← Chapters

အခန်း (၂၀၄)

Vol. 13 Ch. 204

အခန်း (၂၀၄)

Vol. 13 Ch. 204

အပေါ်ပိုင်းမှာ လူခန္တာကိုယ်ဖြစ်သော်လည်း အောက်ပိုင်းမှာမြင်းကိုယ်ထည်နှင့်ဖြစ်သည်။ ပိုထူးဆန်းသည်မှာ ခေါင်းနှစ်လုံး ရှိနေခြင်းဖြစ်သည်။ ခေါင်းတစ်လုံးမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာရှိပြီး နောက်တစ်လူံးမှာ အလွန်ကြင်နာပုံရသည်။

“မင်းတို့က ဘယ်သူတွေလဲ?”

လန်ရွမ်းယုမေးလိုက်သည်။

ရက်စက်ကြမ်းကြုတ်သောမျက်နာနှင့် ဦးခေါင်းက

“အကောင်းနှင့် အဆိုးဆိုတာ လူတိုင်းကြုံရမဲ့အရာပဲ....ငါတို့ကအကောင်းနဲ့အဆိုး ယူနီကွန်းပဲ ...ပြေးဖို့မစဥ်းစားနဲ့ အသုံးမဝင်ဘူး.... ဒါက ငါတို့ကမ္ဘာ..... နှစ်တစ်သိန်း ဝိညာဉ်သားရဲလာရင်တောင် ငါတို့ရဲ့ စည်းကမ်းတွေအတိုင်းနေရမယ်”

“မင်းတို့ရဲ့စည်းကမ်းကဘာလဲ”

ကြင်နာတတ်သောမျက်နာရှိသည့် အမျိုးသမီးဦးခေါင်းက

“ဒီမှာ... မင်းဆုံးဖြတ်ချက်တစ်ခုချရမယ်။ မင်းရွေးချယ်မှုတစ်ခု ပြုလုပ်ရမယ်။ ပြီးရင် မင်းရွေးချယ်မှုရဲ့ အကျိုးဆက်ကို မင်းလက်ခံရလိမ့်မယ်။”

ရက်စက်ကြမ်းကြုတ်တဲ့မျက်နာရှိတဲ့အ အမျိုးသားဦးခေါင်းက

“မင်းကံမကောင်းဘူး၊ ဒီနေ့ မေးခွန်းထုတ်ဖို့က ငါ့အလှည့်ပဲ..... ငါ့မေးခွန်းကတော့....

မင်းတို့ထဲကတစ်ယောက်ပဲအသက်ရှင်နိုင်မယ်ဆိုရင် မင်းဘယ်သူ့ကိုရွေးမလဲ....မင်းကိုယ်မင်းရွေးမလား.....သူ့ကိုရွေးမလာ..... သတ်နိုင်ရင် မင်း အသက်ရှင်နေဖို့ ရွေးချယ်မှာလား..... မင်းသူ့ကိုရွေးရင် မင်းကို ငါသတ်မယ်။ မင်းအသက်ရှင်ဖို့ မင်းကိုယ်တိုင်မင်းရွေးရင် ငါချက်ချင်း သူ့ကိုသတ်ပစ်မယ်။ ဟားဟား..... ငါ့မေးခွန်းတွေကြောင့် မင်းတို့လူသားတွေ နာကျင်ခံစားရတာကို မြင်ရတာ ငါတကယ်သဘောကျတယ်”

လန်ရွမ်းယု ရယ်မောလိုက်သည်။

“ဘာလို့ နာကျင်ရမှာလဲ။ ဒါက ဝိညာဉ်ကမ္ဘာပဲ.... ပုံရပ်ကမ္ဘာတစ်ခုပဲ။ သေသွားရင်တောင် ငါ့အတွက် တစ်ခုတည်းသော နောင်တက ရှီလိုင်ခဲ့ကိုမ၀င်ရောက်နိုင်လို့ပဲဖစ်လိမ့်မယ်။ ငါ့ကိုသတ်လိုက်ပါ၊ သူအသက်ရှင်ပါစေ”

လန်ရွမ်းယု၏အမူအရာမှာ နာကျင်မှုမရှိသည်ကိုတွေ့လိုက်ရသောအခါ အကောင်းနှင့်အဆိုး ယူနီကွန်းမှာ မပျော်မရွှင်ဖြစ်သွားရင်း

