Chapters

အခန်း (၁၉၇)

Vol. 13 Ch. 197

အခန်း (၁၉၇)

Vol. 13 Ch. 197

“မင်းပြောတာ မှန်တယ်။ ငါတို့က ကောင်းကင်ဝိညာဥ်အကယ်ဒမီကပဲ “

“ပြီးခဲ့တဲ့ စာမေးပွဲမှာ ပထမနေရာရတာ မင်းတို့ပဲ ဖြစ်ရမယ်။”

လန်ရွမ်းယု သူ့ကို ပြုံးပြသည်။

“မှန်တယ်!”

“အရန်းကောင်းတယ်။ ဒါဆိုရင်တော့ ဒီပြိုင်ပွဲအတွက် ပထမနေရာက မင်းနဲ့ မသက်ဆိုင်တော့ဘူးဆိုတာ ကြိုသိထားလိုက်တော့ “

ခရမ်းရောင် ဝိညာဉ်ကွင်းလေးခု ပင်းထျန်းလိန်ခြေရင်းမှထွက်လာလေသည်။

လန်ရွမ်းယု သည် မျက်လုံးများကို မှိတ်လိုက်ပြီး လက်နှစ်ဖက်ကို တစ်ချိန်တည်း မြှောက်လိုက်သည်။ ရွှေရောင်ငွေပြာမြက်နှင့် ငွေရောင်ငွေပြာမြက်များ ပေါ်လာပြီး တုံချင်းရုံ နှင့် လျိုဖိန် တို့အား ရစ်ပတ်ထားသည်။ ငွေရောင်ငွေပြာ မြက်နွယ်ပင်သည် တုံချင်းရုံ၏ခါးတွင် ပတ်ထားသည်။

တုံချင်းရုံ၏ခန္ဓာကိုယ်ရှိ ရေခဲဒြပ်စင်များ ပိုမိုအားကောင်းလာလေသည်။ ပင်ပန်းမှုများပင်ပျောက်သွားခဲ့သည်။

သာမာန်အားဖြင့်၊ သူမကို တစ်မိနစ်ခွဲခန့်သာ ဆင့်ခေါ်နိုင်သော်လည်း ယခု တစ်မိနစ်ခွဲကျော်သွားခဲ့သည်။ သို့သော် သူမ၏ ဆင့်ခေါ်ခံရချိန်သည် တစ်နည်းနည်းဖြင့် ရှည်သွားပြီဟု ခံစားခဲ့ရသည်။

လင်းတုံဟွေ့.....

အဆင့် ၃၂ ဝိညာဥ်မာစတာဖြစ်ပြီး....နေမင်းသိုင်းဝိညာဥ်ကိုပိုင်ဆိုင်ထားလေသည်။

ပင်ထျန်းလိန်.... မုထျန်းနှင့် လင်းတုံဟွေ့တို့သည် လင်းထျန်းအကယ်ဒမီ၏အကြမ်းဆုံးအဖွဲ့ဖြစ်သည်။

“မင်း နောက်ပြန်ဆုတ်နေ”

ပင်းထျန်းလိန်သည် ကျန်ရှိသည့်ကွင်းနှစ်ကွင်းဝိညာဥ်မာစတာကို အသိပေးလိုက်သည်။

“ဟုတ်... အစ်ကိုပင်း” ကွင်းနှစ်ကွင်း ဝိညာဉ်မာစတ ချက်ချင်းပြန်ဆုတ်သွားသည်။ သူသည်သူတို့အဖွဲ့၏နောက်ဆုံးအသက်ရှင်ကျန်သူဖြစ်သည်။ ထို့ကြောင့် ပင်းထျန်းလိန်သည်ထိုကျောင်းသားမလှုပ်ရှားစေပေ.....

လန်ရွမ်းယုတို့သာ သူ့ကို သတ်လိုက်မယ်ဆိုရင် သူတို့ စုဆောင်းထားတဲ့ အမှတ်တစ်ဝက်ကို ယူသွားမည်ဖြစ်သည်။ ထိုအရာ သူမြင်ချင်သည့်အရာမဟုတ်ပေ။

လန်ရွမ်းယုတို့ဘက်တွင်သုံးယောက်ရှိသော်လည်း ရွမ်းယုမှာတိုက်ပွဲတွင်မပါနိုင်သေးပေ...

တုံချင်းရုံစတင်လှုပ်ရှားလာလေသည်။

သူမ၏ ဆင့်ခေါ်ချိန်သည် အကန့်အသတ်ရှိလေသည်။ ထို့ကြောင့်သူမလုပ်နိုင်သမျှလုပ်ရမည်ဖြစ်သည်။

သူမ၏ ညာလက်မှ ရေခဲလှံသည် လင်းတုံဟွေ့၏ နေလုံးကိုထိသွားကာ ဆက်တိုက်ပေါက်ကွဲသွားခဲ့သည်။

လန်ရွမ်းယုသည် တုံချင်းရုံနောက်မှ

အဖြူရောင်ငါးမန်းတစ်ကောင်၏ပုံရိပ်ကိုမြင်လိုက်ရသည်။ သိုင်းဝိညာဥ်ဖြစ်ပုံရသည်။

“လျိုဖိန်”

လျိုဖိန်မှာ မိုဓား မုထျန်းကိုစတင်တိုက်ခိုက်လေသည်။ အနိုင်မယူနိုင်သော်လည်း ထိန်းထားနိုင်သေးသည်။ လင်းတုံဟွေမှာ အဆိုးဆုံးအခြေအနေတွင်ရှိနေခဲ့သည်။ မီးဓာတ်နှင့်ရေဓာတ်သည် အားများရာလူအနိုင်ရစမြဲဖြစ်လေသည်။ လနိရွမ်းယု၏အဆင့်မြှင့်တင်ပေးမှုအောက်တွင် တုံချင်းရုံ၏ ရေခဲများသည် စွမ်းအားအပြင်းဆုံးရေခဲများဖြစ်လေသည်။

“ဇွပ်”

ဖိအားများအောက်တွင် လင်းတုံဟွေ့၏ရင်ဘတ်တွင်အပေါ်လေးတစ်ခုပေါ်လာလေသည်။

ပတ်လည်တွင်လည်းရေခဲလေးများကပ်နေလေသည်။

“ဗွမ်း!”

သူ့နှလုံးထဲတွင် နှင်းခဲများ ပေါက်ကွဲသွားပြီး

လင်းတုံဟွေ့လည်း အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။

Endend………