← Chapters

အခန်း (၂၁၁)

Vol. 13 Ch. 211

အခန်း (၂၁၁)

Vol. 13 Ch. 211

ဖြူကောင်အသေးလေးများသေဆုံးသွားခဲ့သည်။ ထိုအရာကဖြူကောင်ကြီးများကို ပိုဒေါသဖြစ်စေခဲ့ကြသည်။

အရှေ့ရှိ နှစ် 100 ဖြူကောင်သုံးကောင်သည် ၎င်းတို့၏ ကျောကိုတွန့်ကာ ချွန်ထက်သောဆူးများကိုလန်ရွမ်းယုတို့ဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

ထိုအချိန်တွင်လည်း ခရမ်းရောင်အလင်းတန်းသည် လန်ရွမ်းယုတို့ရှေ့မှပေါ်လာသည်။ ကြီးမားသော လျှပ်စစ်ပိုက်ကွန်တစ်ခု ဖြစ်သည်။ ဆူးများကို ထိုလျှပ်စစ်ပိုက်ကွန်မှ တားဆီးသွားပြီး ပိုက်ကွန်ကို လုံးဝဖြတ်သွားနိုင်ခြင်း မရှိခဲ့ပေ။ ယုထျန်းသည် နီးကပ်လာသော ဖြူကောင်များကို ကျယ်လောင်စွာအော်ပြီး စွမ်းအားပြည့်ဖြင့်တိုက်ခိုက်လိုက်သည်။ မို

“ဗွမ်း....ဗွမ်း...…”

ဓားချက်တစ်ချက်သာသုံးလိုက်ရသည်။

ဖြူကောင်ကြီးနှစိကောင်သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် မီးလုံးကြီးတစ်လုံးပေါ်လာကာ ကျန်ရှိနေသေးသော ဖြူကောင်ကြီးကိုထိမှန်သွားခဲ့သည်။

တိုက်ပွဲ၏ကြာချိန်တစ်ခုလုံးသည် တစ်မိနစ်ကျော်သာရှိလေသည်။

ယုထျန်း သူ့ဓားကိုပြန်သိမ်းလိုက်သည်။

ဖြူကောင်ခြောက်ကောင်သေဆုံးပြီးနောက်တွင် အဖြူရောင်အလင်းများသည် ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ကျလာပြီး လူခြောက်ယောက်ဆီသို့ အညီအမျှပျံသန်းဝင်ရောက်သွားခဲ့သည်။

ယုထျန်းက နောက်သို့ လှည့်၍ လန်ရွမ်းယု ကို ကြည့်နေဆဲ....

‘မင်းတို့ ဒီမှာရှိနေတာ ဘာအကျိုးရှိလို့လဲ’

ဟု မေးနေသကဲ့သို့ဖြစ်သည်။

သူတို့သည် နှစ် 100 နှင့် 10 နှစ် ဝိညာဉ်သားရဲ ၆ကောင်ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

လန်ရွမ်းယုသည် ပင်းထျန်းလိန်ကို ကြည့်လိုက်သည်။

“နောက်ဆက်တွဲ တိုက်ပွဲမှာ ဒီလိုပဲဖြစ်မယ်ဆိုရင်တော့၊ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီမှာပဲ အဆုံးသတ်သင့်တယ်လို့ ငါထင်တယ်။”

“မင်းဘာကိုဆိုလိုတာလဲ?”

လန်ရွမ်းယုက သူ့နှင့်မဝေးသော လင်းတုံဟွေ့ နှင့် ယုထျန်းကိုလက်ညှိုးထိုးကာ

“ဒါက ငါ့အမိန့်ကို နာခံနေတာလား။ ငါဘာပြောရသေးလို့လဲ”

ပင်းထျန်းလိန် က

“ပေါ်လာတဲ့ ဝိညာဉ်သားရဲတွေက မသန်မာဘူး၊ ငါတို့က သူတို့ကို ချက်ချင်းသတ်နိုင်တာပဲ။ အမိန့်ပေးစရာ မလိုဘူးလာလို့”

လန်ရွမ်းယုက

“ငါက ဆင်ခြင်တုံတရားမဲ့ပြီး မင်းတို့ကို ရန်စဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ မင်းထင်နေတာလား။”

“မင်း မဟုတ်လို့လား?”

လင်းတုံဟွေ့ နှင့် ယုထျန်းတို့ လျှောက်လာရင်း ပြောလိုက်သည်။

ထိုအခါ လန်ရွမ်းယု ခေါင်းညိတ်ပြီး

“ကောင်းပြီ ဒါဆို မင်းတို့ကို မေးခွန်းလေးတွေ မေးပါရစေ။ ပထမဦးဆုံး ငါကိုဒီအဖွဲ့ဦးဆောင်ဖို့ သဘောတူထားတယ် ဟုတ်တယ်မလား။ ဒါပေမယ့် အခုပဲ ဒီတိုက်ပွဲမှာ ဘယ်သူက ငါပြောတာကိုစောင့်လဲ “

