← Chapters

ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှ ချီသွေးဝံပုလွေမြူနယ်ပယ်သို့ (၄)

Vol. 13 Ch. 186

ကမ္ဘာ့ ပြိုင်ဘက်ကင်း ဝူချင်းရှီ။ ချီသွေးပြောင်းလဲခြင်းအဆင့်လေးမှ ချီသွေးဝံပုလွေမြူနယ်ပယ်သို့ (၄)

Vol. 13 Ch. 186

"အရမ်းကောင်းတယ်…"

ဒီသတင်းကိုကြားတော့ သူ့ဘေးနားက စစ်ခုန်းဝမ်နဲ့ စစ်ခုန်းဟွမ်တို့ နှစ်ယောက်စလုံး သက်ပြင်းရှည်ကြီးချလိုက်ကြသည်။

ဉာဏ်ကြီးရှင်တစ်ဦးနှင့် သာမန်လူတစ်ဦးကြား ခြားနားချက်မှာ တူညီသော အရင်းအမြစ်များနှင့် အခြေအနေများရှိလျှင်ပင် ဉာဏ်ကြီးရှင်က သာမန်လူများ မစွမ်းဆောင်နိုင်သော အရာများကို ရရှိနိုင်သည်။

မကြာခင်မှာပဲ စစ်ခုန်းဝမ်က ဆိုလေ၏။ "မုန့်စန်း လုပ်ရှားတော့မယ်လို့ အဖိုးတို့ ကြားထားတယ်။ သူက မကြာခင် ရက်အနည်းငယ်အတွင်းမှာ ဧရာမဝေလငါးဂိုဏ်းရဲ့ ခန်းမခေါင်းဆောင်အားလုံးကို ခေါ်ပြီး သူ့ကို ဂိုဏ်းခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ဖို့ ဖိတ်ခေါ်ထားတယ်!"

"သိပ်မကြာခင်လား" စူးချန်ခုန်း အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

လွန်ခဲ့သော သုံးလက အဖြစ်အပျက်များတွင် မုန့်စန်း၏ ပါဝင်ပတ်သက်မှုကို လူအများက သံသယဖြစ်ခဲ့ကြပြီး ထိုအရေးကြီးသည့်အချိန်အတွင်းတွင် ပြဿနာရှာမည့်အစား သူခပ်လျှိုလျှိုသာ နေခဲ့သည်။

ယခုဆိုလျှင် သုံးလကျော်သွားပြီဖြစ်၍ ဂိုဏ်းခေါင်းဆောင်ရာထူးကို ရယူရန် အချိန်ကျရောက်လာပြီဟု မုန့်စန်းခံစားရလေသည်။

လာမည့်ရက်အနည်းငယ်တွင် မုန့်စန်းသည် ဂိုဏ်းခေါင်းဆောင်အဖြစ် တာဝန်ယူသည့်အခမ်းအနားကျင်းပပြီး ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အသစ်ဖြစ်လာမည်ဖြစ်သည်။

"မုန့်စန်း၊ ခင်ဗျား တော်တော်လေး အံ့ဩသွားစေရမယ်။ တစ်ခါတည်း စာရင်းရှင်းလိုက်ရအောင်။"

စူးချန်ခုန်းက စိတ်ထဲ ရယ်မောလိုက်သည်။

စူးချန်ခုန်းနဲ့ မုန့်စန်းတို့ကြားက ရန်ငြိုးဟောင်းက အသေအကြေ တိုက်ပွဲတစ်ခုဖြစ်သည်။

အစပိုင်းတွင် စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းတွင်းပဋိပက္ခတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ သူသည် အဂ္ဂိရတ်ပညာရှင် ဖြစ်ချင်ခဲ့ရုံသာ။ အဂ္ဂိရတ်ပညာကို တိတ်တိတ်ဆိတ်ဆိတ်နှင့် လုံ့လစိုက်ထုတ်ကာ သူ၏ ကျင့်ကြံမှုအတွက် ဆေးပြားအချို့ ရလာသည်ကို သဘောကျ‌နေခဲ့သည်။

