← Chapters

ပုံစံလက်သီး ၁၂ မျိုး။ အားပြင်းသော သွေးဆေး (၃)

Vol. 13 Ch. 182

ပုံစံလက်သီး ၁၂ မျိုး။ အားပြင်းသော သွေးဆေး (၃)

Vol. 13 Ch. 182

စူးချန်ခုန်း ချီသွေးဝံပုလွေမြူ နယ်ပယ်သို့ ရောက်ပြီးနောက် သူ၏ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ အလားအလာမှာ သိပ်မများလှပေ။ သူ့ကိုယ်သူ သန်မာအောင် ကြံဆရမည်။

သိုင်းပညာနယ်ပယ်တွင် သွေးအားကောင်းဆေးသုံးလုံးဖြင့် အချိန်တိုအတွင်း ချီသွေးပြောင်းလဲခြင်းအဆင့်လေးကို ရရှိရန်မှာ အကန့်အသတ်ရှိပြီးသားပင်။

“အဲဒီလိုဆိုမှတော့… သိုင်းပညာစွမ်းရည်နဲ့ စမယ်။”

စူးချန်ခုန်း သူ့ကိုယ်သူ တွေးနေမိသည်။

သိုင်းပညာစွမ်းရည်များ တည်ရှိနေခြင်းသည် သန်မာသူများအား ပိုမိုသန်မာစေရန်နှင့် အားနည်းသူများကို အားကောင်းသူများအား အနိုင်ယူနိုင်စေရန် ဖြစ်သည်။

စူးချန်ခုန်း၏ လက်သီးနည်းပညာနှင့် ဓားသွားနည်းပညာသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး တူညီသော ချီသွေးနယ်ပယ်တွင် အဆင့်တူများကို အလွယ်တကူ သတ်နိုင်သည်။

သို့ပေမယ့် ပြောရတာလွယ်သလောက် လုပ်ရခက်သည်။ စူးချန်ခုန်းသည် ဝူချင်းရှီကို ဝီရိယရှိရှိ လေ့ကျင့်ခဲ့သော်လည်း ဤအဆင့်သို့ အရည်အချင်းရှိရှိနှင့် အဆင့်တက်နိုင်ရန်မှာ နေ့ချင်းညချင်း လုပ်ဆောင်နိုင်သည့်အရာမဟုတ်ကြောင်း သူသိပါ၏။

သံဖြတ်ဓားနည်းပညာသည် လွန်ခဲ့သော နှစ်လခန့်က အဌမအဆင့်သို့ ရောက်ရှိခဲ့သည်။

"စိတ်ကူးဉာဏ်အသစ်ရအောင် တခြားသိုင်းပညာ လျှို့ဝှက်လက်စွဲတွေကို လိုက်ရှာကြည့်ရမယ်။ မနက်ဖြန်မနက်ကျရင် စစ်ခုန်းမိသားစု စုဆောင်းထားတဲ့ ရှေးဟောင်း သိုင်းပညာကျမ်းတွေကို သွားကြည့်မယ်။"

စူးချန်ခုန်းလည်း အခြားသော သိုင်းပညာ လျှို့ဝှက်လက်စွဲများကို လေ့လာရန် တွေးတောခဲ့သည်။ အားလုံးကို လေ့ကျင့်ရန် မလိုအပ်ပါ။ သိုင်းပညာကို ပိုမိုဖတ်ရှုလေ့လာပြီး မိမိ၏ နားလည်မှုနှင့် အသိပညာကို တိုးပွားစေကာ ၎င်းတို့ကို နှိုင်းယှဉ်လေ့လာပြီး တိုးတက်အောင်လုပ်ပါက အသိအမြင်များ ရလာမည်မှာ ဧကန်မလွဲပင်။

ညတာသည် အေးချမ်းစွာ ကုန်ဆုံးသွားပြီး စူးချန်ခုန်းသည် သွေးအားကောင်းဆေးကို စုပ်ယူနေခဲ့သည်။

နောက်တစ်နေ့မနက်တွင် စူးချန်ခုန်းသည် ၀တ်စားဆင်ယင်ပြီး လီထိုက်လေ့အသွင်နှင့် သူ၏တောင်းဆိုချက်ကို ရှင်းပြရန် စစ်ခုန်းဟွမ်ကို လိုက်ရှာခဲ့သည်။

