← Chapters

အခန်း (၂၀၅+၂၀၆)

Vol. 13 Ch. 205+206

အခန်း (၂၀၅+၂၀၆)

Vol. 13 Ch. 205+206

“.... စမ်းကြည့်ရအောင်....”

လျိုဖိန်၏ မျက်နှာသည် ဖြူဖျော့ဖျော့နေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“ဒါက အရမ်းရက်စက်လွန်းတယ်”

ရွမ်းယုသည် ငွေပြာမြက်နှစ်ခုဖြင့်အဆင့်မြှင့်တင်ခြင်းကို လျိုဖိန်ထံတွင်စမ်းသပ်နေခြင်းဖြစ်သည်။ သို့သော် ထိုသို့လုပ်လိုက်သည်နှင့် လျိုဖိန်မှာပေါက်ကွဲထွက်သွားသည်။ ခြေလက်များဟိုတစ်ခုဒီတစ်ခုဖြစ်သည်။ ပုံရိပ်ယောင်ကမ္ဘာဖြစ်သောကြောင့် နာကျင်မှုမရှိသော်လည်း လျိူဖိန်ထပ်စမ်းရနိကြောက်ရွံ့နေခဲ့သည်။

လန်ရွမ်းယုသည် တုံချင်းရုံထံတွင် အဘယ်ကြောင့်ထိုအရာအောင်မြင်ရကြောင်း နားမလည်နိုင်ပေ။ ချန်းလိန်တွင်လည်းမအောင်မြင်ပေ။သို့သော်လည်း ပေါက်ကွဲသည်မှာ သူမဟုတ်ဘဲ ဆင့်ဖိတ်ခေါ်တံခါးဖြစ်သည်။

“ငါ့ကို ဘယ်တော့မှ ထပ်မစမ်းပါနဲ့တော့! အရမ်းကြောက်စရာကောင်းလို့ပါ”

လျိုဖိန် တုန်တုန်ယင်ယင်နှင့်ပြောလိုက်သည်။

“ကောင်းပြီ၊ ငါတို့ နောက်တစ်ခေါက် ဝင်ရအောင်။ ချန်းလိန် ငါ့နောက်လိုက်ခဲ့၊ ငါ တုံချင်းရုံ ကို ဆက်သွယ်ချင်တယ်”

…………..

“ဘာထူးလို့လဲ?”

ရင်းနှီးသော အသံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

အကြောင်းတစ်ခုခုကြောင့် လန်ရွမ်းယုသည် သူမ၏အသံကိုကြားလိုက်ရသောအခါ စိတ် သက်သာရာရသွားသည်။

“မင်းအဆင်ပြေလား?” လန်ရွမ်းယူ စိုးရိမ်တကြီး မေးလိုက်သည်။

“ကောင်းပါတယ်။ မင်းထွက်လာပြီလား?”

ချင်းရုံသည် တံခါးထဲမှထွက်လာလေသည်။

ချင်းရုံထွက်လာသောအခါ လန်ရွမ်းယုစိုက်ကြည့်နေမိသည်။ ထို့အတူတုံချင်းရုံမှာလည်း လန်ရွမ်းယုကိုကြည့်နေလေသည်။

“နင်တို့နှစ်ယောက် ဘာကြည့်နေတာလဲ။ သေချာတာတစ်ခုတော့ရှိတယ်၊ မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ရှိနေတယ်မလား”

ချန်းလိန်ကဘေးမှဝင်ပြောလိုက်သည်။

“အဟွတ်...အဟွတ်...!”

လန်ရွမ်းယု ထိုစကားကြောင့် ချောင်းဆိုးလိုက်မိပြီး တုံချင်းရုံကလည်း ခေါင်းကို အနည်းငယ် ငုံ့သွားခဲ့သည်။

ထို့နောက် ချင်းရုံက ချန်းလိန်ကိုကြည့်ကာ

“နင် ဘာအတွေပြောနေတာလဲ။ အရိုက်ခံချင်တာလား။”

ချန်းလိန် က တခစ်ခစ်ရယ်ကာ

“ကောင်းပါပြီ၊ ငါမပြောတော့ဘူး။ မင်းတို့ အချင်းချင်း ဆက်ကြည့်ကြ”

“မင်း စာမေးပွဲအောင်လား”

တုံချင်းရုံ မေးလိုက်သည်။

လန်ရွမ်းယု ခေါင်းညိတ်ပြီး

“ငါအောင််တယ် ...ဒါပေမယ့် ပထမနေရာရပြီး ဆုတော့မရဘူး”

တုံချင်းရုံက “အောင်ရင်တော်ပါပြီ... အဲ့တုန်းက မင်းရဲ့စာမေးပွဲမှာငါဝင်ပါခဲ့တယ် လို့ သူတို့က ပြောပြီး ငါ့ကို စာမေးပွဲ ပြန်ဖြေခိုင်းတယ်။ အဲဒီ့မှာ မင်းကို ငါတွေ့တာပဲ။ ဒါပေမယ့် ငါလည်းအောင်သွားတယ်...”

