ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှချီသွေးဝံပုလွေမြူနယ်ပယ်သို့။ (၁)
Vol. 13 Ch. 183
" လက်သီးနည်းပညာနှစ်မျိုးလုံးကို တိရစ္ဆာန်တွေရဲ့ စရိုက်လက္ခဏာတွေအပေါ် အခြေခံပြီး ဖန်တီးထားပေမယ့် သူတို့ရဲ့ သဘာဝတွေက လုံးဝ ကွဲပြားတယ်။ တစ်မျိုးက ကျန်းမာရေးအတွက်ဖြစ်ပြီး နောက်တစ်မျိုးက တကယ့်တိုက်ပွဲအတွက်။ ဒါပေမယ့် တူညီတဲ့ မူလအရင်းအမြစ်က လာတာတော့ ဆင်တူတာတွေ ရှိရမယ်။ ချင်းယီလက်သီးက… ငါ့ကို လှုံ့ဆော်မှုတစ်ခု ပေးနိုင်လောက်တယ်။"
ချင်းယီလက်သီးနည်းပညာ၏ နိဒါန်းကို လှန်ကြည့်ရင်း စူးချန်ခုန်း၏ မျက်လုံးများ ပိုမိုတောက်ပလာပြီး ဤလက်သီးနည်းစနစ်ကို သေချာလေ့လာရန် ဆုံးဖြတ်လိုက်သည်။
"အာ့ကျယ်၊ ဒီလျှို့ဝှက်လက်စွဲစာအုပ်ကို လေ့လာဖို့ ယူသွားလို့ရမလား"
(အာ့ကျယ်=ဒုတိယအစ်မ၊ ဒီအပိုင်းကစပြီး အာ့ကျယ်လို့ သုံးသွားမယ်နော်။ မြန်မာလို ဒုတိယအစ်မဆိုရင် ဖတ်ရတာ ထောက်နေမလားလို့။ Chinese flow လေးအတိုင်းပဲသွားလိုက်ပါ့မယ်)
လက်ထဲတွင် ချင်းယီလက်သီးနည်းပညာလက်စွဲကို ကိုင်ထားရင်း စူးချန်ခုန်းက တံခါးဝသို့ ချဉ်းကပ်လာပြီး ထိုနေရာတွင် စောင့်ဆိုင်းနေသော စစ်ခုန်းဟွမ်အား ပြောလိုက်သည်။
"ချင်းယီလက်သီးလား" စစ်ခုန်းဟွမ်က စူးချန်ခုန်း ကိုင်ထားတဲ့ လျှို့ဝှက်လက်စွဲကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်ပေမယ့် ထပ်မပြောလိုက်ဘဲ မနေနိုင်ခဲ့? "ချင်းယီလက်သီးနည်းပညာက တော်တော်လေးနက်ပေမယ့် ဧရာမဝေလငါးဂိုဏ်းမှာ ထိပ်တန်းလက်သီးပညာတော့ မဟုတ်ဘူးနော်။"
ထုံးစံအတိုင်း လက်သီးနည်းပညာ မရှားသော်လည်း ဧရာမဝေလငါးဂိုဏ်းတွင် ထိုလက်သီးနည်းပညာထက် သာလွန်သော လက်သီးနည်းစနစ် အနည်းဆုံး ငါးခု ခြောက်ခု ရှိသည်။ ယခုအချိန်တွင် အချိန်နည်းနည်းဖြင့် စူးချန်ခုန်းက ဤချင်းယီလက်သီးနည်းပညာကို လေ့လာခြင်းက အမှန်တကယ် အကျိုးရှိမည်လား။
စူးချန်ခုန်းက ပြုံးပြလိုက်သည်။ "ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ကျွန်တော်နဲ့ အသင့်တော်ဆုံးဖြစ်ရင် ရပါပြီ။"
အရည်အချင်းမြင့်မားသည့် အခြားသော လက်သီးပညာများကို လေ့လာခြင်းသည် လအနည်းငယ်အတွင်း ဝူချင်းရှီထက် မကျော်လွန်နိုင်ပေ။ သို့သော် စူးချန်ခုန်းသည် ဤချင်းယီလက်သီးနည်းပညာ လမ်းညွှန်စာအုပ်ကို ထိုးထွင်းသိမြင်နိုင်ရန်နှင့် သူ၏ကိုယ်ပိုင်လက်သီးနည်းစနစ်ကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ရန် လေ့လာဖို့ ငှားယူတာဖြစ်သည်။
“အင်း…” စစ်ခုန်းဟွမ်သည် စူးချန်ခုန်းတွင် သူ့ကိုယ်ပိုင် အစီအစဉ်ရှိမှန်း သိသဖြင့် ဝင်မစွက်ဖက်တော့ပေ။