"သိုင်းပညာ လျှို့ဝှက်ချက်လက်စွဲတွေကို လေ့လာချင်လို့လား။ ရတာပေါ့။ အစ်မတို့ရဲ့ စစ်ခုန်းမိသားစုမှာ ဧရာမဝေလငါးဂိုဏ်းရဲ့ ရွယ်ဝူအဆောက်အဦးထဲ လျှို့ဝှက်လက်စွဲစာအုပ်မိတ္တူအားလုံး ရှိတယ်။"

စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ တောင်းဆိုချက်ကို ချက်ချင်း သဘောတူလိုက်သည်။ မုန့်စန်းသည် မည်သည့်အချိန်တွင် လှုပ်ရှားမည်မှန်း မသိသောကြောင့် စူးချန်ခုန်း၏ စွမ်းရည်များကို အတတ်နိုင်ဆုံး အားကောင်းအောင် ပြုလုပ်ဖို့ အရေးကြီးသည်။

စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏နောက်မှလိုက်၍ အဆင့်တိုင်းတွင် အစောင့်အကြပ်များ ထူထပ်စွာ စောင့်ကြပ်ထားသော စစ်ခုန်းမိသားစု၏ စာအုပ်စုစည်းရာမဏ္ဍပ်ဆီသို့ ရောက်လာခဲ့သည်။

“သိုင်းပညာ လျှို့ဝှက်လက်စွဲတွေ အများကြီးပဲ!”

စာအုပ်စုဆောင်းရေးမဏ္ဍပ်အတွင်းတွင် စူးချန်ခုန်းသည် စာအုပ်စင်များနှင့် လျှို့ဝှက်လက်စွဲများကို ကြည့်ကာ သဘောကျနေမိတော့သည်။

တောနက်စီရင်စုရှိ အဓိကဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် ဧရာမဝေလငါးဂိုဏ်းသည် ရာနှင့်ချီသော သိုင်းပညာလျှို့ဝှက်လက်စွဲများ စုစည်းမှုများဖြင့် မွှေးပျံ့သော ဂုဏ်သတင်းနှင့် ကျော်ကြားသည်။

"အဲ့ဒီမှာ လက်ဝါးနည်းပညာ၊ ဓားပညာ၊ လက်သီးနည်းပညာ၊ အတွင်းစွမ်းအား၊ ကိုယ်ဖော့ပညာ ပြီးတော့ အမျိုးမျိုးပဲ.. အတွဲသုံးရာကျော်ရှိတယ်... အဲဒါတွေကို မောင်လေး အလကား ရှာဖွေကြည့်လို့ရတယ်။"

စစ်ခုန်းဟွမ်က စူးချန်ခုန်းကို စာအုပ်စုစည်းရာ အဆာက်အဦးအတွင်းရှိ အခြေအနေကို ပြောပြနေ၏။

“ဟုတ်။”

စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး ရှာဖွေကြည့်ဖို့ စိတ်အားထက်သန်နေ၏။

ဒါကိုမြင်တော့ စစ်ခုန်းဟွမ်က သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေဖို့ ခန်းမဆောင်ကနေ ထွက်လာခဲ့သည်။

ဤနေရာတွင် သိုင်းပညာ လျှို့ဝှက်လက်စွဲများ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရှိသည်။ ဧရာမဝေလငါးဂိုဏ်းတွင် ဂိုဏ်းတွင်းရှိတပည့်များသည် သိုင်းပညာကျွမ်းကျင်မှုတစ်ခု သို့မဟုတ် နှစ်ခုကို ရွေးချယ်သင်ယူခွင့်ရနိုင်သည့် အခွင့်ထူးများမရရှိမီ အောင်မြင်မှုများ ရရှိထားရန် လိုအပ်သည်။ သို့သော် အခုတော့ စူးချန်ခုန်းကို စိတ်ကြိုက် ရှာဖွေကြည့်ရှုခွင့် ပေးထားသည်။

"အတွင်းအား လျှို့ဝှက်ဆန်းကြယ်ရေအတတ်၊ ရွှေခေါင်းလောင်းကာ မာကြောခြင်းအတတ်၊ ကိုယ်ဖော့နည်းပညာ..."

