အခန်း (၂၀၉)
Vol. 13 Ch. 209
မုကျုံထျန်းကတော့ တစ်ဖက်မှဆရာမနှင့်စကားပြောနေလေသည်။ အချင်းချင်းမသိကြသော်လည်း မုကျုံးထျန်သည် တစ်ဖွဲ့အဖွဲ့ကိုရိပ်မိလေသည်။
“ရှင်းပါတယ်၊ အမှန်က ငါတို့ မင်းနဲ့အတူပူးပေါင်းမလို့ရှာနေတာ”
“အတူတူပူးပေါင်းဖို့?”
လန်ရွမ်းယု မျက်ခုံးပင့်လိုက်သည်။
ပင်းထျန်းလိန်က အေးဆေးတည်ငြိမ်စွာ
“ငါမင်းကို ရိုးရိုးသားသားပြောရရင်မ ငါ မင်းကို မကြိုက်သလို မင်းကို ရိုက်နှက်ချင်နေတာယားလို့.... မင်းသိလား.... မူလက ပြိုင်ပွဲမှာ ငါတို့ လေးသင်းအနိုင်ရရှိဖို့တွတ်ထားတာ...ဒါပေမယ့် မင်းက ငါတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တယ်....အခုငါတို့ နှစ်သင်းပဲ အောင်မြင်ခဲ့တယ်။ ငါတို့ အကယ်ဒမီမှာ မင်းကို မုန်းတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒါကထားပါ.....
မင်းနဲ့ ယှဉ်လိုက်ရတာက ငါတို့ရဲ့ ချို့တဲ့နေတဲ့ ရှုထောင့်အမျိုးမျိုးကို နားလည်စေခဲ့တယ်...
မင်းရဲ့စွမ်းအားကနည်းနိုင်ပေမယ့် မင်းဥာဏ်ကောင်းရှိတယ်။ ဒါကြောင့် ငါတို့ပူးပေါင်းကြစို့။”
လန်ရွမ်းယု က
“စမ်းသပ်မှုတွေ ဘာဖြစ်မယ်ဆိုတာတောင်မသိတာကို မင်းကငါတို့နဲ့ပူးပေါင်းဖို့ စီစဉ်ထားတာလား”
“စစ်ဆေးမှုက ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက စာမေးပွဲတစ်ခုပဲလေ..... ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရှင်းပါတယ်၊ တိုက်ပွဲတွေနဲ့ပက်သက်ရင်ငါတို့ကမင်းကိုကူညီပေးပါမယ်...မင်းကလည်းတိုက်ပွဲအစီအစဥ်တွေကိုပြန်ဆွဲပေ...”
လန်ရွမ်းယုက ပင်းထျန်းလိန်၏မျက်လုံးများကို တည့်တည့်ကြည့်ကာ
“မင်းက ယုံကြည်မှုကင်းမဲ့နေတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှီလိုင်ခဲ့အကယ်ဒမီကိုဝင်ဖို့ မင်းအတွက် ခက်ခဲလွန်းတာ မဖြစ်သင့်ဘူး ဟုတ်တယ်မလားလား။ ငါမှန်းတာမမှားရင် မင်းက မင်းရဲ့ တခြားအဖွဲ့တွေအတွက် ခုလိုလာလုပ်တာပဲ”
ပင်ထျန်းလိန် တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောကိ
“မှန်တယ်။ တကယ်တော့ အဲ့ဒါက လူတစ်ယောက်အတွက်ပဲ။ သူမက ငါ့အတွက် အရမ်းအရေးကြီးတယ်.... သူမကို ငါနဲ့ အတူ ဝင်စေချင်တယ်..... မင်းတို့ကိုလည်းငါတကယ်ပြန်ကူညီပါမယ်”
လျန်ဆူရှိ အသတ်ခံရပြီးနောက်တွင် ပင်းထျန်းလိန် အဘယ်ကြောင့်ပေါက်ကွဲရသည်ကို လန်ရွမ်းယု သိရှိသွားခဲ့သည်။ သူတို့ရဲ့ဆက်ဆံရေးက....
“မင်းကို ငါဘယ်လိုယုံရမှာလဲ” ရွမ်းယုမေးလိုက်သည်။
“ငါတကယ်မင်းတို့ကိုကာကွယ်ပေးပါမယ်...ငါကတိပေးတယ်”
ပင်းထျန်းလိန်၏စကားမှာအလွန်လေးနက်နေလေသည်။
လန်ရွမ်းယုသည် ပင်းထျန်းလိန်ကိုကြည့်ရင်း
သူ၏ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခု ဝိညာဥ်တက်ပလက်ဖောင်းကနေစမယ် “
“ကောင်းပြီ” ပင်ထျန်းလိန် ရွမ်းယု၏လက်ကို ဆွဲကာလှုပ်ယမ်းလိုက်သည်။
ရွမ်းယုနှင့် ပင်ထျန်းလိန်တို့လက်ဆွဲနှုတ်ဆက်နေသည်ကိုဆရာများမြင်လိုက်ရသည်။
ပင်းထျန်းလိန်၏ ဆရာမက ပြုံးလိုက်ကာ
“ပြီးပြီလား?”
ပင်းထျန်းလိန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို သွားကြရအောင်”
ဝန်ထမ်းတစ်ဦးသည် တံခါးဝတွင် စောင့်နေသည်။ လက်မှတ်များကို စစ်ဆေးပြီးနောက်
“ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ”
“မင်းတို့ အတူတူ သွားချင်လား ဒါမှမဟုတ် သီးခြားစီ ပို့ပေးရမလား” ဝန်ထမ်းက မေးလိုက်သည်။
“အတူတူပို့ပေးပါ”
ပင်းထျန်းလိန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
ချန်းလိန် က
“မင်းတို့ ငါတို့ကို လက်စားချေဖို့ စီစဉ်နေတာလား”
ယုထျန်းကရီကာ
“မင်းတို့အကယ်ဒမီက လူတိုင်းက ဦးနှောက်မရှိဘူးလား။ မင်းတို့ကိုလက်စားချေဖို့ ငါတို့ဘာလို့ဒီလောက်အဝေးကြီးလာရမှာလဲ။ ရှီလိုင်ခဲ့ကျမှ လက်စားချေနိုင်တယ်။”
ချန်းလိန် မျက်ခုံးပင့်လိုက်သည်။
“အော် မင်းကချိန်းခြောက်ဖို့ ကြိုးစားနေတာလား”
ယုထျန်းကပြန်ပြောရန်ပြင်လိုက်စဥ်
“လုံလောက်ပြီး ငါတို့က လာပူးပေါင်းတာ လာရန်ဖြစ်တာမဟုတ်ဘူး”
ပင်ထျန်းလိန်က မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
လန်ရွမ်းယုကလည်း ချန်းလိန် ၏ ပခုံးကို ပုတ်ကာ တားလိုက်သည်။
“အတူတူသွားပါမယ်” လန်ရွမ်းယုက ဝန်ထမ်းကိုပြောလိုက်သည်။
ထို့နောက် ကောင်လေးခြောက်ယောက်သား ဝိညာဥ်တက်ပလပ်ဖောင်းသို့ဝင်ရောက်သွားကြလေသည်။
Endend…..