“ဘယ်သူမှမစောင့်ဘူး။ ငါပြောတာကို မစောင့်ဘဲ မင်းတို့ ချက်ခြင်းပဲ သွားတိုက်တယ်။ ပီးတော့ အခုငါတို့ တောအုပ်အပြင်ဘက်မှာနေနေတာကို ပင်းထျန်လိန်ရဲ့အကြံကိုမလုပ်ချင်လို့လို့ထင်နေကြတယ်.... ဒါကြောင့်လည်း မင်းတို့ကောင်တွေက ငါတို့ကိုကိုယ့်နေရာကိုယ်သိဖို့ ပေါ်လာတဲ့ ဝိညာဉ်သားရဲတွေကို သတ်ပစ်ဖို့ သွားကြတာမလား။

“ကောင်းပြီ၊ ဒါဆို ဒိတောစပ်မှာ ဘာလို့ငါခဏနေချင်တာလဲဆိုတာ မင်းတို့ကို ငါရှင်းပြမယ်။ အခုငါတို့က ဘယ်နေရာမှာ ရှိနေတာလဲ သေချာမသိဘူး......အဲ့တာကြောင့် ငါတို့သေချာလေ့လာဖို့လိုတယ်...... ဝိညာဉ်သားရဲတွေရဲ့အင်အားကို အဂင်ဦးဆုံးစစ်ဆေးသင့်တယ်။ ရန်သူကို ပေါ့ပေါ့တန်တန်သဘောထားရင် ငါတို့ တစ်ဖွဲ့လုံး နောက်ဘဝကူးသွားမယ် “

“ပြီးတော့ မင်းတို့ ငါ့အမိန့်ကို နားမထောင်ဘဲ သွားတိုက်ခိုက်တာ မလိုအပ်တဲ့ စွမ်းအင်ကို သုံးစွဲစေတယ်။ ယုထျန်း ငါမေးပါရစေ၊ အဲဒီ့ဓားချက်အတွက် မင်း ဝိညာဉ်စွမ်းအား ဘယ်လောက်သုံးခဲ့လဲ။ မင်းမှာ ဝိညာဥ်စွမ်းအား ဘယ်လောက်ကျန်သေးလဲ။”

“ အနည်းဆုံး 70 % ကျန်သေးတယ်” ယုထျန်း ပြောလိုက်သည်။

လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။

“ဆိုလိုတာက ဒီလိုမျိုး သေးငယ်တဲ့သားရဲ ကိုရင်ဆိုင်ရတာတောင် မင်းရဲ့စွမ်းအားရဲ့ 30% ကို သုံးခဲ့တာလို့ ဆိုလိုတာပဲ။ အဲ့တာက လိုအပ်လား။ ငါတို့ ခြောက်ယောက်လုံး အတူတူ တိုက်ရင် ဘာဖြစ်မလဲ။ အများဆုံး 10% ပဲသုံးရမယ်။ ငါတို့ရောက်နေတာ အန္တရာယ်ရှိတဲ့တောနော်..... ငါတို့ရဲ့စွမ်းအားကို အပြည့်အ၀ ထိန်းသိမ်းထားဖို့ အမြဲကြိုးစားရမယ်။ လိုအပ်တဲ့အခါမှပဲ သုံးသင့်တယ်။ လင်းတုံဟွေ့ မင်းလည်း 20% လောက်သုံးလိုက်တယ်မလား။ ကျွန်ုပ်တို့တွင် Soul Core မရှိသောကြောင့် အမြန်ပြန်ကောင်းလာနိုင်မည်မဟုတ်ပါ။ မင်းတို့နှစ်ယောက်လုံးရဲ့ မဆင်မခြင် ပြုမူမှုက အဖွဲ့တစ်ခုလုံးကို အရှိန်နှောင့်နှေးစေတယ်။ အခု မင်းတို့စွမ်းအားပြန်ဖြည့်တာကိုငါတို့စောင့်ရတော့မယ်”

လန်ရွမ်းယု၏ စကားများကို နားထောင်ပြီး

ပင်းထျန်းလိန်.... ......ယုထျန်းနှင့်လင်းတုံဟွေ့တို့ တုန်လှုပ်သွားကြသည်။ သူပြောတာက အဓိပ္ပာယ်ရှိတယ်ဆိုတာ ဝန်ခံရပေမည်.....

ပင်ထျန်းလိန်တစ်ခဏငြိမ်သက်သွားပြီး လန်ရွမ်းယုအား

“တောင်းပန်ပါတယ် အဲဒါ ငါတို့အမှားပါ။အခုကစပြီး မင်းရဲ့ညွှန်ကြားချက်တွေကို ငါတို့ နားထောင်ပါမယ်။ ယုထျန်း....လင်းတုံဟွေ့...မင်းတို့ သူ့စကား နားထောင်ကြ....”

ယုထျန်း နှင့် လင်းတုံဟွေ့ တို့သည် စိတ်ထဲတွင် အနည်းငယ် မယုံကြည်ကြသေးသော်လည်း အဆုံးတွင် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

မိနစ် 20 ပြည့်ပြီးနောက်တွင် လင်းတုံဟွေ့နှင့်ယုထျန်းတို့ စွမ်းအားများပြန်ပြည့်လာကြသည်။

Endenx……

All Chapters