Chapters

အခန်း (၂၁၀)

Vol. 13 Ch. 210

အခန်း (၂၁၀)

Vol. 13 Ch. 210

လန်ရွမ်းယု...လျိုဖိန်.... ချန်းလိန်.... ပင်းထျန်းလိန်....ယုထျန်း.....လင်းတုံဟွေ့တို့ တောတွင်းတစ်နေရာတွင်ပေါ်လာကြသည်။

ထို့နောက် ပင်းထျန်းလိန်က လန်ရွမ်းယုက

“အရင်က ငါတို့ ဝိညာဥ်တက်ပလပ်ဖောင်းကိုဝင်ဖူးတယ်.....ပုံရိပ်ယောင်ကမ္ဘာမှာလို့ဒီမှာဝိညာဥ်သားရဲတွေကိုမထိန်းချုပ်ထားဘူး... အဲ့ဒါကြောင့် သားရဲတွေက လက်တွေ့ပိုကျပြီး ပိုကြောက်စရာကောင်းတယ်။ ငါတို့ အထူးသတိထားရမယ်... ဝိညာဉ်သားရဲတစ်ကောင်ကိုသတ်ပီးတိုင်း အနီးမှာရှိတဲ့ငါတို့ရဲ့ဝိညာဥ်ကွင်းတွေနဲ့ဝိညာဥ်ရိုးတွေသက်တမ်းတိုးလာလိမ့်မယ်”

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။ ပင်းထျန်းလိန်ပြောလိူသည်ကို သူနားလည်သည်။

“မင်း ဦးဆောင် မလား? ဒါမှမဟုတ် ငါဦးဆောင်ရမှာလား?”

လန်ရွမ်းယု မေးလိုက်သည်။

ပင်းထျန်းလိန် က မဆိုင်းမတွဘဲ “မင်းဦးဆောင်ပါ”

ပင်းထျန်းလိန်၏ ပွင့်ပွင့်လင်းလင်း အဖြေကိုကြားတော့ လန်ရွမ်းယု သူ့ကိုပို၍ အထင်ကြီးသွားခဲ့သည်။

“ကောင်းပြီ လျိူဖိမ် မင်း လှည့်ပတ်ပြီးပတ်ဝန်းကျင်က အခြေအနေကို စောင့်ကြည့်ရမယ်။ ငါတို့ခရီမစခင် အကောင်းဆုံးအခြေအနေမှာရှိနေအောင် သေချာပြင်ဆင်ကြစို့။”

လျိုဖိန် ခေါင်းညိတ်ကာ တခဏချင်း ပျောက်သွားခဲ့သည်။

သိပ်မကြာလိုက် လျိုဖိန်ပြန်ရောက်လာခဲ့သည်။

“မီတာ ၃၀၀ အတွင်းမှာ ဝိညာဉ်သားရဲ ခြေရာတွေ မတွေ့ဘူး။ လောလောဆယ်တော့လုံခြုံတယ်။ သစ်ပင်ပေါ်တက်လိုက်တော့ သစ်တောတွေ မြောက်ဘက်ကို ပိုသိပ်သည်းလာပြီးတော့ သစ်ပင်တွေ ပိုမြင့်လာတာကို တွေ့ရတယ်။ အဲ့နေရာက ပိုအားကောင်းတဲ့ ဝိညာဉ်သားရဲတွေရှိတဲ့ နယ်မြေဖြစ်နိုင်တယ်။”

လန်ရွမ်းယုကလှည့်ပြီး

“ညီအကိုပင်း မင်းရဲ့အရင်အတွေ့အကြုံအရ၊ မင်းသာဆို တောနက်ထဲကိုဝင်မှာလား ဒါမှမဟုတ် အပြင်ဘက်မှာပဲ အေးအေးဆေးဆေးနေဖို့ အကြံပြုမှာလားလား။”

ပင်းထျန်းလိန်က

“ငါသာဆိုရင် ဒီ့ထက် ပိုနက်တဲ့တောထဲကိုဝင်လိမ့်မယ်။”

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါဆို ငါတို့အပြင်ဘက်အပိုင်းမှာပဲ ခဏလောက်နေမယ်”