“မင်းရဲ့နှလုံးသားကို ငါတို့ဖတ်လို့ရတယ်။ မင်းရင်ထဲမှာ နာကျင်နေတယ်..... ခ ဘာကြောင့်လဲဆိုတော့ မင်းထွက်ရင် မင်းရဲ့အသင်းဖော်တွေ ရှီလိုင်ခဲ့အကယ်ဒမီကို မဝင်နိုင်မှာ မင်းစိုးရိမ်နေတယ်..... ငါမှန်တယ်မလား။ မိန်းကလေးတစ်ယောက်အတွက် မင်းရဲ့အသင်းဖော်တွေကို စွန့်လွှတ်လိုက်မှာလား.... ဒါဟာ မင်းသူငယ်ချင်းတွေထက် ချစ်သူကို ပိုဂရုစိုက်တာလို့ ခေါ်တယ်။ မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ အချိန်ကျန်ပါသေးတယ်”

လန်ရွမ်းယု၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း

“ငါ့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူး။ သူမ အကူအညီမပါရင်အစကတည်းက ငါတို့ထွက်နေရပြီ..... ပီးတော့ ရှီလိုင်ခဲ့အကယ်ဒမီက တရားမျှတမှုရှိမယ်လို့ ယုံကြည်တယ်.......

ကျွန်တော့်ရဲ့ ထူးချွန်တဲ့အသင်းဖော်တွေကို လက်လွှတ်ခံမှာမဟုတ်ဘူ.....ပီးတော့ ငါကလည်း နောက်နှစ်မှာ အခွင့်အရေးရှိသေးတယ်။ ဒါကြောင့် သူ့ကို အသက်ရှင်ခွင့်ပေးဖို့ ငါရွေးချယ်တယ်”

“ကောင်းပြီ၊ ဒါဆို မင်းသွားသေလိုက်တော့”

အလင်းတန်းသည် ရွမ်းယုကိုယ်ကိုဖောက်ဝင်သွားကာ ရွမ်းယုပျောက်သွားလေသည်။

ထို့နောက်ကြင်နာတတ်တဲ့ မျက်နာနဲ့အမျိုးသမီးဦးခေါင်းက တုံချင်းရုံကိုကြည့်ကာ

“သူပြောသမျှကို မင်းကြားတယ်နော်.... မင်းအသက်ရှင်ဖို့ သူရွေးချယ်ခဲ့တော့ သူသေသွားတယ်။ အခု မင်းလည်း သူ့လိုပဲ တူညီတဲ့ရွေးချယ်မှုတစ်ခုကို ပြုလုပ်နိုင်တယ်...သူ့ကို အသက်ရှင်ခွင့်ပေးမလား ဒါမှမဟုတ် မင်းအသက်ရှင်ဖို့ကိုပဲရွေးမလား.... ”

တုံချင်းရုံ က ဒေါသတကြီးနဲ့

“ငါ့ကို သတ်လိုက်....သူအသက်ရှင်ပါစေ။ ရှီလိုင်ခဲ့ကိုမဝင်ရလည်းဘာမှမဖြစ်ဘူး....သူဝင်ရင်ရပြီ...”

ထို့နောက် တုံချင်းရုံလည်းပျောက်သွားလေသည်။

“အခုခေတ်ကလေးတွေ ဘာတွေဖြစ်နေလဲ။ တစ်ယောက်က ဉာဏ်ကောင်းလွန်းတယ်၊ နောက်တစ်ယောက်က ခေါင်းမာလွန်တယ်။”

အမျိုးသားဦးခေါင်းက ခေါင်းကို အသာအယာခါယမ်းလိုက်သည်။

အမျိုးသမီးဦးခေါင်းကလည်း တခစ်ခစ်ရယ်ပြီး

“အဲဒါက ပိုအဓိပ္ပာယ်ရှိတယ်။ အဲ့ဒီကလေးနှစ်ယောက်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ရဲ့ပေါင်းစပ်စွမ်းရည်က အလွန်အစွမ်းထက်လွန်းတယ်။ ခြောက်ကွင်းနီးပါးကိုစွမ်းတာ..... အားလုံးကို မှတ်တမ်းတင်ထားတယ်မလား”

အမျိုးသားဦးခေါင်းက

“အင်း...ငါလုပ်ထားတယ်... ဘာပဲဖြစ်ဖြစ် အခု ငါအရမ်းပျင်းတယ်။ ဒါပေမယ့် အဲဒီကောင်လေးက အရမ်းဉာဏ်ကောင်းတယ်။ မွန်းစတားဖြစ်လာနိုင်တယ်....အကယ်ဒမီရောက်လာမှ သူနဲ့ဆော့ရဦးမယ်”

