← Chapters

ဝေလငါးဘုရင်။ တုနှိုင်းမရသော နတ်ဘုရားရဲစွမ်းသတ္တိ။ (၂)

Vol. 13 Ch. 190

ဝေလငါးဘုရင်။ တုနှိုင်းမရသော နတ်ဘုရားရဲစွမ်းသတ္တိ။ (၂)

Vol. 13 Ch. 190

စူးချန်ခုန်း၏အသံသည် ပြင်းထန်သော မုန်တိုင်းတစ်ခုနှယ် ခန်းမအတွင်းလေထုကို အလွန်တင်းမာစေသည်။

လွန်ခဲ့သော သုံးလခန့်က မိုးပြာပင်လယ်မှ အဖြစ်အပျက်များကို လူအများ သိပြီးသားဖြစ်သည်။

ခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်သည် ပင်လယ်ဓားပြများကို နှိမ်နင်းရန် ထွက်သွားခဲ့ပြီး အရာအားလုံး ချောမွေ့သွားသော်လည်း ပင်လယ်ဓားပြအုပ်စုကြီး သုံးခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဧရာမဝေလငါးဂိုဏ်း စစ်သင်္ဘောငါးစင်းတွင် နှစ်စင်း ပျက်စီးသွားခဲ့သည်။ စစ်ခုန်းကျန့်အပါအဝင် ဧရာမဝေလငါးဂိုဏ်း၏ တပည့်တစ်ထောင်နီးပါးသည် မကြုံစဖူး ပြင်းထန်စွာ ဆုံးရှုံးရပြီး ဘယ်တော့မှ ပြန်မလာခဲ့ပါ။

ဤရလဒ်ကို ဖြစ်ပေါ်စေတာက စစ်ခုန်းကျန့်၏ မဆင်မခြင် လောဘကြောင့်ဟု လူအများစုက ထင်ခဲ့ကြသော်လည်း လူအနည်းစုက မုန့်စန်းကို သံသယရှိကြသည်။

"မုန့်စန်းက...တကယ်ကို လွန်သွားပြီ။

"ဟုတ်တယ်။ ဂိုဏ်းအတွင်း အာဏာရဖို့ ရုန်းကန်တာက ကိစ္စတစ်ခု။ ဒါပေမယ့် ပြင်ပရန်သူတွေနဲ့ ပူးပေါင်းတာဟာ ခွင့်မလွှတ်နိုင်စရာပဲ။ အကြိမ်တစ်ထောင် ဓားနဲ့မွှမ်းရင်တောင် မလုံလောက်သေးဘူး။"

ခန်းမအတွင်း ဧရာမဝေလငါးဂိုဏ်းမှ အကြီးတန်းအဖွဲ့ဝင်များ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

မူလက မုန့်စန်းကို ဂိုဏ်းခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းသည် ပိုမိုကောင်းမွန်သော ကိုယ်စားလှယ်လောင်းများ မရှိခြင်းကြောင့်ဖြစ်သည်။ ဂိုဏ်းအတွင်းနှင့် အပြင်မှ မတည်ငြိမ်မှုများကို ဖြေရှင်းရန် ခေါင်းဆောင်အသစ်တစ်ဦးကို အမြန်ရွေးချယ်ရန် လူတိုင်းက တွေးခဲ့ကြသည်။

သို့သော် ယခုတွင် 'စစ်ခုန်းယုံ' သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာပြီး အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ မူလက မုန့်စန်း၏ ရာထူးဆက်ခံခြင်းအခမ်းအနားသည် သူ၏တရားခွင်အတွက် နေရာဖြစ်လာခဲ့သည်။

လက်ရှိအခြေနေကိုမြင်တော့ စစ်ခုန်းဝမ်သည် မုန့်စန်းကို ဖြုတ်ချရန် ဧရာမဝေလငါးဂိုဏ်းကို အမိန့်ပေးရမည့်အချိန် ရောက်ပြီဖြစ်သဖြင့် ရင်ထဲမှာ ဝမ်းသာပီတိဖြစ်နေ၏။ သို့သော် စစ်ခုန်းယုံ၏ စိတ်နေစိတ်ထားကြောင့် စစ်ခုန်းယုံကိုယ်တိုင်မှ ထွက်ပေါ်လာသော စကားများကြောင့် လူကိုယ်တိုင် လုပ်ဆောင်နိုင်ဖွယ်ရှိသော်လည်း ထိုကိစ္စကြောင့် ဖော်ထုတ်ခံရနိုင်သည်။ ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ဟောင်းက ဤအရာကို ပြောခြင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်သည်။