ပင်းထျန်းလိန် အံ့သြသွားသည်၊ လင်းတုံဟွေ့လည်း အံ့အားသင့်သွားပြီး ယုထျန်းကတော့ ဒေါသတကြီးနဲ့မထိန်းနိုင်ဘဲ

“လန်ရွမ်းယု မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ”

လန်ရွမ်းယုကအားလုံးကိုလျစ်လျူရှုကာ

“ငါ့ရဲ့ အမိန့်ပေးမှု အလုပ်ဖြစ်မဖြစ် စမ်းကြည့်တာ”

ယုထျန်း ဒေါသထွက်သွားသည်။

“မင်းကဘာလဲ.... ကလေးဆန်တာလား......”

ချန်းလိန်က

“ဓားပြကောင်..... မင်းဘယ်သူ့ကို ရည်ညွှန်းနေတာလဲ”

“မင်းသေခြင်းနေတာလားမင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။”

ပင်ထျန်းလိန် သူ့လက်ကို မြှောက်လိုက်ပြီးလေးနက်သောအသံဖြင့်

“သူပြောတာကို နားထောင်လိုက်”

ပင်းထျန်းလိန်သည် လန်ရွမ်းယုကို မယုံကြည်သော်လည်း၊ လန်ရွမ်းယု ၏ အရည်အချင်းကို ယုံကြည်သည်။ စမ်းသပ်မှုနှစ်ကျော့စလုံးတွင် ၎င်းတို့၏ ဝိညာဉ်ကွင်းနှစ်ကွင်းဖြင့် ပထမနေရာကို ရယူနိုင်ခဲ့သည်။ သာမန်လူတစ်ယောက်မျှ မလုပ်နိုင်သည့်အရာဖြစ်သည်။ လန်ရွမ်းယုတွင် အထူးစွမ်းရည်ရှိရမည်ဟုသူယုံကြည်သည်။

ရုတ်တရက် လေတိုးသံတစ်ခုထွက်လာသည်။

“ဝိညာဉ်သားရဲရှိတယ်။ တိုက်ပွဲအတွက် အသင့်ပြင်ထားပါ”

လျိူဖိန်ပျောက်သွားကာပြန်ပေါ်လာပြီး

“နှစ် ၁၀၀ ဖြူကောင် သုံးကောင်၊ ၁၀ နှစ်၃ကောင်”

ထိုသိူ့ပြောနေစဥ် ယုထျန်း၏ဝိညာဥ်ကွင်းများထွက်လာနေပြီဖြစ်သည်။ အဝါရောင်တစ်ကွင်းနှင့်ခရမ်းရောင်နှစ်ကွင်း ထွက်လာလေသည်။

ထို့အပြင် သူ့ရဲ့ကြီးမားလှသော မိုဓားလည်း ပေါ်လာသည်။

ယုထျန်း ရှေ့ကို လှမ်းပြီး “ဟေ့!”

သူ၏အော်သံသည် ဝက်ဝံခြောက်ကောင်စလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ထိုအသံကြောင့် ဖြူကောင်များသည် မဆိုင်းမတွပင် သူတို့ဆီသို့ပြေးလာကြလေသည်။

အကြီးသုံးကောင်က ရှေ့မှနေပြီး အသေးသုံးကောင်က နောက်မှာပြေးလာလေသည်။

ယုထျန်း၏ ဒုတိယဝိညာဥ်ကွင်း တောက်ပလာပြီး ဓားတစ်လက်ထပ်မံပေါ်လာသည်။ ၎င်းသည် သူ၏ဒုတိယဝိဉာဉ်စွမ်းရည်..... ဓားနှင့်တူသော ခန္ဓာကိုယ်ဖြစ်သည်။

လင်းတုံဟွေ့လည်း ယုထျန်းနှင့်အတူစတင်ခဲ့သည်။ သူ၏နေလုံးသိုင်းဝိညာဥ်ထွက်လာခဲ့သည်။ မီးလုံးများပျံတက်လာပြီး ဖြူကောင်များစီသိူ့ပျံဝင်သွားခဲ့သည်။ မီးလုံးများသည် အကောင်ကြီးများကိုဦးမတည်ပဲနောက်မှအကောင်ငယ်များကိုဦးတည်သွားခဲ့လေသည်။

ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။

Endend……