………

ရွမ်းယု သတ္ထုပြွန်ထဲမှ ထထိုင်လိုက်သည်။

“ဘယ်လိုဖြစ်သွားတာလဲ”

ချန်းလိန်က ရွမ်းယုကို ဆွဲထူကာ စိုးရိမ်တကြီး မေးသည်။

“ငါလည်း မသိဘူး။ တကယ့်ကို ထူးဆန်းတယ်။ စာမေးပွဲက သိပ်မကြာပါဘူး၊ ငါရှုံးသွားတာလားမသိဘူး။ ဒါပေမယ့် နောက်ဆုံးအပိုင်းက ထူးဆန်းလွန်းတယ်၊ ငါ့ရဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ဆာလို့ ငါထင်ပါတယ်။ မင်းသိလား? အထဲမှာ တုံချင်းရုံကိုလည်း တွေ့ခဲ့တယ်”

“ဟမ်း?” ချန်းလိန် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်း သူ့ကို ဘယ်လိုတွေ့နိုင်မှာလဲ...ငါမှမင်းနားမှာမရှိတာ....သူ့ကိုဘယ်လိုဆင့်ခေါ်မှာလဲ”

လန်ရွမ်းယုသည် စာမေးပွဲတစ်ခုလုံးတွင် သူကြုံတွေ့ခဲ့ရသည့်အရာများကို ဆရာများအားပြောပြခဲ့သည်။

ကျီဟုန်ဘင်းသည် ရွမ်းယု၏ ပြန်လည်ပြောပြချက်ကို ကြားပြီးနောက် စိတ်အေးလက်အေးဖြစ်သွားသည်။ ရင်ထျန်းဖန်ကလည်း ရယ်လိုက်ပြီး ကျီဟုန်ဘင်း ဘက် လှည့်လိုက်သည်။

“ငါမင်းကိုပြောခဲ့ပါတယ်၊ ဒီကောင်က ငါ့ထက် ပိုထူးခြားပါတယ်ဆို။ ငါမမှားရင် အဆုံးမှာတွေ့ခဲ့တဲ့ အကောင်းနဲ့အဆိုးယူနီကွန်းက ဝိညာဉ်သားရဲမဟုတ်နိုင်ဘူး။ အကယ်ဒမီက ဆရာတွေဖြစ်နိုငခတယ်။ မင်း ဒါကို ကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲ.. ရွမ်းယု”

ကျီဟုန်ဘင်းကလည်း ခေါင်းညိတ်ပြပြီး

“ဒီကိစ္စက သိပ်ကြီးပုံမပေါ်ပါဘူး။ အနည်းဆုံးတော့ နောက်ပိုင်းစမ်းသပ်မှုတွေ မင်းတို့ဆက်ပါလို့ရမှာပဲ”

ချန်းလိန်နှင့် လျိုဖိန်တို့ပျော်သွားကြသည်။

ရွမ်းယုကတော့ ခါးသီးစွာ ရယ်မောရင်း

“ကျွန်တော်ကတော့ စိတ်ပူနေတုန်းပဲ။ ကြေငြာချက်အစစ်ရောက်တဲ့အထိ စောင့်ကြရအောင်ပါ”

မုကျုံးထျန်က ချက်ချင်း

“ငါသူတို့ကိုချက်ချင်းဆက်သွယ်လိုက်မယ်”

ခဏကြာတော့ မုကျုံးထျန်ပြန်ရောက်လာကာသတင်းကောင်းကိုပြောပြခဲ့လေသည်။ ရွမ်းယုသည် နောက်ဆုံးအဆင့်ကိုဝင်ရောက်ဖြေဆိုရမည်ဖြစ်သည်။ ထိုအဆင့်ကို ဝိညာဥ်ကုန်းမြေဂြိုလ်တွင်သွားဖြေရမည်ဖြစ်သည်။

သို့သော် ယခုတစ်ခေါက်ချန်ပီယံဖြစ်သော်လည်း ဆုမရတော့ပေ။ အကယ်ဒမီကဆုကိုရုတ်သိမ်းကြောင်းကြေညာခဲ့သည်။ အကြောင်းရင်းကိုတော့မသိရပေ။

Endend…..

All Chapters