အခန်း (၂၁၅+၂၁၆)
Vol. 13 Ch. 215+216
ညလယ်ရောက်သောအခါ ကင်းစောင့်နေသော ယုထျန်းနှင့်လင်းတုံဟွေ့တို့ ရုတ်တရက်
“ယုထျန်း “
လင်းတုံဟွေ့၏ အသံထွက်လာသည်။
“အင်း...ဘာဖြစ်လို့လဲ?”
လင်းတုံဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“တစ်ခုခုမှားနေတယ်လို့ ငါ ခံစားရတယ်!”
“ဘာမှားလို့လဲ?” ယုထျန်းသည် ပတ်ဝန်းကျင်ကို ကြည့်ကာ တိုးတိုးပြောလိုက်သည်။
“တိတ်ဆိတ်လွန်းနေတယ်”
“ပုရစ်တွေ ငှက်သံတွေတောင် မကြားရတော့ဘူး”
ယုထျန်း ချက်ချင်းပင် ပတ်ဝန်ကျင်းကိုနားထောင်လိုက်သည်။ သူတို့၏ပတ်လည်တွင် အလွန်တိတ်ဆိတ်သွားကြောင်း သူသိလိုက်ရသည်။
ဝိညာဥ်သားရဲတောကြီးထဲတွင် ထိုသို့ဖြစ်စရာအကြောင်းမရှိပေ။
“ငါတို့ သူတို့ကိုနှိုးလိုက်ရမှာလား”
ယုထျန်းပြောလိုက်ရာ
လင်းတုံဟွေ့ ခေါင်းညိတ်လိုက်သည်။
လျိုဖိန်သည် ပထမဆုံးနိုးလာသူဖြစ်ကာ
“ဘာဖြစ်လို့လဲ?”
သူမေးခွန်းလိုက်စဥ် သူတို့ပတ်လည်တွင် ထူးထူးခြားခြား အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကြီးမားသော အကောင်ကြီးများသည် တောအုပ်အတွင်းမှ၎င်းတို့ဆီသို့ ရုတ်တရက်ပြေးလာလေသည်။
‘ဝူးးးဝူးးး’ လေတိုက်သံများ ပဲ့တင်ထပ်သွားသည်။
“ရန်သူ ရောက်လာပြီ....!”
ယုထျန်းအော်လိုက်ရာ တစ်ဖွဲ့လုံးနိုးကြားသွားကြသည်။
ရုတ်တရက် မိုဓားကို ယုထျန်း ထုတ်လွှတ်လိုက်သည်။ အနီးဆုံးရောက်လာသောအရာကြီးကို ယူထျန်းတိုက်ခိုက်လိုက်သည်။
‘ဗွမ်း’
လန်ရွမ်းယုသည် သူ၏ညာဘက်ကို မြှောက်လိုက်ပြီး ယုထျန်းခါးကိုရွှေရောင်ငွေပြာမြက်ဖြင့်ရစ်ပတ်လိုက်လေသည်။ ထို့နောက် ထိုနေရာမှ ချက်ချင်း ဆွဲထုတ်လိုက်သည်။
သစ်ပင်ကြီးများနှင့် ဆင်တူသော အနက်ရောင်အရာများစွာသည် ၎င်းတို့ကိုဝိုင်းထားလေသည်။
‘ဘာတွေဖြစ်နေတာလဲ?’
လန်ရွမ်းယုအပါအဝင် လူတိုင်း အံ့ဩသွားကြသည်။
“လင်းတုံဟွေ့ မင်းရဲ့မီးလုံးတွေနဲ့ပတ်လည်ကိုပစ်လိုက်...အလင်းရအောင် ”
လန်ရွမ်းယုစတင်အော်လိုက်သည်။
လင်းတုံဟွေ့သည် မီးလုံးများကိုပတ်ပတ်လည်လို့ပစ်လွှတ်လိုက်လေသည်။
သူတို့အားဝိုင်းထားသည်မှာ သစ်ပင်များ ဖြစ်သည်။
သစ်ပင်တစ်ထောင်ကျော်.....
“ငါတို့ဘာလုပ်ကြမလဲ?” ပင်းထျန်းလိန် သည် လန်ရွမ်းယု ဘက်သို့လှည့်ကာ စိုးရိမ်တကြီး မေးသည်။
“ဒါက တော်တော် ဆိုးတယ်။ သစ်ပင်နတ်ဆိုးတစ်ကောင်းထပ်ပေါ်တာပဲ......ဒါပေမဲ့နှစ်တစ်သောင်းအဆင့်လောက်ရှိတယ်”
နှစ် တစ်သောင်း?
