← Chapters

အခန်း (၁၉၉+၂၀၀)

Vol. 13 Ch. 199+200

အခန်း (၁၉၉+၂၀၀)

Vol. 13 Ch. 199+200

“အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ ချန်းလိန် ထွက်သွားရရင်တောင် ငါတို့ စုဆောင်းထားတဲ့ အမှတ်တစ်ဝက် ထိပ်တန်း 10 သင်း ကို ဝင်ဖို့ လုံလောက်ပါတယ်။”

လန်ရွမ်းယုက လျိူဖိန်ကို စိတ်ချမ်းသာစေရန်ပြောလိုက်သည်။

ထိုအချိန်တွင် အဝေးမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“လန်......ရွမ်း....ယု....”

ထိုလူသည် လျင်မြန်စွာရောက်လာလေသည်။

ထိုလူသည် လန်ရွမ်းယု ရက်စက်စွာသတ်ခဲ့သော ရဲလင်းတုံ မှလွဲ၍အခြားမဟုတ်ပေ......

ယခုအချိန်တွင် ဆရာများနှင့် ကျောင်းသားများ ရှိနေခဲ့သည်။

အချို့သော ကျောင်းသားများသည် ပြိုင်ပွဲအပြီးတွင် အနားယူရန် ၎င်းတို့၏ အဆောင်များသို့ ပြန်သွားခဲ့ကြသော်လည်း ကျောင်းသား သုံးဦးမှ မထွက်သွားသေးပေ။ ၎င်းတို့မှာ ရဲလင်းတုံ.... ချန်ကျင်းရီ နှင့် လုချန်းရွိမ် တို့ဖြစ်ကြောင်း ထင်ရှားသည်။

ရဲလင်းတုံ ၏အော်သံကိုကြားလိုက်သောအခါ လန်ရွမ်းယု သည် အခြေအနေကို ချက်ချင်းသိလိုက်ရသည်။

ကျီဟုန်ဘင်းလည်းပါလာလေသည်။

ကျီဟုန်ဘင်းက

“ရွမ်းယု...လျိုဖိန်....ရဲလင်းတုံက သူမစုဆောင်းထားတဲ့ အမှတ်တွေကို ခိုးယူဖို့ အတွက် မင်းတို့ က သူမကို သတ်လိုက်တဲ့အကြောင်းလာတိုင်ထားတယ်။ မင်းတို့ရဲ့ရှင်းပြချက်ကို ငါကြားချင်တယ်”

ရှီလိုင်ခဲ့သည်နောက်ပြောင်လို့ရသည်အကယ်ဒမီမဟုတ်ပေ....ရင်ထျန်းဖန်သည်ထိုအချိန်က ဤကဲ့သို့ကိစ္စကြောင့်ကျောင်းထူတ်ခံခဲ့ရသည်။ လန်ရွမ်းယုသည် သူ၏တပည့်ဖြစ်သည်။ ထို့ကြောင့် ရင်ထျန်းဖန်လိုဖြစ်မည်ကိုသူစိုးရိမ်လေသည်။

လန်ရွမ်းယု၏ စကားကို စောင့်မနေဘဲ လျိုဖိန် က ဒေါသတကြီးနဲ့

“ရဲလင်းတုံ... နင်ဘာလို့ အမှန်ကိုမပြောတာလဲ။ နင်အရှက်မရှိဘူးလား...”

လျိူဖိန်ရဲ့စကားကိုကြာ လာသောအခါ လူတိုင်း အံ့ဩသွားကြသည်။ ကျီဟုန်ဘင်း သည် ထပ်တူထပ်မျှ ထိတ်လန့်သွားပြီး ရဲလင်းတုံ ကို သံသယဖြင့် ကြည့်နေမိသည်။

ရဲလင်းတုံသည် စက်ထဲမှထွက်လာသောအခါ

လန်ရွမ်းယုသည် သူမကို သတ်ခဲ့ကြောင်းပြောကာ ရဲလင်းတုံ ငိုကြွေးခဲ့သည်။

သို့သော် လျိုဖိန် ၏ ဒေါသတကြီးပြော သံကို ကြားလိုက်ရသောအခါတွင် အခြားပြဿနာများရှိကြောင်းရိပ်မိလိုက်သည်။

လန်ရွမ်းယုက

“ဆရာ... ကျွန်တော် ရှင်းပြလို့ ရမလား။ ကျနော် ပြောသမျှစကားတိုင်းအတွက်တာဝန်ယူပါတယ်။ ရှီလိုင်ခဲ့အကယ်ဒမီမှာလည်း စစ်ဆေးအတည်ပြုနိုင်ပါတယ်။”