ချက်ချင်းပင် စစ်ခုန်းဝမ်က အော်ပြောလိုက်သည်။ "ကျောက်ထျန်းဟောက်၊ ကုန်းအန်း၊ မင်းတို့ဘာတွေ ချီတုံချတုံဖြစ်နေတာလဲ။ ကိုယ့်ဂိုဏ်းကိုယ် အန္တရာယ်ပြုတဲ့ သစ္စာဖောက်ကို ဖမ်းပြီး ကိုယ့်အပြစ်ကို ပြန်ဆပ်ကြလေ။။"

“ဟုတ်ကဲ့!” ကျောက်ထျန်းဟောက်၊ ကုန်းအန်းနှင့် အခြား ခန်းမခေါင်းဆောင် လေးယောက်စလုံး အံ့အားသင့်သွားကြသည်။ ၎င်းတို့သည် မုန့်စန်းအား ဂိုဏ်းခေါင်းဆောင်အဖြစ် ထောက်ခံခဲ့ပြီး စစ်ခုန်းယုံကို သံသယမရှိဘဲ အခွင့်အာဏာပေးခဲ့သည်။ သို့ပေမယ့် ဒီကိစ္စကို လိုက်ဖို့ သူ့မှာ ရည်ရွယ်ချက်တော့မရှိပေ။ တရားခံ မုန့်စန်းကို ဖြုတ်ချနိုင်သမျှ ကာလပတ်လုံး သူတို့ရဲ့ အမှားတွေအတွက် ဖြေဖျောက်ပြီး အတိတ်က အမှားတွေကို ပြန်ဆပ်နိုင်မှာပင်။‌

"မုန့်စန်း၊ ခက်ခဲအောင် မလုပ်ပါနဲ့။ မခုခံဘဲ အရှုံးပေးလိုက်ပါ။"

ခန်းမခေါင်းဆောင် လေးယောက်စလုံး တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ အကြည့်များက မုန့်စန်းဆီကို စုဝေးနေလျက်။

ခန်းမခေါင်းဆောင် လေးယောက်မှ တစ်ယောက်စီသည် ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်းတိုက်ခိုက်ရေးသမားများထဲတွင် ပါဝင်ပါသည်။ မုန့်စန်းက သူတို့ထဲက တစ်ယောက်ကို ဆန့်ကျင်ဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်ခဲ့တယ်။ သို့သော် လေးယောက်လုံးကို ဆန့်ကျင်ရပါက သူ့မှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိတော့ပေ။

တကယ်တော့ မုန့်စန်းက သာမန်လူမဟုတ်ပေ။ ခန်းမခေါင်းဆောင် လေးယောက်၏ ရန်လိုသောအကြည့်များကို ရင်ဆိုင်ရင်း ယခင်က အထိတ်တလန့်ဖြစ်ကာ ချွေးတသီးသီးကျနေခဲ့သော်လည်း ပြန်လည်စိတ်တည်ငြိမ်လာခဲ့သည်။ သူ့ဦးနှောက်က အရူးအမူးအလုပ်လုပ်နေပြီး အော်ပြောလိုက်သည်။ "ခဏနေဦး!"

ဧရာမဝေလငါးဂိုဏ်းမှ ကျွမ်းကျင်သူများ၏ အကြည့်များက မုန့်စန်းထံ ရောက်ရှိလာပြီး သူ့ကို ဝိုင်းထားလုနီးပါးပင်။ ကျွမ်းကျင်သူများစွာ ပေါင်းစည်းထားသောကြောင့် မုန့်စန်း ခုခံနိုင်စွမ်းမရှိသလောက်ပင်။

"မင်းက လုံးဝဂိုဏ်းခေါင်းဆောင်မဟုတ်ဘူး!