ချင်းယီလက်သီးနည်းပညာလက်စွဲစာအုပ်ကို ကိုင်ဆောင်ကာ စူးချန်ခုန်းသည် စစ်ခုန်းဟွမ်နှင့်အတူ အဆောက်အဦးထဲမှ ထွက်ခွာပြီး “ချင်းယီလက်သီးနည်းပညာ” ကို လေ့လာရန် စိတ်အားထက်သန်စွာဖြင့် ခန်းမကြီးအတွင်းရှိ သူ၏ နေထိုင်ရာ နေရာသို့ ချက်ချင်း ပြန်သွားခဲ့သည်။
"တိရစ္ဆာန်ဆယ့်နှစ်ကောင်ကို အခြေခံ၍ ဖန်တီးထားသော ချင်းယီလက်သီးနည်းပညာသည် ထိုးစစ်နှင့် ခံစစ်ကို ပေါင်းစပ်ထားသော လက်တွေ့ကျသော လက်သီးပညာတစ်ခုသာမက ခက်ခဲနက်နဲသည့် အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပါက လူတစ်ယောက်၏ ကိုယ်ခန္ဓာကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေပြီး အသက်ကိုရှည်စေသော အသွင်ပြောင်းမှုကို ဖြစ်ပေါ်စေသည်။"
ချင်းယီလက်သီးနည်းပညာလက်စွဲစာအုပ်ကို လှန်ကြည့်ရင်း စူးချန်ခုန်းက လုံးဝ ဈာန်ဝင်သွားလေတော့သည်။
ဤချင်းယီလက်သီးနည်းပညာသည် အမှန်တကယ်တွင် ဝူချင်းရှီနှင့် များစွာ တူညီသော်လည်း ၎င်း၏လက္ခဏာများမှာ သိသိသာသာ ကွဲပြားပါသည်။
ဝူချင်းရှီသည် ကျန်းမာရေးအတွက် အဓိကထား လေ့ကျင့်တာဖြစ်ပြီး စိတ်ကိုငြိမ်သက်အေးချမ်းစေကာ ချင်းယီလက်သီးနည်းပညာသည် အဓိကအားဖြင့် တိုက်ပွဲအတွက်ဖြစ်ပြီး စွမ်းအားကို လေ့ကျင့်တာဖြစ်သည်။
ကွဲပြားသော လက္ခဏာများရှိသည့် ပုံစံဆယ့်နှစ်မျိုးတို့သည် ကွဲပြားသော စွမ်းအားများကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ကျားပုံစံသည် အတားအဆီးမရှိ ရက်စက်ရဲရင့်သော စွမ်းအားကို ထုတ်လွှတ်သည်။ ဝက်ဝံပုံစံသည် အားကောင်းပြီး မြေကြီးကိုတုန်ခါစေသည့် စွမ်းအားရှိသည်။
"ဒီချင်းယီလက်သီးနည်းပညာရဲ့လက္ခဏာတွေကို ငါ့ရဲ့ ဝူချင်းရှီမှာ ပေါင်းစပ်လိုက်မယ်ဆိုရင် ငါ့ရဲ့ ဝူချင်းရှီက ကမ္ဘာမြေကြီးကိုတောင် တုန်လှုပ်သွားစေမယ့် အပြောင်းအလဲတွေ ဖြစ်သွားမှာပဲ။"
စူးချန်ခုန်း၏ မျက်လုံးများက အရောင်လဲ့နေလျက်။
သိုင်းပညာအားလုံးသည် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတာဖြစ်သည်။ ဥပမာအားဖြင့် ဝူချင်းရှီကို လူအများက ပြုပြင်မွမ်းမံထားသောကြောင့် ၎င်း၏မူလပုံစံ မဟုတ်တော့ပေ။ ထို့အတူ မူလဒြပ်စင်ငါးခု ချင်းယီလက်သီးမှ သဟဇာတစိတ်လက်သီးခြောက်သွယ်အထိ တိုးတက်လာကာ ပုံစံဆယ့်နှစ်မျိုးပါဝင်အောင် ချင်းယီလက်သီးနည်းပညာကို ချဲ့ထွင်ခဲ့ကြသည်။
သိုင်းပညာသည် မည်သည့်အခါမျှ တည်ငြိမ်ခြင်း သို့မဟုတ် ကန့်သတ်ထားခြင်းမရှိဘဲ စဉ်ဆက်မပြတ် ဆန်းသစ်ပြီး ရင်း ဆန်းသစ်နေသည်။
ယခုလည်း စူးချန်ခုန်းက သူ၏ ဝူချင်းရှီကို နောက်တစ်ဆင့်တက်လှမ်းရန် မွမ်းမံဖို့ စီစဉ်နေသည်။
"စမ်းကြည့်ရအောင်!"
