အခန်း (၁၉၆)
Vol. 12 Ch. 196
သူ့တွင် မိုဓားတစ်လက်သာမက နောက်ထပ် ဓားတစ်ချောင်းလည်းရှိခဲ့သည်။ ထိုဓားသည် သူ၏ဒုတိယဝိညာဥ်စွမ်းရည်ဖြစ်လေသည်။
မုထျန်းသည် ဓားနှစ်ချောင်းဖြငိ့ ရေခဲလှံကိုရင်ဆိုင်လေသည်။
“ဒင်....”
ထိပ်တိုက်တွေ့မှု တစ်ခုပြီးနောက် မုထျန်း၏ညာလက်မှာတုန်ယင်လာခဲ့သည်။
သို့သော် ယုထျန်း တစ်စက္ကန့်မျှပင် မရပ်ခဲ့ပေ။
သူ၏ တတိယဝိညာဥ်စွမ်းရည် ကို ထုတ်ခဲ့သည်။
ဧရာမမိုဓားကြီးသည် လေထဲတွင်ပေါ်လာခဲ့သည်။ ပင်ထျန်းလိန်မှလွဲ၍ လင်းထျန်းအကယ်ဒမီတွင်သူ့အားယှဥ်နိုင်သူမရှိပေ။
ကံမကောင်းစွာပင် သူ၏ပြိုင်ဘက်မှာ တုံချင်းရုံ ဖြစ်နေခဲ့သည်။
ရေခဲမြူများ ထူထပ်လာခဲ့သည်။ ဧရာမ မိုဓားကြီး ပေါ်လာသည်နှင့် တုံချင်းရုံ၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ရေခဲမြူများပိုမိုထွက်လာနေပြီဖြစ်သည်။ တုံချင်းရုံသည် ရေခဲမြူထဲတွင် ပုန်းနေသကဲ့သို့ရှိနေသော်လည်း တစ်ခဏအကြာ ရေခဲမြူများ၏ တစ်ဖက်ခြမ်းတွင် သူမပြန် ပေါ်လာခဲ့သည်။ထို့နောက်
“ဇွပ် .....”
အသံတစ်ခုထွက်ပေါ်လာပြီး နွယ်ပင်များကို လွှတ်ကာ ယုထျန်းကို ကူညီပေးနေသော လင်းထျန်အကယ်ဒမီကျောင်းသား၏ ရင်ဘတ်ကို ရေခဲလှံတစ်ချောင်း ထိုးဖောက်သွားခဲ့သည်။ ထို့နောက် ထိုလူမှာ အဖြူရောင်အလင်းဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။
“ဗွမ်း!”
ရွှေပိုးမျောက်ဝံ၏ညာလက်မောင်းကျိုးသွားကာ သောခန္ဓာကိုယ်မှာလည်း ဒဏ်ရာများရနေလေသည်။ ပင်ထျန်းလိန်လည်းသူ့ရဲ့ စွမ်းအားအားလုံးနီးပါးကို သုံးခဲ့ရသည်။ ထိုအချိန်မှာပင် သူရုတ်တရက်အော်ဟစ်သံတစ်ခုကိုကြားရပြီး ချင်းဂူရုံသည် သူတို့ဘက်မှနွယ်ပင်ဝိညာဥ်မာစတာကို သတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ပင်ထျန်းလိန် အံ့သြသွားသည်။ ထိုမိန်းကလေးတွင် ကွင်းသုံးကွင်းမျှသာ ရှိသော်လည်း သူမြင်လိုက်ရသည်မှာ ယုထျန်း နှင့် ကွင်းနှစ်ကွင်းနွယ်ပင်မာစတာကိုဖိအားပေးနေခဲ့လေသည်။
ရေခဲမြူများ ထူထပ်လာသည်။ ချင်းဂူရုံသည် ပင်းထျန်းလိန်ပတ်လည်တွင် ရေခဲမြူများဖန်တီးလိုက်သည်။
ပင်းထျန်းလိန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်၊ ခရမ်းရောင်လျှပ်စီးများ ထွက်လာပြီး ရေခဲမြူများဆီသို့ တည့်တည့်ဝင်ရောက် သွားခဲ့သည် ။
သို့သော် သူ့လန့်သွားခဲ့သည်။ ခရမ်းရောင်လျှပ်စီးများသည် ရေခဲမြူများထိသောအခါပျောက်ကွယ်သွားခဲ့သည်။ လျှုပ်စီးများမှာ လုံးဝ အသုံးမဝင်ခဲ့ပေ။ ထို့နောက် ရေခဲလှံတစ်ခုရောက်လာကာ ပင်ထျန်းလင် ရှောင်လိုက်ရလေသည်။
“လျှပ်စီးမတိုးတဲ့ ရေခဲမြူတွေလား”
ရေသည် လျှပ်စီးနိုင်သော်လည်း ယခုတော့....
ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပျံ့နှံ့သွားလာပြီး ရေခဲတုံးများစွာဖြင့် အဘက်ဘက်ကမှာ ရုတ်တရက် ထွက်လာလေသည်။ ပင်းထျန်းလိန် ဖော်မပြနိုင်သော ကြောက်ရွံ့မှုများ ခံစားလာရသည်။
ပင်းထျန်းလိန် မနှောင့်နှေးဝံ့ပေ။
သူ့ရဲ့ စတုတ္ထမြောက် ဝိညာဥ်စွမ်းရည် ကို ထုတ်လိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းသည် ဧရာမလျှပ်စစ်ဘောလုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ရုတ်တရတ်ပေါက်ကွဲသွားခဲ့သည်။
ရေခဲတုံးများသာမက ရေခဲမြူများပင် နေရာအနှံ့သို့ ပျံ့သွားခဲ့သည်။ ပတ်ဝန်ကျင်းမှာပြန်လည်ကြည်လင်သွားခဲ့သည်။
တုံချင်းရုံ သည် မီတာ 20 ခန့်အကွာတွင် ပေါ်လာပြီး သူမ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသည်။
ယုထျန်းသည် မိုဓားဖြင့်တစ်ဖန်ပြန်တိုက်ရန်ပြင်လိုက်သော်လည်း လျိုဖိန်ကဝင်ကာတားထားလေသည်။
သို့သော်လည်း အခြားလင်းထျန်အကယ်ဒမီ မှကျောင်းသား နှစ်ယောက်လည်းရောက်လာလေသည်။
လေးယောက်....Vs…..နှစ်ယောက်
“လျိုဖိန်...ချင်းရုံ.... ငါ့အနားကို လာခဲ့”
လန်ရွမ်းယု၏ အသံ ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်တွင်လဲနေသော ရွှေပိုးမျောက်ဝံပင် လန်ရွမ်းယုအနားသို့ရောက်လာလေသည်။
“ကောင်းကင်ဝိညာဥ်အကယ်ဒမီလား?”
ပင်းထျန်းလိန်သည် လန်ရွမ်းယု ကို အေးစက်စွာကြည့်နေသည်။
Endend…..