← Chapters

အခန်း (၂၀၂+၂၀၃)

Vol. 13 Ch. 202+203

အခန်း (၂၀၂+၂၀၃)

Vol. 13 Ch. 202+203

အမှောင်နတ်ဆိုးကျားသည်နောက်မှ မှီလာလေသည်။ တုံချင်းရုံ အရှိန်လျှော့လိုက်ကာနောက်ပြန်လှည့်တိုက်လိုက်ရန်ပြင်လိုက်သည်။

အမှောင်နတ်ဆိုးကျားသည် တုံချင်းရုံ ပစ်လိုက်သော ရေခဲလှံများကိုလက်ဖြင့်ရိုက်ကာဖျက်စီးလိုက်သည်။ ထို့နောက် တုံချင်းရုံကိုထွက်မပြေးနိုင်အောင်တားဆီးထားလေသည်။

ပြီးသွားပြီ!

တုံချင်းရုံ မျက်လုံးများကိုမှိတ်ထားလိုက်မိသည်။

သူမ၏ အရည်အချင်းနှင့်စွမ်းအားသည် ဤကျားရှေ့တွင်အသုံးမဝင်လှပေ။

သို့သော် ရုတ်တရက် သူမ ခါးကို တစ်စုံတစ်ခုရစ်ပတ်လာလေသည်။ ထိုနောက် သူမကို လေထဲသို့ ဆွဲထုတ်သွားခဲ့သည်။

ထို့ထက် ပိုအရေးကြီးသည်မှာ သူမ၏ ခါးကိုထိုအရာရစ်ပတ်လိုက်သည်နှင့် သူမ၏ ဝိညာဉ်စွမ်းအားများနှင့် သွေးများ ဆူပွက်လာသည်ကို ခံစားလိုကိရသည်။

သူမကိုရစ်ပတ်ထားသည်မှာ ရွှေရောင်နွယ်ပင်တစ်ပင်ဖြစ်သည်ကို တွေ့လိုက်ရသည် ။

သူမ ချက်ချင်းပင် သစ်ပင်ထိပ်ကိုကြည့်လိုက်ရာ အပင်ပေါ်ရှိလူနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည် ။

“နင်လား....ဒါက ဘယ်လိုဖြစ်ရတာလဲ”

လန်ရွမ်းယုင သူမကို ပြုံးပြလိုက်သည်။

“အဲဒါကို ငါလည်း အရမ်းသိချင်နေတာ”

ထို့နောက် တုံချင်းရုံသည် ရွမ်းယုနားသို့နီးကပ်စွာရောက်သွားလေသည်။ အလွန်နီးကပ်သွားသောကြောင့် တုံချင်းရုံ၏မျက်နှာပင် နီရဲသွားခဲ့သည်။

ထို့အချိန်တွင် အမှောင်နတ်ဆိုးကျား၏ ဟိန်းသံကြီးထွက်လာခဲ့သည်။ ထိုအသံကြောင့် ရွမ်းယုနှငိ့ တုံချင်းရုံတို့၏ နှလုံးသားများထဲမှ အလိုအလျောက် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။

၎င်းသည် အမှောင်နတ်ဆိုးကျား၏မွေးရာပါစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် လန်ရွမ်းယုကိုယ်ထဲရှိ ရွှေရောင်သွေးသားမှာအလွန်ဆူပွက်လာခဲ့သည်။ ဒေါသစိတ်များ လန်ရွမ်းယု၏ စိတ်ထဲ ပြည့်နှက်သွားသည်။ နိမ့်ကျသောသားရဲက သူ့အားလာချိန်းခြောက်နေသည်ကိုမခံနိုင်သော သားရဲတစ်ကောင်၏စိတ်မျိုးပေါ်လာလေသည်။ ထို့နောက် အထိန်းအကွက်ပဲ နဂါးဟိန်းသံကြီးကိုအော်ထုတ်လိုက်လေသည်။

“ဝူးးး”