သို့ပေမယ့် မုန့်စန်းက စစ်ခုန်းကျန့်ကို တိတ်တဆိတ် အန္တရာယ်ပြုလိုတဲ့အခါ သူ့ကို ဓားစာခံအဖြစ် အတင်းအကြပ် အသုံးချခဲ့သည်။ သူ ထိုသို့ မလုပ်လိုသောကြောင့် စူးချန်ခုန်း ထွက်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့သော်လည်း မုန့်စန်းသည် ထိုနေရာတွင် မရပ်တန့်ဘဲ လီလေ့နှင့် ချီချန်းဟုန်တို့ကို သူ့အား လိုက်လံဖမ်းဆီးရန် ဆက်တိုက် စေလွှတ်ခဲ့သည်။

ယခုဆိုလျှင် တစ်နှစ်ခွဲကျော်ကြာပြီးနောက် မုန့်စန်းသည် ထိုလူငယ်လေးကို ရံဖန်ရံခါမျှသာ မှတ်မိနိုင်သော်လည်း စူးချန်ခုန်းကတော့ တစ်ရက်မှ မမေ့ဘဲ လက်စားချေရန် ကြံရွယ်ထားသည်။

စူးချန်ခုန်းသည် မုန့်စန်းကို သတ်ရမည်ဟု သတ်မှတ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခင်က သူ့မှာ ခွန်အားမရှိခဲ့ပေ။ ယခုတော့ အရာများကို အဆုံးသတ်ရန် အချိန်တန်ပြီဟု သူ ခံစားမိသည်။

“စန်းတိ၊ ဒီအချိန်အတွင်းမှာ အဖေ များသောအားဖြင့် လုပ်လေ့ရှိတဲ့ အမူအကျင့်တချို့ကို သင်ပေးမယ်။ မဟုတ်ရင် အဲဒီ့အချိန်မှာ အစ်မတို့ရဲ့ လျှို့ဝှက်ချက် ပေါ်သွားနိုင်တယ်။”

(စန်းတိ=တတိယမောင်လေး၊ ဒီမှာလည်း ဒီလိုပဲသုံးသွားမယ်နော်)

စစ်ခုန်းဟွမ်ဘက်မှ ပြောလာလေ၏။

“ရတာပေါ့။ ကိစ္စမရှိပါဘူး။” စူးချန်ခုန်း သဘောတူလိုက်သည်။ ယခင်က သူ့မှာ စစ်ခုန်းကျန့် အယောင်ဆောင်သည့် အတွေ့အကြုံရှိခဲ့ပြီးဖြစ်ရာ ယခုတစ်ကြိမ်တွင် စစ်ခုန်းယုံ ဇာတ်ရုပ်ကို သူ တာဝန်ယူရာတွင် ယုံကြည်မှုရှိသည်။

“အစ်မရဲ့အဖေက သဘောထားကြီးပြီး အသေးစိတ်အချက်အလက်တွေကို ဂရုမစိုက်တတ်ဘူး…” ထို့နောက် စစ်ခုန်းဟွမ်သည် စူးချန်ခုန်းအား စစ်ခုန်းကျန့်၏ သီးသန့်အပြုအမူများနှင့် အလေ့အထအချို့ကို စူးချန်ခုန်း မှတ်သားထားလိုက်သည်။

"ယုံအာက ကြမ်းတမ်းပုံပေါ်ပေမယ့် သူက သူ့နည်းသူ့ဟန်နဲ့ သူ့မိသားစုနဲ့ အရမ်းနူးညံ့တယ်" ဟု စစ်ခုန်းဝမ်က ရံဖန်ရံခါ ဝင်ပြောပြီး စူးချန်ခုန်း အနည်းငယ် ပြောစရာစကားမဲ့သွားလေ၏။ စစ်ခုန်းဟွမ်နှင့် စစ်ခုန်းဝမ်တို့၏အမြင်တွင် စစ်ခုန်းယုံသည် ပြီးပြည့်စုံလွန်းသည်။ ဒါဟာ 'အလှတရားဟာ ချစ်သောသူ၏ မျက်လုံးထဲ၌သာ ရှိသည်' ဟူသော ဆိုရိုးအတိုင်းသာ။