ချင်းယီလက်သီးနည်းပညာ၏ လက်သီးအတွဲများကို မှတ်သားပြီးနောက် စူးချန်ခုန်းသည် ချက်ချင်းပင် သူ၏ လေ့ကျင့်မှုကို စတင်ခဲ့သည်။
"ကျားပုံစံ!"
စူးချန်ခုန်းသည် ရက်စက်ကြမ်းတမ်းသော ကျားတစ်ကောင် ဖြတ်ကျော်ဝင်ရောက်လာသကဲ့သို့ ဒူးလေးထောက်ကာ သူ၏ လက်နည်းပညာကို ခြေလှမ်းများနှင့် ပေါင်းစည်းလိုက်သည်။ လက်သီးထိုးချက်နှင့် လှုပ်ရှားမှုတိုင်းက ပြင်းထန်ပြီး လွှမ်းမိုးမှုရှိသည်။
"ဝက်ဝံပုံစံ!"
အရှိန်အဟုန်ပြောင်းသွားကာ စူးချန်ခုန်း သူ့ခန္ဓာကိုယ်ကို ရပ်လိုက်သည်။ သူ့လက်သီးနှင့် ခြေဖဝါးနှစ်ဖက်စလုံး နှေးကွေးနေသော်လည်း အားကောင်းလာသည်။ အမူအရာတိုင်း ခြေလှမ်းတိုင်းသည် ဝက်ဝံတစ်ကောင် တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာနှင့် အားအပြည့်ဖြင့် မတ်မတ်ရပ်နေသည်နှင့် ဆင်တူသည်။
ဝူချင်းရှီမှ ကျား၊ သမင်၊ ဝက်ဝံ၊ မျောက်နှင့် ငှက်များသည် ချင်းယီလက်သီးပုံစံ ၁၂ မျိုးတွင် သက်ဆိုင်ရာ ပုံစံများကို တွေ့နိုင်သည်။ သတ္တဝါအားလုံးသည် တူညီသော တိရစ္ဆာန်မှ ဆင်းသက်လာသော်လည်း စရိုက်လက္ခဏာများမှာ ကွဲပြားခြားနားပြီး အရာခပ်သိမ်း၏ မူလအစသို့ ပြန်ရောက်သွားသည့်နှယ် ခံစားရစေသည်။
"ဒါဆို... ချင်းယီလက်သီးမှာ ပုံစံက အပေါ်ယံ။ စိတ်စွမ်းအင်က အနှစ်သာရပဲ။ ပုံစံ (ချင်း)က အသွေးအသားဆိုရင် စိတ်စွမ်းအင်(ယီ)က စိတ်ဝိညာဉ်ပဲ!"
