အခန်း (၂၀၁)
Vol. 13 Ch. 201
“ဟုတ်”
လန်ရွမ်းယုသည် ပုံရိပ်ယောင်ကမ္ဘာထံသို့ တစ်ဖန်ပြန်ဝင်လာခဲ့သည်။
“ကြယ်တာယာသစ်တောအတွင်းမှာ 24 နာရီရှင်သန်ပါ။ ဒါက နောက်ထပ်စမ်းသပ်မှုပဲ”
ထိုအချိန်တွင် သူ့ခေါင်းထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
24 နာရီ ရှင်သန်ရမှာလား....
ငါ့ကို သစ်တောအနက်ပိုင်းထဲပို့လိုက်ပုံရတယ်....
ပတ်လည်တွင် ဝိညာဉ်သားရဲများ မရှိပေ...
ရွမ်းယုသစ်ပင်ကို မှီကာထိုင်လိုက်သည်။ ပုန်းအောင်းခြင်းသည် အချိန်ဖြုန်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သူသည် သစ်ပင်ပေါ်တွင် ပုန်းကွယ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ စက္ကန့်နဲ့ မိနစ်များ တစ်စစ ကုန်သွားခဲ့သည်။ လန်ရွမ်းယု မည်သည့်ပြဿနာမှ မကြုံတွေ့ရကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။ အောက်ဘက်တွင် ဝိညာဉ်သားရဲများ ရံဖန်ရံခါပေါ်လာသော်လည်း သာမန် ၁၀ နှစ်နှင့် နှစ် ၁၀၀ ဝိညာဉ်သားရဲများသာဖြစ်သည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင်ပင်ဘာပြသနာမှမတွေ့ခဲ့ပေ။
လန်ရွမ်းယု သည် ထူးဆန်းသည်ဟု ခံစားမိသော်လည်း မတုန်လှုပ်ပေ။ သို့သော် နောက်ထပ် နာရီအနည်းငယ်ကြာသည်အထိ ဘာမှ ပြောင်းလဲသွားခြင်းမရှိပေ။ အချိန်များ ကုန်ဆုံးသွားသည်။ ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာခဲ့သည်။ကြယ်တာယာသစ်တော သည် ပို၍ တိတ်ဆိတ်လာသည်။
၁၀ နာရီကျော်သွားပြီ....
ထူးဆန်းသော အသံများ ရံဖန်ရံခါသယ ထွက်ပေါ်လာတတ်သည်။ တစ်ညလုံး ထိုင်နေခဲ့လေသည်။ သို့သော် မိုးလင်းသွားခဲ့သော်လည်း ဘာပြသနာမှမရှိသေးပေ။ နောက်ထပ်နာရီအနည်းငယ်ကြာပါက သူ၏စမ်းသပ်မှုပြီးမြောက်မည်ဖြစ်သည်။
နှစ်နှစ်နာရီသာလိုတော့သည်.....
လန်ရွမ်းယုငိုက်လာလေသည်။
ထိုအချိန်မှာ သူ ရုတ်တရက် ထူးဆန်းတဲ့ အသံတစ်ခု.....
တောထဲတွင် တစ်ခုခု ပြေးနေပုံရသည်။ လန်ရွမ်းယု၏ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ရွှေရောင် ငွေပြာမြက်နှင့် ငွေရောင်ငွေပြာမြက်ကိုထုတ်ကာလက်တွင်ရစ်ပတ်လိုက်သည်။
စမ်းသပ်မှုစတင်ပါတော့မည်။
အဝေးမှ ရုတ်တရက် လူတစ်ဦးပေါ်လာပြီး လျင်မြန်သော အရှိန်ဖြင့် သူရှိရာနေရာစီသို့ ပြေးလာလေသည်။ သူမသည် အလွန်လျင်မြန်သည်။
သူမ........ ဘယ်လိုဖြစ်နိုင်မှာလဲ....
သူမကိုချက်ချင်း မှတ်မိလိုက်သည်။
မကြာသေးမီကပင် သူတို့ ရန်ဖြစ်ခဲ့ကြသေး သည်။ သူမကတော့ တုံချင်းရုံကလွဲကာ ဘယ်သူဖြစ်နိုင်မှာလဲ....
ငါဘာလုပ်ရမလဲ?
လန်ရွမ်းယု အကျပ်ရိုက်နေသည်။ ထင်ရှားသည်မှာ၊ တုံချင်းရုံ သည် သူ့ကို မတွေ့သေးပေ။
သို့သော် တုံချင်းရုံဒဏ်ရာရနေပုံရသည်။
ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အဖြူအမည်းအသားရောင်ရှိပြီး နောက်ကျောတွင် အတောင်ပံတစ်စုံပါသည့် ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်ဖြစ်သည်။
အမှောင်နတ်ဆိုးကြား?
နှစ် တစ်သောင်းကျော်သက်တမ်းရှိပုံရသည်။
ကျားသည် ဝိညာဉ်သားရဲများကြားတွင် ဘုရင်တစ်ပါးဖြစ်သည်။
နှစ်ကွင်း သုံးကွင်းသာရှိသော ဝိညာဥ်သားရဲများသည် ထိုကျားသားရဲကိုမည်သို့ ခုခံနိုင်မည်နည်း။
Endend….