်မြောက်ရမည်ဟု သူ့တွေးနေခဲ့သည်။
ချန်းလိန် ထွက်ခွာသွားပြီးနောက်....
ဆင့်ခေါ်ခြင်းတံခါးမှအသံထွက်လာသည်။
သူ့အတွက် တစ်ခုတည်းသောအားကိုးရာမှာ သူမပင်......
“မင်းငါ့ကိုဘာလို့ခေါ်တာလဲ”
ဒေါသအရိပ်အယောင်အနည်းငယ်ပါသော အသံတစ်ခု ထွက်ပေါ်လာသည်။
သူမ၏တုံ့ပြန်မှုကို ကြားသောအခါ လန်ရွမ်းယုသည် ချက်ချင်းပင် ဝမ်းမြောက်သွားသည်။ အနည်းဆုံးတော့ သူမကိုဆက်သွယ်လို့ရခဲ့သည်။
“ကယ်ပါဦး ငါ ဆက်မတိုက်နိုင်တော့ဘူး”
လန်ရွမ်းယု ၏လေသံသည် လူမမာကဲ့သို့ပင်.....ချန်းလိန်နှင့်ပြောစဥ်ကထိုသို့မဟုတ်ပေ။
“ဟင်?”
တစ်ဖက်မှ အာမေဋိတ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သွယ်လျသောခြေထောက်တစ်ဖကိသည် ဆင့်ခေါ်ခြင်းတံခါးမှ ထွက်လာသည်။ ထို့နောက် လန်ရွမ်းယု နံဘေးတွင် လှပသောကောင်မလေးတစ်ဦး ပေါ်လာခဲ့သည်။
အပြာနုရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အလွန်လှပနေလေသည်။
“မင်းကို ဘယ်လိုလူက လှော်သွားတာလဲ?”
လန်ရွမ်းယုက
“ဘယ်လိုလှော်သွားလဲကိုငါမပြောနိုင်တာ မင်းမမြင်ဘူးလား? !”
ထို့နောက် တုံချင်းရုံသည် တိုက်ခိုက်နေသောနေရာစီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူမသည် ရွမ်းယုကိုပြန်ကြည့်ကာ
“ဒါဝိညာဉ်ကမ္ဘာမလား? မင်းတကယ်သေမှာမဟုတ်ပါဘူး”
လန်ရွမ်းယုက “ဒါက ရှီလိုင်ခဲ့အကယ်ဒမီ ရဲ့ စမ်းသပ်စာမေးပွဲပဲ...မင်းရောမဖြေဘူးလား”
တုံချင်းရုံ အံ့အားသင့်သွားပြီး
“မင်းလည်းဝင်ဖြေ တာလား။ ငါ့ဘက်ကစာမေးပွဲတွေက ပြီးသွားပြီ။”
လန်ရွမ်းယုက “မင်းငါ့ကိုကူညီမှာလား”
ရုတ်တရက် တုံချင်းရုံပြုံးလိုက်ကာ
“ဘာလို့ ကူညီရမှာလဲ! မင်းတကယ်မသေပါဘူး။ ပြီးတော့ ရှီလိုင်ခဲ့အကယ်ဒမီစမ်းသပ်မှု မှာ မင်းကို ဘာလို့ ကူညီရမှာလဲ၊ မင်းသာ ရှီလိုင်ခဲ့အကယ်ဒမီရောက်လာရင် ငါ့အနားမှာပဲကပ်နေပြီး စိတ်ညစ်စရာတွေပေါ်လာနေလိမ့်မယ်။”
လန်ရွမ်းယုက
“မင်းက ဝင်ဖို့ သေချာနေပုံရတယ်”
တုံချင်းရုံ “အဲ့လိုမဟုတ်ပါဘူး၊ ငါကဝင်ပီးသွားပြီ၊ ငါက အထူးရွေးချယ်ခံရတာ။ စောစီ ဝင်ခွင့်ရတဲ့ ကျောင်းသားလေ.... မင်း ကြားဖူးလား”
“ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို ပွေ့ဖက်ပြီး နမ်းဖူးတယ်။ ငါတို့ရဲ့ အတိတ်က ရင်းနှီးခဲ့တဲ့ဆက်ဆံရေးလည်းရှိတော့..ငါ့ကိုကူညီပါဦး…”
“ပါးစပ်ပိတ်ထား! ထပ်ပြီးပြောရငလ မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်၊ !”
တုံချင်းရုံ၏ မျက်နှာသည် ချက်ချင်းနီမြန်းလာသည်။
“ကောင်းပြီ ငါမှားသွားပါတယ်။ ငါဆက်မပြောတော့ဘူး။ ဒါဆို မင်းငါ့ကို ကူညီပေးမှာလား...”
“ရတယ်....ငါ့ကို ကိစ္စသုံးခုလုပ်ပေးမယ်လို့ ကတိပေးရင် မင်းကို ငါကူညီမယ်။”
လန်ရွမ်းယု ရွေးစရာမရှိခဲ့ပေ.
“ကောင်းပြီ ငါကတိပေးတယ်။ မင်းငါ့ကို ပြန်နမ်းတာ ပွေ့ဖက်တာ.. နောက်ထပ် ကန်တာတွေမဟုတ်ရင်.... ပြဿနာမရှိဘူး”
“လူယုတ်မာ ! ဘယ်သူက နင့်ကိုနမ်းချင်မှာလဲ “
Endend…..