Chapters

အခန်း (၁၉၈)

Vol. 13 Ch. 198

အခန်း (၁၉၈)

Vol. 13 Ch. 198

“တုံဟွေ!”

ပင်ထျန်းလိန် အော်နေပေမယ့် အရမ်းနောက်ကျသွားပြီဖြစ်သည်။

ထို့နောက် နေရာတစ်ခုလုံးကိုရေခဲမြူများဖူံးသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ပင်းထျန်းလိန်၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ထိုနေရာသိုပြေးသွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူဘေးတွင်ရပ်နေခိုင်းသော နှစ်ကွင်းဝိညာဥ်မာစတာမှာသေဆုံးသွားကာအမှတ်တစ်ဝက်သည် လျိုဖိန်၏ခန္တာကိုယ်အတွင်းသို့ဝင်ရောက်သွားသောကြောင့်ဖြစ်သည်။

ရောက်လာသော ပင်းထျန်းလိန်ကိုကြည့်ရင် လျိုဖိန်ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာနေသော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခုရှိနေခဲ့သည်။ ခရမ်းရောင်လျှုပ်စီးများစွာက လျိုဖိန်

၏ဖျက်စီးလိုက်သော်လည်း လျိူဖိန်မှာသူလုပ်စရာရှိသည်များကို ပြီးမြောက်ခဲ့သည်။

တုံချင်းရုံသည် ရေခဲမြူများနှင်ပတ်ဝန်ကျင်ကိုဖုံးလွှမ်းလိုက်စဥ် လျိူဖိန်သည် တိုက်ပွဲတွင်ဝင်မပါသော ထိုနှစ်ကွင်းဝိညာဥ်မာစတာကိုသတ်ခဲ့လေသည်။ ထိုလူမှာသူတို့အသင်း၏နောက်ဆုံးလူဖြစိသောကြောင့် ထိုအဖွဲ့၏အမှတ်တစ်ဝက်ကိုလျိူဖိန်ရသွားခဲ့လေသည်။

သေရကျိုးနပ်ခဲ့တယ်!

“ခွေးကောင်!”

ယုထျန်း ဒေါသထွက်လွန်းသောကြောင့် မျက်လုံးတွေ နီရဲလာသည်။ ချင်းဂူရုံသည်လည်း အချိန်ပြည့်ကာပျောက်သွားပြီဖြစ်သည်။ ထိုနေရာတွင် မုထျန်း...ပင်းထျန်းလိန်နှင့် လန်ရွမ်းယုတို့သာကျန်ခဲ့လေသည်။

မုထျန်းသည် သူ့ရဲ့ မိုဓားကို မြှောက်လိုက်ပြီး လန်ရွမ်းယုကို ပြေးထိုးလေသည်။

လန်ရွမ်ယုသည် သူ့ကိုကြည့်ရင် အပြုံးတစ်ခုပေါ်လာသည်။ နောက်ဆုံးတော့ သူ့ပန်းတိုင်ကို ရောက်လာခဲ့သည်။ အစက သူစီစဉ်ထားတာထက်ပင် ပိုကောင်းသွားပုံရသည်။

“ဇွပ်.....”

မိုဓားသည် လန်ရွမ်းယု၏ ရင်ဘတ်ကိုထိုးဖောက်သွားခဲ့သည်။

သို့သော် လန်ရွမ်းယု၏ မျက်လုံးများသည် ရုတ်တရက် အလွန်တောက်ပလာသည်။ လက်နှစ်ဖက်ကိုပူးကား နောက်ဆုံး လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည်.....

သက်တံအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်

“ဗွမ်း...”

သက်တံ့အလင်းတန်းကြီး ပေါက်ကွဲသွားခဲ့သည်။ သက်တံအလင်းကြီးသည် လန်ရွမ်းယုနှင့်မုထျန်းတို့နှစ်ဦးလုံးကို လွှမ်းသွားသည်ကို ပင်းထျန်းလိန် တွေ့လိုက်ရသည်။

ထိုနောက် လန်ရွမ်းယု၏ဘေးတွင် လဲကျနေသော သေလုမြောပါးရွှေပိုးမျောက်ဝံသည်လည်း ထိုသက်တံအလင်းတန်းထဲတွင် ရုတ်တရက်ရောက်သွားခဲ့သည်။

လန်ရွမ်းယုလည်း ပျောက်ကွယ်သွားခဲ့သည်။ ယုထျန်း လည်း ထိုကဲသို့ပင်......

ပင်းထျန်းလိန် တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

ပင်ထျန်းလိန် သည် ကြောင်တက်တက်ဖြင့် ထိုနေရာတွင် ရပ်နေသည်။

ဒါက ဘယ်လိုဖြစ်သွားတာလဲ....

ဒါက ဘယ်လိုဖြစ်တာလဲ....

လူကိုးယောက် ....သူ့တို့ စုစုပေါင်း ကိုးယောက်ရှိသည်။ သို့သော်အခူတော့သူတစ်ယောက်သာကျန်တော့သည်။ သူတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ တစ်ဖက်တွင် လန်ရွမ်းယုတို့မှာ လူသုံးဦးသာ......

ခဏနေပါဦး!

ပင်းထျန်းလိန်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကြသည်။

သူလွတ်သွားတယ်မလား.. ?

ပင်းထျန်းလိန်အရာတစ်ခုကို ရုတ်တရက် သိလိုက်ရသည်။ လန်ရွမ်းယု ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက်မှာ နောက်ထပ်လူတစ်ယောက် ပေါ်လာခဲ့တယ်... ဖက်တီးတစ်ကောင်..... ဒါပေမယ့် ခဏတာ ပေါ်လာပြီးနောက် ပျောက်သွားခဲ့တယ်.....

ထို့နောက် တုံချင်းရုံ ပေါ်လာခဲ့သည်။

ဟုတ်တယ်... လူတစ်ယောက်ရှိသေးတယ်...

ဖက်တီးတစ်ကောင်ရှိသေးတယ်.....

“အားးးး” ပင်ထျန်းလိန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ ယခု ချန်းလိန် ကို ဘယ်သွားရှာမည်နည်း.....

…………

သတ္ထုပြွန်ကြီး ဖြည်းညှင်းစွာပွင့်လာသည်။

လန်ရွမ်းယုထွက်လာခဲ့သည်။

လျိုဖိန်မှာအပြင်တွင်စောင့်နေခဲ့သည်။

ယုထျန်းကိုသတ်ရန်နောက်ဆုံးအခိုက်အတန့်တွင် သူသည် ဝိညာဥ်ပေါင်းစပ်စွမ်းရည်ကိုအသုံးပြုခဲ့သော်လည်း သူသည်အဆင့်၁၉သို့ကျသွားခဲ့ခြင်းမရှိပေ....အဆင့်၂၀တွင်သာရှိလေသည်။

Endend……