စူးချန်ခုန်းသည် စွမ်းရည်တန်ဖိုး ၂၂ မှတ်ရှိပြီး သူ၏ အရည်အချင်းနှင့် ထိုးထွင်းသိမြင်မှုသည် ဉာဏ်ကြီးရှင်များကြားတွင် သေချာပေါက် ပြိုင်ဘက်ကင်းဖြစ်သည်။ သူကချင်းယီလက်သီးနည်းပညာကို အကြာကြီး မလေ့ကျင့်ရဘဲနှင့် နားလည်မှုများကို အဆက်မပြတ် ဖြတ်ကျော်လာခဲ့သည်။
"ချင်းယီလက်သီးနည်းပညာရဲ့ လက္ခဏာတွေကို ဝူချင်းရှီမှာ ပေါင်းစပ်ကြည့်မယ်။"
နောက်ပိုင်းတွင် စူးချန်ခုန်းသည် ဝူချင်းရှီကို ချင်းယီလက်သီးနည်းပညာဖြင့် ရောစပ်ကာ အဆက်မပြတ် နှိုင်းယှဉ် လေ့ကျင့်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေကာ တစ်သားတည်း ပေါင်းစပ်လိုက်သည်။
ခန်းမကြီးထဲမှာ စူးချန်ခုန်းဟာ အံ့သြစရာကောင်းတဲ့ ခံစားမှုမျိုးနဲ့ နှစ်မြုပ်နေခဲ့သည်။ အချိန်အတော်ကြာအောင် သိသိသာသာ မတိုးတက်ခဲ့သော သူ၏ ဝူချင်းရှီသည် ယခုအခါ နတ်ဘုရား ကောင်းချီးပေးခံရသည့်အတိုင်း လှုံ့ဆော်မှုတစ်ခု ရှိနေပုံရသည်။ သဘာဝလွန်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ဝူချင်းရှီသည် ချင်းယီလက်သီးနည်းပညာ၏ အနှစ်သာရနှင့် ပေါင်းစပ်ကာ ကိုယ်ပိုင်ဖြစ်သွားလေပြီ။
ဝူချင်းရှီ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၂၄%)
တစ်ရက်တည်းမှာပင် စူးချန်ခုန်း၏ ဝူချင်းရှီတွင် ကျွမ်းကျင်မှု မြင့်တက်လာခဲ့သည်။
ဤခံစားချက်သည် မိုးခေါင်ရေရှားနေခဲ့သော လယ်ကွင်းပြင်ကြီးက ယခုအခါ မိုးရေများဖြင့် စိုစွတ်သွားသည့်နှယ်။ အပင်များ အညှောက်ပေါက်ကာ သက်ရှိအသစ်များ ပေါက်ဖွားလာသကဲ့သို့ပင်။
"ဘုန်း!"
စွမ်းအင်စုပ်ယူပြီး ကျင့်ကြံနေသည့် အနေအထားတွင် စူးချန်ခုန်း သောက်သုံးထားသည့် သွေးအားကောင်းဆေးများကို ဆက်တိုက် ကြေညက်နေပြီး ချီနှင့် သွေးများ ပေါက်ထွက်ကာ ကြံ့ခိုင်သော စွမ်းအင်များ တဟုန်ထိုး တိုးလာသည်။ ၎င်းတို့က စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးကာ သူ၏ ချီစွမ်းအင်နှင့် သွေးများ တိုးလျက် သူ့ခန္ဓာကိုယ် အသွင်ပြောင်းကာ ပိုမိုမြင့်မားသော နယ်ပယ်သို့ တက်လှမ်းသွားခဲ့သည်။
“ဆိုတော့ ဒါက ဒီလိုပေါ့… ငါ့ရဲ့ ဝူချင်းရှီကို နေ့တိုင်း ဝီရိယထားပြီး လေ့ကျင့်ခဲ့ပေမယ့် အဆင့်၈ကို ရောက်ပြီးနောက်မှာ တိုးတက်မှုက နှေးကွေးလွန်းတယ်။ လေ့ကျင့်မှု ကန့်သတ်ချက်ကြောင့် ငါ့ခန္ဓာကိုယ်က ဒီလိုပုံစံနဲ့ ကျင့်သားရနေခဲ့တာ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သလိုမျိုးပဲ။ အားကစားတစ်မျိုးတည်းကိုပဲ ခဏခဏ လေ့ကျင့်နေရင် စလေ့ကျင့်တုန်းကလို အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် လုံးဝကွဲပြားတဲ့ အားကစားတစ်မျိုးကို ပြောင်းလဲရတယ်!”
ဤဖြစ်စဉ်တွင် စူးချန်ခုန်း၏နားလည်မှု ပိုမိုနက်ရှိုင်းလာခဲ့သည်။
သာမန်လူတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့အခါ လေ့ကျင့်ခန်းတစ်မျိုးတည်းကို မလုပ်ကြပါ။ လေ့ကျင့်ခန်း အမျိုးမျိုးကို ပေါင်းစပ်အသုံးပြုကြသည်။ ၎င်းသည် သူတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ပိုမိုလေ့ကျင့်နိုင်ရုံသာမက ခန္ဓာကိုယ်က လုပ်ဆောင်ချက်တစ်ခုတည်းအတွက် အလွန်တရာ လိုက်လျောညီထွေမဖြစ်စေရန်လည်း ကာကွယ်ပေးသည်။