သိုင်းပညာ လျှို့ဝှက်လက်စွဲများ ရွေးချယ်စရာ အမျိုးမျိုးရှိသောကြောင့် စူးချန်ခုန်း အံ့အားသင့်နေသည်။

"ငါ ဓားသွားပညာနဲ့ လက်သီးနည်းပညာတွေကို အရင်ကြည့်သင့်တယ်" စူးချန်ခုန်းက သူကျွမ်းကျင်တဲ့အရာနဲ့ စတင်ဖို့ ဆုံးဖြတ်လိုက်သည်။

"လေအဟုန် ဓါးဆယ့်နှစ်စင်း၊ သစ်ရွက်ပျံ ဓားနည်းပညာ၊ ခံစားချက်မဲ့ အာဏာရှင်ဓားသွား..."

ဓားသွားပညာလျှို့ဝှက်ချက်လက်စွဲများ မြောက်မြားစွာရှိပြီး စူးချန်ခုန်းသည် ၎င်းတို့ကို တစ်ခုပြီးတစ်ခု လှန်ကြည့်လိုက်သည်။ အများစုတွင် အဖိုးတန်သော စည်းမျဉ်းဥပဒေသများ ရှိပြီး ဤဓားသွားနည်းပညာများ၏ အဓိကအချက်အချို့က စူးချန်ခုန်း၏ သံဖြတ်ဓါးနည်းပညာ၏ အနှစ်သာရနှင့် ဆက်စပ်မှုရှိသည်။

နှစ်နာရီကျော်ကြာပြီးနောက် စူးချန်ခုန်းသည် ဓားသွားပညာလျှို့ဝှက်လက်စွဲ နှစ်ဆယ်ကျော်ကို သုံးသပ်ခဲ့ပြီး ထို့နောက်တွင် သူသည် လက်သီးပညာ လျှို့ဝှက်လက်စွဲများမှတစ်ဆင့် ရှာဖွေကြည့်ရှုခဲ့ရာ စာအုပ် သုံးဆယ်ကျော်ပင်ရှိခဲ့သည်။

"မဟာဘိုးဘွားလက်သီးရှည်၊ ကျားနိုင်လက်သီး၊ နွားရိုင်းလက်သီး…."

ဤလက်သီးနည်းပညာ လျှို့ဝှက်လက်စွဲများတွင်လည်း ထူးခြားကောင်းမွန်သော ပုံစံများစွာရှိပါ၏။ ၎င်းတို့ကို ကျွမ်းကျင်အဆင့်ထိ တတ်မြောက်ပါက သိုင်းလောကတွင် နာမည်တစ်လုံး ရနိုင်သည်။

သိုင်းပညာလေ့ကျင့်သူတွေ အဆင့်ဆင့်ရှိသလို သိုင်းပညာမှာလည်း အဆင့်သတ်မှတ်ချက်တွေရှိသည်။

စူးချန်ခုန်း၏ ကျန်းမာရေးကို ထိန်းသိမ်းသည့် လက်သီးနည်းပညာ ဝူချင်းရှီက ဧရာမဝေလငါးဂိုဏ်း၏ လက်သီးနည်းပညာများထက် ပိုအားကောင်းသည်ဟု ဆိုပါက ပြက်လုံးတစ်ခုသာ ဖြစ်ပေသည်။ သူက ဝူချင်းရှီကို အပြင်လူများ လက်လှမ်းမမီသော အဆင့်အထိ လေ့ကျင့်ခဲ့ရုံသာ။

“ဟမ်? ဒီလက်သီးနည်းပညာက…”

သူဆက်လက်ရှာဖွေနေစဉ် စူးချန်ခုန်း၏အကြည့်များက စာအုပ်အဖုံးတွင် "ချင်းယီလက်သီး" ဟု စာလုံးအကြီးဖြင့် ရေးသားထားသော အထူးလက်သီးနည်းပညာကို သတိထားမိသွားသည်။

" ချင်းယီလက်သီးတဲ့လား"

စူးချန်ခုန်းလည်း ချင်းယီလက်သီး၏ ကျော်ကြားမှုကိုလည်း ကြားဖူးပါ၏။

စိတ်နှလုံးလက်သီးဟုလည်း အမည်ရသော ချင်းယီလက်သီးသည် ပုံစံအမျိုးမျိုးနှင့် မူကွဲအမျိုးမျိုးရှိသည်။

သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့ကို အဓိကအသုံးပြုသည့် ချင်းယီလက်သီးများရှိပြီး ဒြပ်စင်ငါးခု ချင်းယီလက်သီးဟု ခေါ်သည်။ ထို့အပြင် တိရိစ္ဆာန်အမျိုးမျိုးကို တုပသည့် အခြားပုံစံများလည်းရှိပြီး သဘာဝအားဖြင့် လွန်စွာမှ လေးနက်လှသည်။