လန်ရွမ်းယု၏ မျက်လုံးတစ်ဖက်သည် ရွှေအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တစ်ဖက်က ငွေရောင်ဖြစ်သွားသည်။

နတ်ဆိုးကျားသည် ချက်ချင်းပင်တုန်တုန်ယင်ယင်ဖြစ်သွားခဲ့သည်။ မျက်လုံးများတွင်ကြောက်ရွံ့မှုများပြည့်နေခဲ့သည်။ တစ်ဖက်တွင် တုံချင်းရုံ၏ခံစားချက်ကတော့မတူပေ။ သူ့အားလုံခြုံမှုပေးနိုင်သောခံစားချက်မျိုးခံစားရလေသည်။ ယောင်္ကျားပီသသောလန်ရွမ်းယု၏ အငွေ့အသက်များကိုခံစားရလေသည်။

“ငါတို့ ပြေးမယ်... နည်းနည်းခွဲပြေးမယ်.....ငါအဲ့ကောင်ကြီးကိုခေါ်သွားမယ်....နင်လွတ်ရာကိုပြေး “

လန်ရွမ်းယု တိုးတိုးလေးပြောလိုက်သည်။

“မြန်မြန်သွား!”

လန်ရွမ်းယု သည် သူမ၏အဖြေကိုပင်မစောင့်ပေ။သူမကိုတွန်းလိုက်ကာတစ်နေရာကိုပို့လိုက်လေသည်။ အမှောင်နတ်ဆိုးကျားသည်လည်း ကြောက်လန့်နေရာမှနိုးထလာပြီဖြစ်သည်။

သို့သော်

“နင်ဘာလုပ်တာလဲ? ငါတို့ဒီလိုမပြေးပါဘူး။”

“ရူးကြောင်ကြောင်တွေမပြောနဲ့..ငါနင့်ကို

အန္တာရယ်တောထဲမထားခဲ့နိုင်ဘူး”

တုံချင်းရုံတန်းပြန်ရောက်လာလေသည်။

“နင်ရူးသွားပြီလား”

ပြန်ရောက်လာသော တုံချင်းရုံအားကြည့်ရင်း လန်ရွမ်းယုပြောလိုက်လေသည်။ သို့သော်သူအနည်းငယ်လည်းကြည်နူးမိသွားသည်။

“ငါကရူးနေတာ....အဲ့တာကြောင့် နင့်ကို ဂရုစိုက်နေမိတာ....”

ထိုအချိန်တွင် လန်ရွမ်းယုသည် သူမ၏ မျက်လုံးများအတွင်းမှ မျက်ရည်စက်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမ ဘာဖြစ်နေတာလဲ?

ထို့နောက် တုံချင်းရုံသည် ရွမ်းယုနှင့်အတူပြေးနေလေသည်။

“ချင်းရုံ လူတစ်ဦးထဲကို အားကောင်းအောင်လုပ်ဖို့ ငါ့ရဲ့ ငွေပြမြက်နှစ်လုံးကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး။ အခုစမ်းကြည့်မလား အားကောင်းလာတာနဲ့ အမျှ မမျှော်လင့်ထားတဲ့...ဒါကငါတို့လွတ်ဖို့တစ်ခုတည်းသောအခွင့်အရေးလို့ထင်တာပဲ ”

“လုပ်လိုက်” တုံချင်ရုံ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

လန်ရွမ်းယုသည် ငွေပြာမြက်နွယ်နှစ်မျိုးလုံးဖြင့်ရစ်ပတ်လိုက်လေသည်။

ရွှေရောင်နှင့် ငွေရောင် ငွေပြာမြက်ပင်များမှ စွမ်းအားများကို သူမ ချက်ခြင်းခံစားလိုက်ရသည်။

တစ်မျိုးက ပူပြီး နောက်တစ်မျိုးက အေးစက်နေသည်။ ဆန့်ကျင်ဘက် စွမ်းအားနှစ်ခုမှာ သူမခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း တိုးဝင်သွားခဲ့သည်။ သက်တံရောင်စွမ်းအားတစ်ခုသည် သူမကိုယ်ထဲတွင်ပေါ်လာခဲ့သည်။