အားလုံးရဲ့ မျက်နှာများ ပြောင်းလဲသွားခဲ့သည်။
“အဲဒီနေ့တုန်းက ငါတို့ သတ်ခဲ့တဲ့ နှစ် ၁၀၀၀ သစ်ပင်နတ်ဆိုးနဲ့များ ဆက်စပ်နေမလား”
ချန်းလိန်အံ့သြစွာ မေးလိုက်သည်။
“ဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုအချိန်က ဒါတွေကို အဖြေရှာရမယ့်အချိန်မဟုတ်ဘူး”
လန်ရွမ်းယုဆိုလိုက်သည်။
“ငါတို့ တိုက်ခိုက်မယ်...ဒီ နှစ် 10000 သစ်ပင်နတ်ဆိုးကိုရအောင်သတ်မယ် ....”
“နှစ် 10000 သစ်ပင်နတ်ဆိုးကိုရအောင်သတ်မယ် ”
အားလုံး ထိုစကားကိုကြားသောအခါ အံဩသွားကြသည်။
လန်ရွမ်းယုက ဆက်၍
“နှစ် 10000 သစ်ပင်နတ်ဆိုးကိုသာသတ်နိုင်ရင် ငါတို့ကွင်းတွေရဲ့သက်တမ်းတိုးတာလွယ်လိမ့်မယ်.....စမယ်”
လန်ရွမ်းယုအော်လိုက်သည်။
“သွားတော့! ပင်းထျန်းလိန်..ယုထျန်းနဲ့ လင်းတုံဟွေ့တို့ ဦးဆောင်တိုက်ကြ....ချန်းလိန် တင့်ခေါ်ဖို့အသင့်ပြင် ......လျိုဖိန်....အဖွဲ့တစ်ခုခုဖြစ်ရင် မင်းက အခြားလူတွေကိုဝင်ကူဖို့ပြင်ထား”
ဒီ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ တစ်ဖွဲ့လုံးတွင် ခေါင်းဆောင်တစ်ဦးမှာအမှန်တကယ်ပင်လိုအပ်လေသည်။
ပင်းထျန်းလိန်တို့သည် လန်ရွမ်းယု ၏ ညွှန်ကြားချက်အတိုင်း မဆိုင်းမတွ စတင်လှုပ်ရှားကြပြီး လျင်မြန်စွာ ပြေးသွားကြသည်။
ပင်းထျန်းလိန်က ရှေ့ကဦးဆောင်နေကာ လင်းတုံဟွေ့၏ ဦးခေါင်းထိပ်မှ မီးလုံးများ ထွက်ပေါ်လာသည်။ ယုထျန်း သည် သူ၏ မိုဓားကို ထုတ်ကာ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားနေပြီး နွယ်ပင်များကိုဆုတ်ဖြတ်ခဲ့သည်။
သူတို့နောက်တွင် ချန်းလိန်သည် သံချပ်ကာနဂါးတစ်ကောင်ကို ခေါ်ယူထားသော်လည်း သစ်ပင်များသည် လေပေါ်မှတိုက်ခိုက်နေသောကြောင့် အလွန်အသုံးမဝင်ပေ။
လန်ရွမ်းယုသည် ငွေပြာမြက်နွယ်ပင်နှစ်ပင်ကို ထုတ်ပြီး ယုထျန်း နှင့် လင်းတုံဟွေ့ တို့ကို မြှင့်တင်ပေးလိုက်သည်။ လျိုဖိန်ကနောက်ဆုံးမှလိုက်လာလေသည်။
ရွမ်းယုသည် တိုက်ခိုက်ရေးဗျူဟာကို စတင်စီစဉ်နေပြီဖြစ်သည်။
လူတိုင်း ရှေ့သို့ဆက်ပြေးနေကြသည်။ သစ်ပင်များမှာအဆုံးမရှိဖြစ်နေသည်။
လင်းတုံဟွေ့သည် လန်ရွမ်းယုလည်း မီးလုံးများ ဖန်တီးကာ ပစ်လွှတ်နေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
သူ့မှာ မီးစွမ်းအားလည်းရှိနေတာပဲလား.......
ပင်းထျန်းလိန်တို့အဖွဲ့တွင် ဤအတွေးပေါ်လာခဲ့သော်လည်း ယခုအချိန်တွင် နောက်ထပ်စဉ်းစားရန်အချိန်မရှိပေ။
“လန်ရွမ်းယု ငါတို့ ဆက်ပြီးပြေးမှာလား။ သစ်ပင်တွေက အဆုံးမရှိသလိုပဲ!”
လင်းတုံဟွေ့က လှည့်ပြီး မေးသည်။
လန်ရွမ်းယု က
“ဆက်သွားပါ၊ အဆုံးရှိတယ်။ သစ်ပင်နတ်ဆိုးကအဆုံးမှာပဲ..... ရုတ်တရက်လည်းဝင်တိုက်ခိုက်နိုင်တယ်.....သတိမလွတ်စေနဲ့…”
Endend……