Chapters

အခန်း (၁၉၅)

Vol. 12 Ch. 195

အခန်း (၁၉၅)

Vol. 12 Ch. 195

“ကောင်းပြီ ငါမင်းကို ကတိပေးတယ်...ဘာဖြစ်ဖြစ်ရတယ်”

တုံချင်းရုံ၏ဆင့်ခေါ်ချိန်မှာကန့်သတ်ချက်ရှိသည်။ အချိန်ထပ်ဆွဲလို့မရပေ။

တုံချင်းရုံ ကျေနပ်စွာ မတ်တပ်ထရပ်ပြီး တိုက်ပွဲမြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ဘယ်သူက သူ့ကို နာကျင်စေတာလဲ....အဲ့လူသေရမယ်......”

ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှ အလွန်အေးစက်သော အငွေ့အသက်များ ထွက်လာသည်။

ပင်းထျန်းလိန်၏ ဝိညာဉ်ကွင်း လေးကွင်းကို သူမမြင်ရသောအခါ အနည်းအံ့အားသင့်သွားခဲ့သည်။

ယခုလို ပြိုင်ဘက်ကို သူမ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။

ပင်ထျန်းလိန်ကလည်း သူမကို သတိထားမိသည်။ ပင်ထျန်းလိန်သည် လန်ရွမ်းယုကိုတိုက်ခိုက်ချင်သော်လည်း ရွှေပိုးမျောက်ဝံ၏တိုက်ခိုက်မှုများကြောင့်မအားလပ်ပေ။ သူ့အဖော်တစ်ဥိးပင်ဒဏ်ရာရသွားပြီဖြစ်သည်။

ဗွမ်း.....

ပင်ထျန်းလိန် သံမဏိကျောခုံးနဂါးကိုရိုက်ချလိုက်ရာ သံမဏိကျောခုံးနဂါးပျောက်ကွယ်သွားခဲ့သည်။ လျှပ်စီးနတ်ဘုရားရုပ်သေးသည် ပင်ထျန်းလိန် ၏ သိုင်းဝိညာဉ်ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ခြင်း နှင့် အရှိန်နှစ်မျိုးလုံးတွင် စွမ်းအားကြီးသော သိုင်းဝိညာဉ်တစ်ခုဖြစ်သည်။

ထိုအချိန် လျိူဖိန်လည်းပြေးဝင်လာလေသည်။ ထို့နောက်ကျောင်းသားများကိုဝင်ရောက်တိုက်ခိုက်လေသည်။

ပင်းထျန်းလိန် မှလွဲ၍ ကျန် လေးဦးမှာ လုချန်းရွိမ် ထက် အားနည်းခြင်းမရှိပေ။

ထို့ကြောင့် ကောင်းကင်ဝိညာဥ်အကယ်ဒမီမှအထူးတန်းသည် လင်းထျန်းအကယ်ဒမီ အထူးတန်းထက်အနည်းငယ်အားနည်းကြောင်းသိလိုက်ရလေသည်။

တုံချင်းရုံစတင်လှုပ်ရှားလေသည်။ ထိုအခါမှ လန်ရွမ်းယု သက်ပြင်းတစ်ချက်ချလိုက်သည်။ ဝိညာဉ်ကွင်းသုံးကွင်းသည် သူမခြေရင်းမှထွက်လာခဲ့သည်။ ကျောင်းသားနှစ်ဦးသည် တုံချင်းရုံစီသို့ စတင်တိုက်ခိုက်လေသည်။တစ်ဦးတွင်ဝိညာဥ်ကွင်း သုံးကွင်းရှိပြီး ကျန်တစ်ဦးတွင် နှစ်ကွင်းရှိသည်။ တစ်ဦးမှာ နွယ်ပင်သိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားပြီး....တစ်ဦးမှာ ဓားသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားသည်။

မိုဓား.........

သူသည် ပင်းထျန်းလိန် ၏ တကယ့်အသင်းဖော်ဖြစ်သည်။

တုံချင်းရုံသည် နီးကပ်လာနေသော နွယ်ပင်များကို လုံး၀ လျစ်လျူရှုထားခဲ့သည်။ သူမ၏ခြေထောက်အောက်မှ ရေခဲအလွှာတစ်ခု ထွက်လာပြီး နွယ်ပင်များနှေးကွေးသွားပြီး အေးခဲသွားခဲ့သည်။

ဓားသိုင်းဝိညာဥ်ပိုင်ရှင်သည် သူ၏ မိုဓားကို မြှောက်လိုက်ပြီး သူ၏ ပထမဆုံး ဝိညာဥ်ကွင်းမှာ တောက်ပလာသည်။

ယုထျန်း ၏ဝိညာဉ်စွမ်းအားသည် အဆင့် 33 တွင်ရှိပြီး မိုဓားသည် ၎င်း၏သိုင်းဝိညာဉ်ဖြစ်သည်။

ထို့နောက် တုံချင်းရုံအား အပေါ်မှမိုးကာခူတ်ချလိုက်လေသည်။ တုံချင်းရုံမှာလည်း အချဥ်မဟုတ်ပေ။ သူ့လက်ထဲတွင် သူမ၏ရေခဲလှံပေါ်လာကာ

“ဒင်!”

ကျယ်လောင်သော သတ္တုချင်းထိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

နှစ်ဖက်စလုံးရှိလက်နက်များ တိုက်မိသွားသည်နှင့် တပြိုင်နက် ယုထျန်း ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူသည် သူ၏ ခွန်အားနှင့် စွမ်းအားကို ပေါင်းစပ်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ ပင်ထျန်းလိန် ပင်လျှင် သူ့အား ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒမရှိပေ။

သို့သော် သူ့ရှေ့မှ လှပတဲ့မိန်းကလေးမှာ သူ့ရဲ့မိုဓားကို ရင်ဆိုင်ခဲ့လေသည်။ ပတ်ဝန်းကျင်လေထု၏ အပူချိန်သည်လည်း ၁၀ ဒီဂရီကျော်အထိ ကျဆင်းသွားပြီး ယုထျန်းတစ်ကိုယ်လုံး ခဏတာ အေးခဲသွားခဲ့သည်။ ထို့နောက် တုံချင်းရုံစတင်တိုက်ခိုက်တော့သည်။

ရေခဲလှံဖြင့် တိကျသောတိုက်ခိုက်မှုများသည် မိုဓားအား အကြပ်ရိုက်နေစေခဲ့သည်။

မုထျန်းသည် မိုဓား၏ ဒုတိယ ဝိညာဉ်ကွင်းကိုအသက်သွင်းလိုက်သည်။

Endend……