စူးချန်ခုန်း ဧရာမဝေလငါးဂိုဏ်းမှ အခြားသူများထံမှ သိခဲ့သည့်အကြောင်းအရ စစ်ခုန်းယုံသည် အမှန်တကယ်ပင် ဉာဏ်ပညာနှင့် သတ္တိရှိသူတစ်ဦးဖြစ်ပြီး စွမ်းအားကြီးသည့် သိုင်းပညာရှင်တစ်ဦးအဖြစ် တောနက်စီရင်စုတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့ပေမယ့် သူက တခြားသူတွေရဲ့ သဘောထားကွဲလွဲမှုကို သည်းမခံနိုင်တဲ့ ဩဇာလွှမ်းမိုးတဲ့ လူလည်း ဖြစ်သည်။ သူ့လုပ်ရပ်တွေက အမြဲတမ်း ပြင်းထန်ပြီး စကားလုံးတွေ မလုံလောက်ရင် လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။ ပါးစပ်ထက် လက်သီးက ပိုပြင်းထန်သည်။

စူးချန်ခုန်းက ဒီအခွင့်အရေးကို သူကိုယ်တိုင် ဆုပ်ကိုင်ထားရပေမည်။

အချိန်တွေကုန်လွန်သွားပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ငါးရက်တာ ကုန်ဆုံးသွားခဲ့သည်။ ဒါပေမယ့် ဒီနေ့ဟာ ဧရာမဝေလငါးဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် နေ့တစ်နေ့ဖြစ်သည်။

“ဒေါင် ဒေါင်!”

ဧရာမဝေလငါးဂိုဏ်းတွင် နံနက်စောစော၌ ခေါင်းလောင်းသံများ ပဲ့တင်ထပ်နေ၏။

"ဒီနေ့... ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းနဲ့ ခန်းမခေါင်းဆောင်လေးယောက်တို့က ကျူးယိခန်းမမှာ ဂိုဏ်းခေါင်းဆောင် အသစ် ရွေးချယ်မယ့်နေ့ပဲ"

"ဟမ်း ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံက အခုအချိန်အထိ ထွက်မလာသေးဘူး။ ကောလဟာလတွေ မှန်နေတဲ့ပုံပဲ။... သူ တကယ် ခရီးထွက်သွားပြီပဲ။"

ဧရာမဝေလငါးဂိုဏ်းမှ တပည့်များအားလုံး စောစောထကာ ကျွီယိခန်းမဆီသို့ ဦးတည်သွားရင်း ယနေ့သည် အလွန်တရာ အရေးကြီးသောနေ့တစ်နေ့ဖြစ်သည်ကို သိထားကြသည်။

လွန်ခဲ့သည့်ရက်များက ဂိုဏ်းခေါင်းဆောင်အသစ်ကို မှန်းထားသည့်အတိုင်း ရွေးချယ်သွားမည်ဟု ဂိုဏ်းအတွင်း ပျံ့နှံ့နေသည်။ စစ်ခုန်းယုံက ရာထူးက ဆင်းမပေးသေးဘဲနှင့် ဂိုဏ်းခေါင်းဆောင်အသစ်ကို ရွေးချယ်ဖို့ ဘာကြောင့် အလျင်စလိုဖြစ်နေကြသနည်း။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စစ်ခုန်းမိသားစုသည် ထိုကိစ္စအတွက် နှုတ်ဆိတ်နေခဲ့ပြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အရိပ်အမြွက်မျှပင် မရှိပေ။

"ဂိုဏ်းခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်က မိုးပြာပင်လယ်မှာ အန္တရာယ်နဲ့တွေ့ခဲ့ရပြီး ဂိုဏ်းခေါင်းဆောင်စစ်ခုန်းယုံက တုံ့ပြန်မှုလုံးဝမရှိခဲ့ဘူး။ အခုဂိုဏ်းခေါင်းဆောင်အသစ်တစ်ယောက် အရွေးခံရတော့မှာကိုလည်း ဘာမှတုံ့ပြန်မှုမရှိသေးဘူး... ကောလဟာလတွေမှန်တဲ့ပုံပဲ။ ဂိုဏ်းခေါင်းဆောင်မှာ ပြဿနာတက်နေပြီ!"

