Chapters

အခန်း (၂၀၈)

Vol. 13 Ch. 208

အခန်း (၂၀၈)

Vol. 13 Ch. 208

သူတို့သုံးဦးသည် လက်ထဲတွင် ကတ်တစ်ခုစီကိုင်ဆောင်ထားကြသည်။ ၎င်းသည် ဝိညာဉ်စေတီတော်ရှိ ဝိညာဉ်တက်ပလပ်ဖောင်းသို့ ဝင်ရောက်ခွင့် လက်မှတ်များဖြစ်သည်။ လက်မှတ်တစ်ခုစီသည် ဝင်ခွင့်တစ်ကြိမ်သာ ခွင့်ပြုသည်။

ဝိညာဥ်တက်ပလက်ဖောင်းတွင် ဝိညာဥ်သားရဲများကိူသတ်ကာ ဝိညာဉ်ကွင်းများကိုအဆင့်မြှင့်နိုင်လေသည်။ လန်ရွမ်းယုသည် ထိုကိစ္စကိုအလွန်စိတ်ဝင်စားနေလေသည်။ သူ၏ဝိညာဥ်ကွင်းများကိုထိုသို့အဆင့်မြှင့်နိုင်မမြှင့်နိုင် သူသ်ိချင်နေလေသည်။ ဝိညာဥ်တက်ပလက်ဖောင်းတွင် ဝိညာဉ်ရိုးများကိုပင်သက်တမ်းတိုးနိုင်လေသည်။

ထို့ကြောင့် ဤလက်မှတ်များသည် မည်မျှ အဖိုးတန်ကြောင်း ထင်ရှားပါသည်။

မုကျုံးထျန် သည် ရွမ်းယုတို့သုံးဦးအား ဝိညာဉ်စေတီတော်သို့ ခေါ်ဆောင်လာခဲ့သည်။

ဝိညာဥ်စေတီတော်သို့ဝင်လိုက်သည်နှင့် မျက်နှာကျက်တွင် ရောင်စုံပန်းချီကားတစ်ချပ်ကိုမြင်ရမည်ဖြစ် သည်။ အမျိုးမျိုးသော ဝိညာဉ်သားရဲများပါဝင်လေသည်။ ထိုပန်းချီကားတွင် ဇာတ်လမ်းတစ်ပုဒ်လည်းရှိသည်။

ထိုဇာတ်လမ်းသည် ဝိညာဉ်သားရဲ ထောင်ပေါင်းများစွာ၏ တိုက်ခိုက်ခြင်းကို ခံရသော ရှေးမြို့တစ်မြို့ကို ပြသနေကြောင်းသတိပြုမိနိုင်သည်။ ထိုခေတ်သည် သားရဲခေတ်ဖြစ်သင့်သည်။

အထူးခြားဆုံးမှာ ကောင်းကင်တွင် ပျံဝဲနေသော နဂါးနက်ကြီးဖြစ်သည်။ ရွှေမျက်လုံးများရှိပြီး ဝိညာဉ်သားရဲအားလုံးသည် သူ၏မိန့်အရ လူသားမြို့များကို တိုက်ခိုက်နေကြသည်။

မြို့နံရံတွင် လူသား ဝိညာဥ်မာစတာ အများအပြားသည် ဝိညာဉ်စွမ်းရည် အမျိုးမျိုးကို ထုတ်လွှတ်ပြီး ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားသည်။ ထိုပန်းချီကားကိုမြင်သောအခါ ရွမ်းယုစိတ်ထဲတွင်တစ်မျ်ုးဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ထောင်ပေါင်းများစွာသောထိုဝိညာဉ်သားရဲများကို အမိန့်ပေးသူမှာ သူဖြစ်သင့်သည့်ဟူသော ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားရလိုက်သည်။

ထိုအချိန်တွင်ပင် အံ့အားသင့်မှုအပြည့်ဖြင့်အသံတစ်သံ

“လန်ရွမ်းယုလား?”

လူလေးယောက် ဝိညာဉ်စေတီတော်ထဲသို့ ဝင်လာသည်ကို ချက်ချင်းတွေ့လိုက်ရသညခ။

ထိုလူလေးယောက်အနက်မှ သုံးဦးကို ရွမ်းယု မှတ်မိလိုက်သည်။ ၎င်းတို့မှာ လင်းထျန်းအကယ်ဒမီ၏ ပင်းထျန်းလိန်.......မုထျန်းနှင့် လင်းတုံဟွေ့တို့ဖြစ်လေသည်။

“မင်းတို့ကိုတွေ့ရတာပျော်လိုက်တာ”

ပင်းထျန်းလိန်သည် လျင်မြန်စွာလျှောက်လာခဲ့သည်။ အရင်က ဖြစ်ပျက်ခဲ့တာတွေ မေ့သွားပုံရသည်။ည

ရွမ်းယု သူ့ကို ခေါင်းညိတ်ပြပြီး

“မင်္ဂလာပါ”

လင်းတုံဟွေ့ နှင့် ယုထျန်း တို့ကတော့ လန်ရွမ်းယုကို အနည်းငယ် ထူးဆန်းစွာ ကြည့်နေကြသည်။ သူတို့ကိုလှည့်ဖြားခဲ့သည်ကို သူတိူ့ လုံးဝမမေ့နိုင်ပေ။

“မင်းနဲ့စကားပြောလို့ရလား? အစကတော့ ဝိညာဉ်တက်ပလပ်ဖောင်းထဲဝင်ပြီးမှ မင်းကိုလာရှာမလို့...အခုတော့မင်းနဲ့အရင်တွေ့တာပဲ....မင်းတို့လည်း ဝိညာဥ်တက်ပလပ်ဖောင်းထဲဝင်မလို့လား “

ပင်ထျန်းလိန်က သူငယ်ချင်း အရင်းကြီးသဖွယ်ပြောနေလေသည်။

လန်ရွမ်းယုကတော့

“အဲ့ဒါဆိုရင်တော့တကယ့် တိုက်ဆိုင်တာပဲ၊ ငါတို့လည်းဝင်မလို့ ....မင်းငါ့ကိုရှာဖို့ ဒီကိုရောက်လာတာလား”

ပင်းထျန်းလိန် ခေါင်းညိတ်ပြီး

“ဟုတ်တယ်၊ မင်းကိုရှာဖို့ ငါတို့ ဒီကိုလာခဲ့တာ။ စိတ်မပူပါနဲ့၊ ငါတို့ လက်စားချေဖို့ မဟုတ်ဘူး.. “

လန်ရွမ်းယု ပခုံးတွန့်လိုက်ပြီး

“ချေချင်လည်း ဟိုရောက်မှချေတော့”

Endend…..