စစ်ခုန်း မိသားစုထဲက အယောင်ဆောင်တစ်ယောက်ပဲ။"

မုန့်စန်းသည် စူးချန်ခုန်းကို အပြင်းအထန် စိုက်ကြည့်ရင်း အံကြိတ်နေသော်လည်း သူ့စွပ်စွဲချက်ကို သေချာပုံရသည်။

ဤစွပ်စွဲချက်ကြောင့် စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့ ရင်ထိတ်သွားလေ၏။

ဧရာမဝေလငါးဂိုဏ်းမှ အခြားသော ကျွမ်းကျင်သူများ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသည်။ အမှန်မှာ သူတို့အားလုံးသည် သံသယစိတ်များကို ဖုံးကွယ်ထားကြသည်။ စစ်ခုန်းယုံသည် စောလွန်းသည်မဟုတ် နောက်ကျလွန်းသည်သည် မဟုတ်ဘဲ အရေးကြီးသော အခိုက်အတန့်တွင် အတိအကျမှ ထွက်လာသော်လည်း သူကတကယ် စစ်ခုန်းယုံမဟုတ်တာ ဖြစ်နိုင်သလား။

သို့သော် စူးချန်ခုန်း၏ အယောင်ဆောင်မှုသည် ယုံကြည်ချက်အပြည့်ရှိပြီး အစွမ်းထက်သော ရောင်ဝါနှင့် ယုံကြည်မှုအပြည့်ရှိသည်။ သူ့ကိုဘယ်သူကမှ ပထမဆုံး စိန်မခေါ်ရဲကြ။ သို့သော် စိတ်ပျက်အားငယ်စွာဖြင့် မုန့်စန်းသည် ချက်ချင်း သံသယဝင်လာ၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ရှိအခြေအနေသည် ပိုဆိုးနိုင်ချေ မရှိတော့ပေ။ အရာအားလုံးကို အရဲစွန့်ရမည်။

“မကောင်းတော့ဘူး…” စစ်ခုန်းဝမ်သည် ပြဿနာတက်ပြီဟု တိတ်တဆိတ် ခံစားမိသည်။ မုန့်စန်း စိန်ခေါ်လိုက်တာက အခြားသူများ၏ စိတ်ထဲမှာ ရှိနေပြီးသားဖြစ်သော သံသယနှင့် စိုးရိမ်မှုကို ပိုတိုးစေ၏။

အမှန်မှာ စစ်ခုန်းမိသားစုသည် မုန့်စန်း၏စိန်ခေါ်မှုကို တုံ့ပြန်ရန် စစ်ခုန်းယုံအယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကို ငှားထားတာ အမှန်ဖြစ်နိုင်သည်။ အစီအစဥ်သည် စိတ်မချရသော ပုံပေါက်သော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

အနည်းဆုံးတော့ မုန့်စန်းက စစ်ခုန်းယုံရဲ့ အခွင့်အာဏာကို ကြောက်သော်လည်း သူ့သရုပ်မှန်ကို မေးခွန်းထုတ်ရဲတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေပါပြီ။

စူးချန်ခုန်း၏ မျက်နှာသည် အမူအရာမဲ့နေလျက်။ စစ်ခုန်းဝမ်က ဒေါသတကြီး စိုက်ကြည့်ရင်း "မုန့်စန်း၊ မင်းရူးသွားပြီလား။ ဘာလို့ ဒီလို ပေါက်ကရတွေ ဆက်လုပ်နေတာလဲ။"

မုန့်စန်းသည် စစ်ခုန်းဝမ်ကို လျစ်လျူရှုပြီး စူးချန်ခုန်းကို စိုက်ကြည့်လိုက်သည်။ "တကယ်လို့ မင်းသာ ဂိုဏ်းခေါင်းဆောင်သာဆိုရင် ငါ့ကို ဒုဂိုဏ်းခေါင်းဆောင်အဖြစ် မခန့်အပ်ခင် မင်းပြောခဲ့တာကို မှတ်မိသေးလား။"

"ဘယ်သူက သိမှာလဲ!"