ကျီဟုန်ဘင်းက “ပြော”

လန်ရွမ်းယုသည် ရဲလင်းတုံ အား တစ်ချက် ကြည့်လိုက်သည် ။ ထို့နောကိဖြစ်ပျက်ခဲ့သည်များကိုပြောပြလိုက်လေသည်။

ရွမ်းယု၏စကားများကိုကြားတော့ ကျီဟုန်ဘင်း မျက်မှောင်ကြုတ်သွားသည် ။ လုချန်းရွိမ် နှင့် ချန်ကျင်းရီတို့၏ မျက်လုံးများသည်လည်း ရဲလင်းတုံ ဆီသို့ ကူးပြောင်းသွားသည်။ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိခဲ့ကြပေ။

ကျီဟုန်ဘင်း၏ အမူအရာမှာ အလွန်တည်ငြိမ်နေခဲ့သည်။ ထို့နောက် သူသည် လန်ရွမ်းယုတို့တစ်လှည့် ရဲလင်းတုံကိုတစ်လှည့်ကြည့်ပြီး

“မင်းတို့နှစ်ယောက်စလုံး ငါ့ကို အရမ်းစိတ်ပျက်အောင်လုပ်လိုက်တာ”

ထိုစကားကိုပြောပြီးနောက် သူလှည့်ထွက်သွားခဲ့သည်။

လန်ရွမ်းယုသည် ရဲလင်းတုံ ကို ကြည့်လိုက်ပြီးနောက် လုချန်းရွိမ် နှင့် ချန်ကျင်းရီကိုကြည့်လိုက်သည်။ မူလက စိတ်ဆိုးနေပုံရသော်လည်း ယခခုတော့ သိသိသာသာ ကွဲပြားသွားသည် ။ ထို့နောက် လန်ရွမ်းယုတို့ကိုနှုတ်ဆက်ကာထွက်သွားခဲ့သည်။

ညသန်ခေါင်အချိန်တွင် စာမေးပွဲ ပြီးသွားခဲ့သည်။ ချန်းလိန်ထွက်မလာသေးပေ။

ဒုကျောင်းအုပ်ရုံခန်း......

“မင်း မွေးထုတ်ပေးလိုက်တဲ့ ဒီတပည့်ကြီးကို ကြည့်စမ်းပါဦး”

ကျီဟုန်ဘင်းက မျက်မှောင်ကြုတ်ပြီး အဖြစ်အပျက်ကို ရင်ထျန်းဖန်အား ပြောပြလိုက်သည်။

“မင်းတပည့်ဆိုတာဘာသဘော ‘လဲ။ မင်းလည်း သူ့ဆရာမဟုတ်ဘူးလား။ အခုက ရွမ်းယုလည်း မမှားဘူးလေ.... ဘယ်သူ့ကို အပြစ်တင်ရမလဲ”

ကျီဟုန်ဘင်းက “ရွမ်းယုက ငယ်သေးတယ်၊အခုတောင် သူ ဒီလောက် သတ္တိရှိရှိ သတ်ရဲနေရင် နောင် မင်းလို ဖြစ်သွားမှာကို ငါကြောက်တယ်။”

ရင်ထျန်းဖန် က

“မင်းဘာကိုဆိုလိုတာလဲ။အဲ့တာတော့ မင်း လုံးဝမှားတယ်။ သူက စိတ်ဓာတ်မှာတော့ ငါနဲ့မတူဘူး။ သူက ငါ့ထက်ပိုစိတ်ထားကောင်းတယ်”

………..

နောက်ဆုံးတော့......

“တီတီ”စက်များ အသံမြည်လာကာ စက်အားလုံး ပွင့်လာသည်။ သို့သော် အမှန်တကယ် စာမေးပွဲပြီးသည်အထိအသက်ရှင်ခဲ့သူမှာ ချန်းလိန် တစ်ယောက်တည်းပင်ဖြစ်သည်။

“ဟားဟား! အောင်သွားပြီကွ”

ချန်းလိန်စက်ထဲမှ စိတ်လှုပ်ရှားစွာခုန်ထွက်လာပြီး သူ့ကိုစောင့်နေသော လန်ရွမ်းယုနှင့် လျိူဖိန်တို့ကအားပြေးဖက်လိုက်သည်။

“ရွမ်းယု ငါတို့ ပထမနေရာရမယ် ထင်လား”

ချန်းလိန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လန်ရွမ်းယုက ပြုံးပြီး

