အခန်း (၂၁၄)
Vol. 13 Ch. 214
ချက်ချင်းဆိုသလိုပင် အကိုင်း(၁၀)ခုကျော်မီးလောင်သွားခဲ့သည်။
“ဗွမ်း....!” ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးလုံးကြီး ပေါက်ကွဲပြီး နေရာအနှံ့ မီးပွားများ ပြန့်ကျဲသွားသည်။ သစ်ပင်နတ်ဆိုး၏ အကိုင်းအခက်များသည် မြင့်မားသော အပူချိန်အောက်တွင် ပြာများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
အကိုင်းအခက်များသည် သစ်ပင်နတ်ဆိုး ကိုယ်ခန္ဓာ၏တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် သစ်ပင်နတ်ဆိုးထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်လာစေသည်။ ချက်ချင်းပင် နွယ်ပင်ပေါင်း တစ်ရာကျော်သည် ထွက်လာပြီး လန်ရွမ်းယုတို့ အဖွဲ့ကိုရစ်ပတ်ရန်ကြိုးစားလေသည်။
မီးလုံးများ ဆက်လက်ထွက်လာကာ သစ်ပင်နတ်ဆိုးကိုတိုက်ခိုက်နေလေသည်။
လင်းတုံဟွေ့၏ ခန္ဓာကိုယ်သို့ရစ်ပတ်ရန်ကြိုးစားနေသောနွယ်များကို ယုထျန်း၏ မိုဓားက ခုတ်ထစ်ပစ်လိုက်သည်။
ထို့နောက်ငွေရောင်ငွေပြမြက်များ ရစ်ပတ်ထားသည့် ဆင့်ခေါ်ခြင်းတံခါးပွင့်လာခဲ့သည်။
လန်ရွမ်းယုသည်ရွှေရောင်ငွေပြာမြက်ကိုသုံးနိုင်သော်လည်း သူ့စိတ်မှငွေရောင်ငွေပြာမြက်ကိုသာသုံးချင်နေခဲ့သည်။
သေးသွယ်သော ခြေသလုံးကလေးသည် တံခါးမှ စတင်ထွက်လာသည်။
“ငါတို့ဘာလို့ တောထဲထပ်ရောက်နေတာလဲ” သူမ အနည်းငယ် ထိတ်လန့်သွားသည်။
လန်ရွမ်းယုက
“မင်းရဲ့ရေခဲလှံကိုသုံးပြီးတော့နွယ်တွေကိုဖြတ်ပစ်လိုက်”
“အင်း”
တုံချင်းရုံဘာမှတွေးမနေပေ။ လန်ရွမ်းယုနှင့် မျက်လုံးချင်းဆုံလိုက်ချိန်တွင် လန်ရွမ်းယုနှင့်အတူ နှစ် တစ်သောင်း အမှောင်နတ်ဆိုး ကျားကြီးနဲ့ အတူတူ ရင်ဆိုင်ခဲ့သည်အချိန်ကိုသာ ပြန်အမှတ်ရနေခဲ့သည်။
ချင်းဂူရုံသည် သူမ၏ ညာလက်ကို မြှောက်လိုက်ပြီး နွယ်များစွာကို ဖြတ်ကျော်ကာ နှစ် 1000 သစ်ပင်နတ်ဆိုးကို တည့်တည့်ထိုးဖောက်သွားသည့် ရေခဲလှံတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
ရေခဲလှံ ပေါက်ကွဲသွားပြီး နှစ် ၁၀၀၀ သစ်ပင်နတ်ဆိုး အေးခဲသွားခဲ့သည်။
လင်းတုံဟွေ့ သည် အခွင့်အရေးကို လက်လွတ်မခံပေ။ ကြီးမားလှသောနေလုံးကြီးတစ်ခုကိုထုတ်ကာ သစ်ပင်နတ်ဆိုး၏ပင်စည်ကိုပစ်လိုက်လေသည်။ အကိုင်းအခက်များအားလုံးသည် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဗွမ်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ် ၁၀၀၀ သက်တမ်းရှိ သစ်ပင်နတ်ဆိုးသည် နောက်ဆုံးတွင်ပျောက်ကွယ်သွားပြီး အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ရွမ်းယုတို့ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ ထိုအထဲတွင် တုံချင်းရုံလည်း ပါဝင်သည်။
“ဝိညာဉ်တက်ပလပ်ဖောင်း?”