ဧရာမဝေလငါးဂိုဏ်းတစ်ခုလုံး ရင်မလေးဘဲ မနေနိုင်ခဲ့။

စစ်ခုန်းယုံ၏ တံခါးပိတ်ကျင့်ကြံခြင်းကြောင် လောကီရေးရာများနှင့် ဝေးကွာနေပြီး ကောလာဟလအချို့ ထွက်ပေါ်နေကာ မကြာသေးမီလများအတွင်း ထိုကောလဟာလတို့က ပိုမိုပြင်းထန်လာခဲ့သည်။

စစ်ခုန်းကျန့်သည် မိုးပြာပင်လယ်တွင် ပျောက်ဆုံးသွားခဲ့ပြီး စစ်ခုန်းယုံက ထိုကိစ္စကို တုန့်ပြန်မှု မပြခဲ့သည့်အချက်မှာ သာမန်ထက်ကျော်လွန်နေပြီဖြစ်သည်။ မည်မျှပင် တံခါးပိတ်ကျင့်ကြံနေပါစေ ကိုယ်ချစ်ရတဲ့ ကိုယ့်သားရဲ့ ကံကြမ္မာကို လျစ်လျူရှုထားမည် မဟုတ်ပါ။

လူတိုင်းက ငတုံးငအတွေမဟုတ်။ စစ်ခုန်းယုံ တစ်ခုခုဖြစ်သွားပြီဆိုတာ လူတိုင်းသိကြသည်။ အထိတ်တလန့်ဖြစ်စေခြင်းကို တားဆီးရန်နှင့် အမှန်တရားကို ဖုံးကွယ်ရန် စစ်ခုန်းမိသားစုမှ စစ်ခုန်းယုံ တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းလွင့်ထားတာဖြစ်မည်။

ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်သစ် ရွေးချယ်ခြင်းသည် ရှောင်လွှဲ၍မရသောပုံပေါက်သည်။

ကျွီယိခန်းမအပြင်ဘက်မှာ မနက်အစောကြီးကတည်းက လူအုပ်ကြီးက ဝိုင်းဖွဲ့နေလေပြီ။ ဧရာမဝေလငါးဂိုဏ်းသားအများစုသည် ကျွီယိခန်းမတွင် ဂိုဏ်းခေါင်းဆောင်ရွေးကောက်ပွဲအတွက် ဝင်ရောက်ရန် အရည်အချင်းမရှိသော်လည်း သတင်းကို ကိုယ်တိုင်သိရရန် စိတ်အားထက်သန်စွာ အပြင်တွင် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

"မီးဝေလငါး ခန်းမခေါင်းဆောင် ကျောက်ထျန်းဟောက် ရောက်လာပြီ။"

လူအုပ်ကြီးသည် မီးတောက်နီနီဆံပင်နှင့် ဗလတောင့်တောင့် လူကြီးတစ်ယောက်က အခြွေအရံများဖြင့် ရှေ့သို့ လျှောက်လာကာ သောအခါ လမ်းဖယ်ပေးလိုက်ကြသည်။ သူသည် ဧရာမဝေလငါးဂိုဏ်း၏ ခန်းမခေါင်းဆောင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော မီးဝေလငါး ခန်းမခေါင်းဆောင်ပင်။

"လေဝေလငါး ခန်းမခေါင်းဆောင် ကျောက်လင်းဖုန်း ရောက်လာပြီ!"

သူ့နောက်တွင် လေဝေလငါးခန်းမ၏ ခေါင်းဆောင် တစ်ဦးလိုက်လာလေ၏။

ဂိုဏ်းခေါင်းဆောင် အသစ်ရွေးပွဲသည် သေချာပေါက် အရေးကြီးသော အခမ်းအနားတစ်ခုဖြစ်ပြီး ခန်းမခေါင်းဆောင် လေးယောက်နှင့်အတူ ဒုခန်းမခေါင်းဆောင်တို့သည်လည်း သူတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသနိုင်ဖို့ တက်ရောက်ရန် အရေးကြီးပါသည်။

လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး စတဲ့ ခန်းမခေါင်းဆောင် လေးဦးစလုံး တက်ရောက်ကြပြီး ဒုခန်းမခေါင်းဆောင်အဖွဲ့နှင့်အတူ ကျွီယိခန်းမ ထဲကို ဝင်သွားကြသည်။

"ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်း ရောက်လာပြီ။"

လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှု လှိုင်းလုံးများကြားတွင် မုန့်စန်းလည်း ရှိနေလေ၏။

မုန့်စန်းသည် ပိန်ပိန်ပါးပါးနှင့် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ရာထူးကြီးမြင့်သော သူတစ်ယောက်၏ ဩဇာအာဏာများ ထုတ်လွှင့်လျက် လူအများက သူနှင့် မျက်နှာချင်းပင် မဆုံရဲလောက်အောင် ဖြစ်စေသည်။

All Chapters