ထို့နောက်သူတို့စကားအနည်းငယ်ပြောကာ

“အချိန်တန်ပြီ”

ချန်းလိန်က သူတို့ကိုပြောလိုက်သည်။

“ဒါဆို ရှီလိုင်ခဲ့ မှာတွေ့ကြရအောင်”

“ကောင်းပြီ၊ ရှီလိုင်ခဲ့အကယ်ဒမီ မှာ တွေ့ကြမယ်။”

“မင်းငါ့ကို ကတိသုံးခုပေးထားတာကို သတိရပါ”

“ဟမ်? မင်းမေ့သွားပြီလို့တောင် ငါထင်နေတာ... ငါ မင်းကို ကယ်ခဲ့တာဆိုတော့...”

“မင်းငါ့ကို ကတိသုံးခုပေးထားတာ သတိရပါ”

“….…”

ရွမ်းယုဘာမှဆက်မပြောနိုင်တော့ပေ။

လန်ရွမ်းယု နှင့် ချန်းလိန်တို့ လက်တွေ့ကမ္ဘာသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသောအခါတွင် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။သူတိူ့တကယ်ပင်ပန်းနေကြပြီဖြစ်သည်။

အိပ်ဆောင်နံပတ် ၃၃၃တွင် အပြိုင်အဆိုင်ဟောက်သံများထပ်နေလေသည်။

ထိုကလေး ၃ ယောက်သည် စုစုပေါင်း ၂၄ နာရီ တိတိအိပ်ခဲ့ကြလေသည်။

ကောင်းကင်ဝိညာဥ်ဂြိုလ်၏စာမေးပွဲ နောက်ဆုံးရလဒ်များကို ကြေညာပြီးဖြစ်သည်။ လန်ရွမ်းယု တို့အသင်းသည် ချန်ပီယံဖြစ်ပြီး ပင်းထျန်းလိန်တို့အသင်းမှာ ဒုတိယနေရာရရှိခဲ့သည်။

လန်ရွမ်းယုတို့အဖွဲ့သာလျှင် ကောင်းကင်ဝိညာဥ်အကယ်ဒမီမှ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ကျန်အသင်းများမှာ ဖယ်ထုတ်ခံခဲ့သည်။

လန်ရွမ်းယုအား အံ့အားသင့်စေမည့်အရာမှာ သူတို့သတ်ခဲ့သော လျန်ဆူရှီတို့အသင်းသည် ထိပ်ဆုံး ဆယ်သင်း စာရင်းတွင် ရှိနေခြင်းဖြစ်သည်။

ရှီလိုင်ခဲ့အကယ်ဒမီတွင်စာမေးပွဲဆက်ဖြေရန် ရက် 20 အတွင်း ထွက်ခွာရမည်ဖြစ်သည်။

အထူးတန်းမှကျောင်းသားများလည်းသူတိူ့၏သက်ဆိုင်ရာအတန်းများတွင်ဆက်လက်သင်ကြားရတော့မည်ဖြစ်သည်။

လန်ရွမ်းယု...ချန်းလိန်နှင့်လျိုဖိန်တို့ကို ရက်နှစ်ဆယ်လုံး ကျီဟုန်ဘင်းမှ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးမည်ဖြစ်သည်။

ဝိညာဉ်ကမ္ဘာ.....

ကိုယ်ပိုင်လေ့ကျင့်ရေးကွင်း......

ကျီဟုန်ဘင်း သည် လေ့ကျင့်ရေးကွင်း၏တစ်ဖက်တွင် ရပ်နေပြီး လန်ရွမ်းယု..... လျိူဖိန်.... ချန်းလိန် တို့သည် တစ်ဖက်တွင် ရှိနေသည်။

“ဒီနေ့ကစပြီး မင်းတို့အထူးလေ့ကျင့်ကေး ရက်နှစ်ဆယ်ကို ဖြတ်သန်းရမယ်။ နားလည်လား? ဘာညည်းသံမှမကြားချင်ဘူး”

ကျီဟုန်ဘင်း တင်းမာစွာပြောလိုက်သည်။

နတ်ဆိုးဘုရင်ကို မည်သူမျှ မေးခွန်းမထုတ်ရဲကြပါ။ ကျောင်းသားသုံးယောက်မှာ ခေါင်းညိတ်ရုံသာ.........

“ အဆင်သင့်ဖြစ်ပြီလား? ”

ကျီဟုန်ဘင်သည်အောက်မှ ဝိညာဉ်ကွင်းထွက်လာလေသည်။

ခရမ်းရောင်....

ခရမ်းရောင်....

အနက်ရောင်....

အနက်ရောင်....

အနက်ရောင်....

အနက်ရောင်....

အနက်ရောင်.....

အနက်ရောင်......

အနက်ရောင်......

စုစုပေါင်းလက်စွပ်ရှစ်ကွင်းဖြစ်သည်။

သူ့နောက်တွင်လည်း ကြီးမားသော အနက်ရောင် အရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဝိညာဥ် ကွင်းရှစ်ကွင်း ....

ဘာကို ဆိုလိုတာလဲ....

ဝိညာဥ်တုံ့လော်အဆင့်.....

ခြောက်ကွင်းမှာ နှစ်တစ်သောင်းကွင်းများဖြစ်သည်။

ထို့နောက် ငရဲခန်းရက်များစတင်ခဲ့လေသည်။

ကြီးမားလှသောဖိအားများအောက်တွင် ကျောင်းသားသူံးယောက်......

Endend……

All Chapters