Chapters

အခန်း (၂၀၇)

Vol. 13 Ch. 207

အခန်း (၂၀၇)

Vol. 13 Ch. 207

လန်ရွမ်းယုသည် သူ၏ကြီးမားလှသောခွန်အားကြောင့် ကျီဟုန်ဘင်း၏လေ့ကျင့်မှုများကိုအမှီလိုက်နိုင်လေသည်။ လျိုဖိန်မှာလည်း အကောင်းဆုံးအခြေအနေတွင်ရှိခဲ့သည်။ ချန်းလိန်သာ....

မကြာခဏ မေ့လဲနေခဲ့လေသည်။

ကျီဟုန်ဘင်း၏နတ်ဆိုးဘုရင်ဘွဲ့သည် ကျောင်းသားများထံမှမဟုတ်ဘဲ ဆရာများထံမှ လာခြင်းဖြစ်သည်။ သူ၏ သိုင်းဝိဉာဉ်သည် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးစစ်သည် ဖြစ်သည်။ ရှားရှားပါးပါး တည်ရှိမှုဖြစ်သည်။ မိစ္ဆာစိတ်ဝင်နေသောစစ်သည်တစ်ဦးဖြစ်လေသည်။ သို့သော် ရှီလိုင်ခဲ့အကယ်ဒမီ၏

လမ်းညွှန်မှုအောက်တွင်၊ သူသည် ဤ သိုင်းဝိညာဥ်ကို မှန်ကန်သောရည်ရွယ်ချက်သာအတွက် အသုံးပြုနိုင်လာခဲ့သည်။

သူသည် ရှစ်ကွင်းဝိညာဥ်တုံ့လေယာ်သာဖြစ်ခဲ့သော်လည်း၊ သူ၏စွမ်းအားသည် သာမန် ဖုန်းဟောက်တုံ့လော်ထက် မနိမ့်ပေ...အနည်းဆုံးတော့သူသည် ရှီလိုင်ခဲ့အကယ်ဒမီမှဘွဲ့ရတစ်ဦးဖြစ်လေသည်။ လက်တွေ့ကမ္ဘာသို့ပြန်ရောက်လာသောအခါ ရွမ်းယုတို့သုံးယောက်သာ မျိုးစုံခံစားနေရသည်။ ချန်းလိန်နှင့် လျိူဖိန်တို့မှာလမ်းကြိတ်စက်ဖြင့်အကြိတ်ခံထားရသကဲ့သို့ခံစားရပြီး ရွမ်းယုကတော့တစ်မျိုးဖြစ်သည်။

ရွမ်းယုသည် သူ၏စွမ်းအားများကြုံ့သွားသလိုခံစားနေရသည်။သူကိုယ်တွင်းရှိ သက်တံအူတိုင်သည် အနည်းငယ်ပိုသေးကာ ပိုမိုအားကောင်းလာသလိူခံစားလိုက်ရသည်။

…………

“ထပ်လုပ်မယ်”

ကျီဟုန်ဘင်းက ကျောင်းသားသူံးယောက်၏စွမ်းအားများကိုဖိနိပ်နေလေသည်။

ရွမ်းယုတို့သုံးယောက်သား ဝိညာဉ်စွမ်းအားများကိုထုတ်ကာအစွမ်းကုန်ခုခံနေလေသည်။

ချွေးများလည်းရွဲ့နေခဲ့သည်။

ကျီဟုန်ဘင်းကတော့မးနေရာတွင် ရိုးရိုးရှင်းရှင်း ရပ်နေသော်လည်း ကျောင်းသားသုံးယောက်ကတော့ကမ္ဘာပျက်နေလေသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသေ နတ်ဆိုးဘုရင်အဖြစ်သို့ ပြောင်းလဲသွားကာ ငယ်ရွယ်သော ကလေးသုံးဦးကို အငမ်းမရ နှိပ်စက်နေခဲ့သည်။

လေ့ကျင့်ရေးဆင်းချိန်တွင် ကလေး သုံးယောက်သည် အဆောင်သို့မည်ကဲ့သို့ပြန်ရောက်သွားမှန်းပင်မသိလိုကိပေ။ ထို့နောက်အိပ်ပျော်သွားကြသည်။

ထို့နောက် ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားအာဟာရရှိသော အစားအစာများက ကြိုဆိုနေကြသည်။ အကယ်ဒမီကသူတို့အားအကောင်းမွန်ဆုံးဆက်ဆံနေလေသည်။ စားသောက်ပွဲကြီးကျင်းပပြီးနောက် ကလေးသုံးယောက်သည် ကျီဟုန်ဘင်း၏ လေ့ကျင့်ရေးကွင်းသိူ့ဆွဲခေါ်သွားခြင်းခံခဲ့ရသည်။

ပြီးတော့...... သံသရာစက်ဝန်းကလည်ပတ်နေလေသည်...

၁၀ရက် အကြာတွင် သူတို့ နှစ်ရက် အနားယူခွင့်ရခဲ့လေသည်။

နှစ်ရက်တာ အနားယူပြီးနောက် ကလေး သုံးယောက်မှာ နေရာတစ်ခုသို့သွားခဲ့ရသည်။

ဝိညာဉ်စေတီတော်ပင်ဖြစ်သည်။

Endend…..