“ငါလည်း သိပ်မသေချာဘူး။ ရလဒ်ကိုစောင့်ရအောင်”

“ရွမ်းယု မင်းတို့အဖွဲ့က ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ဖို့ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ ရှီလိုင်ခဲ့အကယ်ဒမီက ကျောင်းသားတွေရဲ့စိတ်နေသဘောထားကို အရမ်း အလေးထားတယ်....အထဲမှာ မင်းရဲလင်းတုံကို သတ်ခဲ့တာက မင်းရဲ့အမဲသက်ဖြစ်လာနိုင်တယ်.... မင်းတို့အားလုံး စိတ်ပြင်ဆင်ထားရမယ်”

ကျီဟုန်ဘင်းရောက်လာကာထိုအကြောင်းကိုပြောလိုက်လေသည်။

“ဆရာကျီ...ကျနော်မှားသွားပါတယ်”

လန်ရွမ်းယုက ကျီဟုန်ဘင်းကိုတောင်းပန်လိုက်သည်။

“ဝန်ခံတဲ့အမှားကို တစ်ဝက်ပြင်ပြီးသာအမှန်ပဲ....ရွမ်းယု စိတ်ကောင်းရှိဖို့က အရေးကြီးဆုံးပဲဆိုတာ...မင်း အမြဲမှတ်ထားရမယ်”

ဒီအချိန်မှာပဲ မုကျုံးထျန် ရုတ်တရက် လျှောက်လာပြီး

“စုစုပေါင်း အမှတ်တွေ ထွက်လာပြီ။”

“ဘယ်လို? ထွက်တာမြန်လှချည်လား?”

ကျီဟုန်ဘင်းအံ့သြသွားသည်။

မုကျုံးထျန် က

“ဟုတ်တယ်! အသင်း 100 ပဲရှိတာကြောင့် ဖြစ်နိုင်တယ်။ လန်ရွမ်းယုတို့အဖွဲ့ပဲ ငါတို့အကယ်ဒမီက ထိပ်တန်းဆယ်သင်းထဲသို့ဝင်ရောက်ခဲ့တဲ့ တစ်ခုတည်းသောအဖွဲ့ပဲ....ပြီးတော့ သူတို့က ပထမအဖွဲ့ပဲ...ပြောရရင် ဒီတစ်ခါတည်းသူတို့က ချန်ပီယံပဲ”

သို့သော် ထိုသို့ပြောနေသော်လည်း မုကျူံးထျန်ပျော်မနေပေ။

“ဆရာမမု ဘာပြဿနာရှိလို့လား?”

မုကျုံးထျန်က “ရွမ်းယု အဲ့ဒါက မင်းကို ငါမေးချင်နေတာ.....ရှီလိုင်ခဲ့ကစာဝင်လာတယ်.....သူတို့က မင်းကို နောက်ထပ်စမ်းသပ်မှုတစ်ခု ပြုလုပ်မယ်တဲ့..... မင်းအထဲမှာဘာလာလုပ်တာလဲ....”

ထပ်ပီးစမ်းသပ်မှာလား....လန်ရွမ်းယု အံ့အားသင့်သွားပြီး ဆရာကျီ ၏စိုးရိမ်ပူပန်မှုမှာ အမှန်ပင်ပေါ်လာကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။

“သူတို့က သူ့ကို ထပ်စမ်းသပ်ဖို့ ပြောတာလား။” ကျီဟုန်ဘင်း အရေးတကြီးမေးလိုက်သည်။

မုကျုံးထျန် က “သူတစ်ယောက်ထဲပဲ ပုံရိပ်ယောင်ကမ္ဘာထဲကို ထပ်ဝင်ရမယ်.....မဝင်ရင်စရင်းကနေအထုတ်ခံရမယ်.....ပြီးတော့ အခုချက်ချင်းဝင်ရမှာ!”

လန်ရွမ်းယု အသက်ပြင်းပြင်းရှူရင်း

“ကောင်းပြီ ငါအခုဝင်မယ်”

ကျီဟုန်ဘင်းက “ရွမ်းယု မှတ်ထား.... စာမေးပွဲက ဘယ်လိုပဲဖြစ်နေပါစေ မင်းရဲ့အသိစိတ်ကိုအကောင်းဆုံးထညးရမယ်..... မင်းရင်ဆိုင်ရမယ့်အရာက မင်းရဲ့နှလုံးသားစိတ်ဓာတ်ရေးရာ နဲ့ပတ်သက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုမျိုးဖြစ်နိုင်တယ် “

Endend…..

All Chapters