အခန်း (၂၁၂+၂၁၃)
Vol. 13 Ch. 212+213
လန်ရွမ်းယုသည်အစီစဥ်များကိုတွေးရင်းငြိမ်သက်နေခဲ့သည်။
“ငါတို့စထွက်မလား”
ပင်းထျန်းလိန်က လန်ရွမ်းယု ကိုကြည့်ကာ မေးလိုက်သည်။
“ငါတို့ခဏနေပြီး စမ်းသပ်မှုတစ်ခုလုပ်ရအောင်” “တကယ်တော့ ငါက ပံ့ပိုးဝိညာဥ်မာစတာပဲ”
“ပံ့ပိုးအမျိုးအစား?”
ယုထျန်း က သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ လန်ရွမ်းယုရဲ့စွမ်းအားနဲ့ သူကဘယ်လို ပံ့ပိုးဝိဉာဉ်မာစတာဖြစ်နိုင်မှာလဲ။
လန်ရွမ်းယု ပြုံးလိုက်သည်။
“ငါတို့ကြိုးစားပီးရင် မင်းသိလာလိမ့်မယ်။ လင်းတုံဟွေ့နဲ့ ယုထျန်းနဲ့အရင်စမယ်”
လန်ရွမ်းယု ရွှေရောင်ငွေပြာမြက်နွယ်ပင်ဖြင့် ယုထျန်း၏ခါးကိုရစ်ပတ်လိုက်သည်။
ယုထျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
ယုထျန်းသည် သူ၏အရိုးများအတွင်းမှ စူးရှသော အငွေ့အသက်များ ရုတ်ချည်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးလည်းတက်ကြွလာလေသည်။ သူ့လက်ကို မြှောက်လိုက်ပြီး မိုဓားကို ဆင့်ခေါ်လိုက်သည်။ သူသည် ထိုနေရာ၌ ရပ်နေရုံဖြစ်သော်လည်း လောကကြီးတစ်ခုလုံး၏ ဘုရင်တစ်ပါးဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။၎င်း၏ဓားစွမ်းအားကို စမ်းသပ်ရန် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးကိုပင် ရှာဖွေလိုနေခဲ့သည်။
ထို့နောက် လန်ရွမ်းယုသည် သူ့ဘယ်လက်ကို မြှောက်လိုက်ပြီးလင်းတုံဟွေ့ကို ငွေရောင်ငွေပြာမြက်နွယ်ပင်ဖြင့်ရစ်ပတ်လိုက်သည်။ ငွေရောင်ငွေပြာမြက်နွယ်သည် အနီရောင်ဖျော့ဖျော့အလငလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
လင်းတုံဟွေ့ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ၏သိုင်းဝိဥာဉ်ကို ထုတ်လိုက်ရာ ပုံမှန်ထက် နှစ်ဆခန့်ကြီးမားနေသော နေလုံးကြီးပေါ်လာလေသည်။
“မိုက်တယ်!” ယုထျန်းအော်လိုက်သည်။
ထို့နောက်လန်ရွမ်းယုနွယ်များကိုပြန်သိမ်းလိုက်သည်။
လင်းတုံဟွေ့ သည် ပင်းထျန်းလိန် ကို လှည့်ကြည့်လိုက်သည်။
“သူ့ရဲ့ပံ့ပိုးမှု က အရမ်းပြင်းတယ်။ ငါ့ရဲ့ စွမ်းအားကို 50% အထိ တိုးလာတယ်လို့ ခံစားရတယ်။”
ပင်းထျန်းလိန်သည် လန်ရွမ်းယုအား ပံ့ပိုးဝိညာဥ်မာစတာဟုမယုံနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏လေးခုမြောက်ဝိညာဥ်စွမ်းရည်ကို လန်ရွမ်းယုက ခုခံပြသွားသောကြောင့်ဖြစ်သည်။ ထိုမှတစ်ဆင့် လန်ရွမ်းယု၏ခွန်အားကိုသူခန့်မှန်းမိလေသည်။ လေးကွင်းရှိသောသူ့နီးနီးပင်ခွန်အားကြီးလေသည်။
သို့သော် ယခု လင်းတုံဟွေ့နဲ့ ယုထျန်းက လန်ရွမ်းယုအား ပံ့ပိုးဝိညာဥ်မာစတာဖြစ်ကြောင်းသက်သေခံနေလေသည်။
“ငါ့ကိုစမ်းကြည့်ပါ”
ပင်းထျန်းလိန်ပြောလိုက်သည်။