ထို့ကြောင့် စူးချန်ခုန်းသည် ဤ "ချင်းယီလက်သီး" လျှို့ဝှက်လက်စွဲစာအုပ်ကို စင်ပေါ်မှ ထုတ်ယူပြီး အဖုံးမှ စ၍ဖတ်ရှုခဲ့သည်။

ဖတ်လိုက်သည်နှင့် သူ့မျက်လုံးတွေ အရောင်တောက်လာ၏။

"ပုံစံလက်သီးဆယ့်နှစ်မျိုး၊ မဟာသိုင်းပညာရှင်ကြီးတစ်ယောက်သည် ဤလက်တွေ့ကျသော တိုက်ခိုက်ရေး နည်းပညာများကို ဖန်တီးရန် မတူညီသော တိရစ္ဆာန် ဆယ့်နှစ်ကောင်၏ စရိုက်လက္ခဏာများပေါ် အခြေခံ၍ ၎င်းတို့ကို တုပခဲ့သည်။ ဤတိရစ္ဆာန်ဆယ့်နှစ်ကောင်မှာ နဂါးပုံစံ၊ ကျားပုံစံ၊ ဝက်ဝံပုံစံ၊ မြွေပုံစံ၊ သမင်ပုံစံ၊ မျောက်ပုံစံ၊ မြင်းပုံစံ၊ ကြက်ပုံစံ၊ ပျံလွှားပုံစံ၊ မိကျောင်းပုံစံ၊ သိမ်းကြက်မပုံစံနှင့် လင်းယုန်ငှက်ပုံစံတို့ ဖြစ်သည်။"

နိဒါန်းကို လေ့လာလိုက်သည်နှင့် စူးချန်ခုန်း ဖတ်လေလေ ပိုပိုပြီး စိတ်လှုပ်ရှားလာလေလေပင်။

'သက်ရှိသတ္တဝါအပေါင်းတို့၏ဝိညာဉ်' ဟု ဆိုကြသော လူသားများသည် တိရစ္ဆာန်များစွာက လူသားများထက် သာလွန်သောကြောင်း အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များတွင် တွေ့ရခဲသော သဘာဝ၏အံ့ဖွယ်များကို တွေ့ရှိခဲ့သည်။

သစ်ကျုတ်၏ သွက်လက်မှု၊ ငှက်များ၏ ပျံသန်းနိုင်စွမ်း၊ ဝက်ဝံ၏ ခွန်အား... အားလုံးသည် လူသားများထက် အခြေခံအားဖြင့် သာလွန်သည်။ သိုင်းပညာကို လေ့ကျင့်ခြင်းသည် အသစ်တစ်ဖန် ပြန်လည် ‌မွေးဖွားပြီးနောက် လေ့ကျင့်မှုမှတစ်ဆင့် ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ကိုယ်ခံစွမ်းအားကို ဖွင့်လှစ်ခြင်းဖြစ်သည်။

သိုင်းပညာရှင်အများအပြားသည် စိတ်ကူးဉာဏ်ကွန့်မြူးဖို့အတွက် တိရစ္ဆာန်များကို တုပကြသည်။ ၎င်းတို့ထံမှ အားသာချက်များကို ဆွဲထုတ်ကာ သိုင်းပညာစွမ်းရည်များကို ဖန်တီးကြမည်ပင်။

ဥပမာအားဖြင့် ဝူချင်းရှီသည် ကျန်းမာရေးနှင့် အသက်ရှည်စေရန်အတွက် ကျား၊ သမင်၊ ဝက်ဝံ၊ မျောက်နှင့် ငှက်တို့၏ လှုပ်ရှားမှုများကို တုပထားသည်။

စူးချန်ခုန်းရဲ့လက်ထဲက ဒီချင်းယီလက်သီးပညာကိုလည်း တိရိစ္ဆာန်များကို လေ့လာခြင်းကနေ စိတ်ကူးနဲ့ ဖန်တီးထားတာဖြစ်သည်။

ကျန်းမာရေး ထိန်းသိမ်းရန်အတွက် အသုံးပြုသည့် ဝူချင်းရှီနှင့်မတူဘဲ ချင်းယီလက်သီးသည် တိုက်ခိုက်ရေးနှင့် တိုက်ပွဲအတွက် ရည်ရွယ်သည်။

All Chapters