စူးချန်ခုန်းစိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ သူသည် စစ်ခုန်းယုံအကြောင်း စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့ထံမှ အချက်အလက်များစွာကို ရရှိခဲ့သော်လည်း တိကျသော အချိန်တစ်ခုတွင် လူတစ်ဦးအား ပြောခဲ့သည့်အရာနှင့်ပတ်သက်၍ နတ်ဘုရားပင် မသိနိုင်ပေ။

သို့တိုင် စူးချန်ခုန်းသည် ထုတ်မပြောပေ။ သူသည် ဝေလငါးရိုးထိုင်ခုံပေါ်တွင် ထိုင်ပြီး လူရွှင်တော်ဖျော်ဖြေမှုကို ကြည့်နေရသကဲ့သို့ သူ့မျက်လုံးများထဲတွင် မုန့်စန်းအား အထင်အမြင်သေးသည့် အရိပ်အမြွက်ဖြင့် ငုံ့ကြည့်နေသည်။

သူ့ရှေ့မှ ထောင်လွှားနေသော အသွင်ကို စိုက်ကြည့်ရင်း မုန့်စန်းက အံတကြိတ်ကြိတ်နှင့်။ သူက ဖျစ်ညစ်ပြောလိုက်သည်။ “ဂိုဏ်းခေါင်းဆောင်က ကျွန်တော့်ကို ဒုဂိုဏ်းခေါင်းဆောင်အဖြစ် မခန့်အပ်ခင်မှာ ကျွန်တော်သာ ဧရာမဝေလငါးဂိုဏ်းကို သစ္စာဖောက်ခဲ့မယ်ဆိုရင် သူက ကျွန်တော့်ကို သုတ်သင်ပစ်မယ်လို့ သတိပေးခဲ့တယ်”

သူ၏စကားများက လွှမ်းမိုးမှုရှိရာ လူတိုင်းက စိတ်ထဲတွင် ထောက်ခံလိုက်သည်။ ဒါက တကယ်ပဲ စစ်ခုန်းယုံတစ်ယောက် ပြောမည့် စကားဖြစ်သည်။

ထို့နောက် မုန့်စန်းက အားကုန် အော်ဟစ်လိုက်တယ် "မင်းသာ တကယ်ဂိုဏ်းခေါင်းဆောင်ဖြစ်ရင် တခြားသူတွေကို ဘာလို့ လုပ်ပိုင်ခွင့်ပေးနေတာလဲ။ ငါဒီမှာရပ်နေတယ်လေ။ မင်းပြောတဲ့အတိုင်း တကယ်ဟုတ်မဟုတ် ကြည့်ရအောင်!"

"ဒီ မုန့်စန်းက အခုအချိန်မှာ ဆုံးရှုံးစရာ မရှိတော့ဘူး... သူက စန်းတိကို ချက်ချင်း စိန်ခေါ်နေပြီ!" စစ်ခုန်းဟွမ်က စိုးရိမ်တကြီး တွေးနေမိသည်။

လက်ရှိအခြေအနေတွင် မုန့်စန်းသည် အသက်ရှင်ရန်အတွက် တိုက်ပွဲဝင်ရန်မှလွဲ၍ အခြားလမ်းမရှိဘဲ ချောင်ပိတ်ခံထားရပြီး သူတို့ရှေ့မှ 'စစ်ခုန်းယုံ' ၏ စစ်မှန်မှုကို စိန်ခေါ်နေသည်။ အကယ်၍ သူသာ အစစ်အမှန်ဆိုလျှင် အခြားခန်းမခေါင်းဆောင်များက သူ့ကို ဆန့်ကျင်လျှင် ရလဒ်နှင့် မတူဘဲ နေရာ၌ပင် အသတ်ခံရမည်ဖြစ်သည်။ လောင်းကြေးထပ်ရတာ တန်ပါသည်။

ဒီစစ်ခုန်းယုံက စစ်ခုန်းမိသားစုက အလျင်စလိုနဲ့ ကြံမိကြံရာကြံထားတဲ့ အတုအယောင်သာဖြစ်ရင်... မုန့်စန်းက အနိုင်ရဖို့ အခွင့်အရေးရမည်ပင်!

All Chapters