ရွမ်းယုသည် ငွေရောင်ငွေပြာမြက်ဖြင့်ရစ်ပတ်လိုက်သည်။ အဘယ့်ကြောင့်ဆိူသော် လျှုပ်စီးသည်ဒြပ်စင်တစ်ခုဖြစ်သောကြောင့်ဖြစ်လေသည်။ ပင်းထျန်းလိန်သည် သူ၏ ခွန်အားနှင့် လျှပ်စီးကြောင်းများ တိုးလာမှုကို ရှင်းရှင်းလင်းလင်း ခံစားရခဲ့သည်။
လန်ရွမ်းယုသည် ရွှေရောင်ငွေပြာမြက်ပင်ဖြင့် စမ်းကြည့်ခဲ့သေးသည်။ သို့သော် အကျိုးသက်ရောက်မှုသည် ထင်ထင်ရှားရှားမရှိပေ။
ထို့ကြောင့် သူသည် ငွေရောင်ငွေပြာမြက်နှင့်စွမ်းအားမြှင့်တင်ခြင်းက ပိုသင့်တော်သည်။
ပင်းထျန်းလိန်တို့အဖွဲ့၏ ရွမ်းယုအပေါ်အထင်ကြီးမှုမှာ ပိုပိုတိုးလာခဲ့သည်။
“သွားရအောင်”
အဖွဲ့တစ်ခုလုံး စတင်ထွက်ခွာလာကြသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့သည် တကယ့်အသင်းတစ်သင်းဖြစ်လာပုံရခဲ့သည်။
ရွမ်းယု သည် ယခင်ကဖြူကောင်ခြောက်ကောင်ကို သတ်ခြင်းမှရလာသော စွမ်းအင်မှာ ၎င်း၏ အတွင်းရှိ ရွှေငွေစွမ်းအားများကို ပိုမိုတောက်ပလာစေပြီး သူ၏သွေးသားစွမ်းအားများအား သိသိသာသာ အားကောင်းလာစေကြောင်းသတိထားမိလိုက်သည်။
ထို့နောက် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။ သူ့အသွေးသားများက သူ့ကိုဝိညာဥ်ကွင်းထုတ်ပေးခြင်းလား.... သူ့သွေးသားတွေက သူ့ကို ဝိညာဥ်ကွင်း ပေးခဲ့တာလား....
၎င်းတို့သည် လမ်းတစ်လျှောက်တွင် ဝိညာဉ်သားရဲမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ လန်ရွမ်းယုအစီအစဥ်များအောက်တွင် ဝိညာဉ်သားရဲများကို လျင်မြန်စွာ သတ်ပစ်နိုင်ခဲ့သည်။
ပင်းထျန်းလိန်ဝင်ပါစရာမလိုသလို ချန်းလိန်မှာလည်းဘာမှဆင့်ခေါ်စရာမလိုပေ။
၎င်းတို့သည် နှစ် 1,000 ဝိညာဉ်သားရဲနှင့် ပထမဆုံးကြုံတွေ့ခဲ့ရသည်။
“နှစ် ၁၀၀၀ သစ်ပင်နတ်ဆိုး! သတိထားပါ၊ အပြောင်းအလဲဖြစ်နိုင်တယ်။”
လျိုဖိန်က သတိစပေးလေသည်။ သူသည်ထိုသားရဲကိုပထမဆုံးမြင်သူဖြစ်သည်။
သစ်ပင်နတ်ဆိုး? နှစ် 1,000 လား?
“ယုထျန်း....လင်းတုံဟွေ့ကိုကူညီပါ၊ လင်းတုံဟွေ့က မီးစွမ်းအားနဲ့ အဓိက ချေမှုန်းရေးအဖြစ် တာဝန်ယူရမယ်။ ချန်းလိန် ခေါ်ယူခြင်းတံခါးထုတ်..... ပင်းထျန်လိန်တစ်ခုခုဖြစ်ရင် ကူညီဖို့ ပြင်ဆင်ထားပါ။ သွားကြရအောင်။”
ရှေ့တွင် သစ်ပင်နတ်ဆိုးသားရဲကြီးပေါ်လာခဲ့သည်။
“ခြေထောက်မရသေးတဲ့အတွက် နှစ် ၃၀၀၀ အောက် ပဲ”
ရွမ်းယုအော်လိုက်လေသည်။
“ယုထျန်း ပြင်ဆင်ထားပါ။ မင်းက လင်းတုံဟွေ့ကို ကာကွယ်ဖို့ပဲလိုတယ်။ အခြားအရာအားလုံးကို လျစ်လျူရှုထားပါ။ လင်းတုံဟွေ့ မင်းရဲ့တိုက်ခိုက်မှုကို မီးလုံးနဲ့စပါ။သစ်ပင်က မီးကြောက်တယ်......”
လင်းတုံဟွေ့ ခေါင်းညိတ်လိုက်သည်။
နှစ် ၁,၀၀၀ သက်တမ်းရှိ သစ်ပင်နတ်ဆိုးထံသို့ တန်းတန်းမတ်မတ် မီးလုံးတစ်ခုကို လွှတ်တင်လိုက်သည်။ ငွေရောင်ငွေပြာမြက်နွယ်တစ်ခုက သူ့ခါးတွင်ရစ်ပတ်ထားလေသည်။ ထို့ကြောင့်မီးအားမှာပုံမှန်ထက်ပိုပြင်းလေသည်။
Endend……