သူမသည် သက်တံရောင်မျက်လုံးများနှင့် သူတို့နောက်မှလိုက်လာသော အမှောင်နတ်ဆိုးကျားကို လှည့်ကြည့်လိုက်သည်။

ထို့နောက် တုံချင်းရုံ၏မျက်လုံးများမှအပြာရောင်အလင်းတန်းတစ်ခုထွက်လာကာ အမှောင်နတ်ဆိုးကျားကိုထိမှန်သွားခဲ့သည်။

အမှောင်နတ်ဆိုးကျားကြီး၏ခန္ဓာကိုယ်ကြီးသည်

အေးစက်တောင့်တင်းကာ ချက်ချင်းပင်ရေခဲရုပ်ထုကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့လေသည်။

ထို့နောက် တုံချင်းရုံ၏ ခန္ဓာကိုယ်သည် ပျော့ခွေကာ လန်ရွမ်းယု၏ ရင်ခွင်ထဲသို့လဲကျသွားခဲ့သည်။ သူမ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေခဲ့သည်။

လန်ရွမ်းယုကလည်း သူမကိုပွေ့ကာ ထိုနေရာမှ ချက်ချင်းလှည့်ထွက်ပြေးခဲ့သည်။

အမှောင်နတ်ဆိုးကျားသည် ဘယ်အချိန်တွင်ပြန်လွှတ်လာမည်ကိုသူတို့မသိပေ။

လန်ရွမ်းယုသည် မည်မျှအထိ ပြေးလိုက်မိသည်ကိုပင် မသိတော့ပေ။ ရွမ်းယုတဖြည်းဖြည်းအရှိန်လျော့လိုက်လေသည်။

တုံချင်းရုံလည်းအနည်းငယ်ကောင်းမွန်လာခဲ့လေသည်။

တုံချင်းရုံကိုကြည့်ရင် ရွမ်းယုစိတ်ထဲတစ်မျိုးဖြစ်နေခဲ့သည်။သူမကိုကာကွယ်ပေးချင်တဲ့စိတ်...ချစိတဲ့စိတ်များပြည့်နေခဲ့သည်။

အရှိန်လျှော့ပြီးနောက် လန်ရွမ်းယု သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့သည် တောအုပ်အတွင်း၌ပင် ရှိသေးသည်။ သို့သော်သူတို့ပတ်ဝန်ကျင်းမှာအနည်းငယ်ထူးဆန်းနေလေသည်။

ရွမ်းယုသည် သူ့ရဲ့ ဝိညာဉ်ရေးရာစွမ်းအားဖြင့်ပတ်ဝန်ကျင်းကိုစစ်ဆေးလိုက်သောအခါ သူတို့အချုပ်အနှောင်ခံထားရကြောင်းသိလိုက်ရသည်။

ဘာဖြစ်တာလဲ?

ဘာဖြစ်သွားတာလဲ?

ငါတို့ကပြေးနေရင်းဘယ်လို အချုပ်ခံလိုက်ရတာလဲ......

ထို့နောက်

ထူးဆန်းစွာ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး အလင်းတိုင်တစ်ခုကဲ့သို့ ကောင်းကင်မှ ကျလာကာ ရွမ်းယု နှင့် တုံချင်းရုံတို့အပေါ်သို့ ကျရောက်လာခဲ့သည်။

“ငါတို့ရဲ့ကမ္ဘာက ကြိုဆိုပါတယ်”

အမှောင်ထဲမှ သားရဲတစ်ကောင် ထွက်လာခဲ့သည်။

၎င်းသည် အလွန်ထူးဆန်းသော ဝိညာဉ်သားရဲဖြစ်သည်။ လန်ရွမ်းယုတစ်ခါမှမတွေ့ဖူးမသင်ဖူးပေ.....

Endend…..

All Chapters