လန်ရွမ်းယု ခေါင်းညိတ်ပြီး ရယ်လိုက်သည်။
“ အင်း....ကြည့်ဦး...ကောင်းတာတွေရှိရင် မင်းကိုငါ အမြဲသတိရတယ်။ ကတိသုံးခုကအခု…”
“မင်း ငါ့ကို အကြွေးတင်နေတုန်းပဲ”
တုံချင်းရုံထိုသို့ပြောကာ ဆင့်ခေါ်ခြင်းတံခါးထဲသို့ဝင်ရောက် ပျောက်ကွယ်သွားသည်။
လန်ရွမ်းယုကတော့ သူမထွက်သွားသည်ကို ကြည့်ပြီး ရယ်မောကာ ခေါင်းယမ်းလိုက်သည်။
ပင်ထျန်းလိန် အလွန်တုန်လှုပ်သွားလေသည်။
တုံချင်းရုံနှင့် ယခင်က ပြိုင်ပွဲတွင် ရင်ဆိုင်ခဲ့ဖူးပြီး သူမအား ကောင်းကင်ဝိညာဥ်အကယ်ဒမီ ရှိ အခြားသောအဖွဲ့မှ ဖြစ်သည်ဟု ယူဆခဲ့သည်။ သူမသည် အမှန်တကယ် ဆင့်ခေါ်ခံထားရသူဟု မည်သူထင်မည်နည်း။ သူမသည် တကယ့်လူသားတစ်ဦးဖြစ်ပြီး ဝိညာဉ်သားရဲလည်းမဟုတ်ပေ။
လန်ရွမ်းယုက ပင်ထျန်းလိန်ကို ကြည့်လိုက်ကာ
“ဒါက အာကာသဥပဒေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ အရာတွေပါဝင်နေတယ်.. အဲဒါကို ငါလုံးလုံး နားမလည်သေးဘူး။ ချန်းလိန်နဲ့ ငါနဲ့ပေါင်းလိုက်ရင် သူ့ကိုခေါ်နိုင်တယ်..... ငါ့သူငယ်ချင်းက ကောင်းကင်ဘုံဂြိုလ်ကလေ”
သူ့ရှင်းပြချက်ကိုကြားပြီးနောက် ပင်းထျန်းလိန် ခေါင်းညိတ်လိုက်ပြီး ဆက်မမေးတော့ပေ...
နှစ်ပေါင်း 1,000 မှ 2,000 အထိသက်တမ်းရှိသော ဝိညာဉ်သားရဲများသည် ၎င်းတို့အတွက် တန်ဖိုးအရှိဆုံးဖြစ်သည်။
မတူညီသော ဝိညာဉ်သားရဲများနှင့် တွေ့ကြုံရသောအခါ၊ သူတို့ ခြောက်ကောင်ကြား ညှိနှိုင်းမှုက ပိုကောင်းလာသည်။ နှစ် ၁,၀၀၀ ရှိသော ဝိညာဉ်သားရဲ ၁၀ ကောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ရွမ်းယု၏ဦးဆောင်မှုများကြောင့်ပင်ဖြစ်လေသည်။ သူတို့ကြားရှိ ရန်ငြိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ အနည်းဆုံးတော့ သူတို့သည် အသက် 10 နှစ်ဝန်းကျင်အရွယ်ကလေးများအဖြစ်သာ ရှိသေးတယ်၊ အငြိူးဆိုတာကိုနားမလည်သေးပေ.....
ညအခါသို့ရောက်သောအခါ သူတို့နားလိုက်ကြသည်။
Endend…..